အနုပညာနဲ့ နိုင်ငံရေး

 623

အိဖြူ (NP News) - စက်တင်ဘာ ၁

The Statesman Journal ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “နိုင်ငံရေးကြား အနုပညာ သမားများခြေရှုပ်မှု၊ One Lady ရှိုးပွဲကျင်းပမယ့် အဆိုတော် ပိုပို” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေး သွားပါမယ်။

အနုပညာနဲ့ နိုင်ငံရေး
ရုပ်ရှင်သရုပ်ဆောင်တွေ၊ အွန်လိုင်းဆယ်လီတွေရဲ့ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံမှု သတင်းက ဩဂုတ်လအတွင်း လူစိတ်ဝင်စားမှုအများဆုံးသတင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲတိုင်းမှာ အနုပညာ သမားတွေရဲ့ပါဝင်ခြေရှုပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေက ကြီးထွားလွန်းခဲ့ပါတယ်။ ဥပမာ (၂၀၂၁) ခုနှစ် နိုင်ငံ ရေးဖြစ်စဉ်အတွင်း လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာဝိုင်း၊ ဖိုးချစ်၊ လင်းလင်း၊ ချစ်သုဝေ၊ သက်မွန်မြင့်၊ ဖွေးဖွေး၊ မင်းမော်ကွန်း၊ ဇင်ဝိုင်း၊ ကျားပေါက်စတဲ့ နာမည်ကြီးအနုပညာရှင်တွေနဲ့ ပါတီစွဲနိုင်ငံရေး အစွန်းရောက်သူတို့ ပူးပေါင်းလှုံ့ဆော်မှုကြောင့် လူထု ဆူပူအုံကြွမှု၊ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုတွန်းပို့မှု စတဲ့လုပ်ရပ်တွေကိုကြည့်ခြင်းအားဖြင့် သာဓကတွေ လုံလောက်နေပြီဖြစ်ပါတယ်။ နိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကို ဒီဇင်ဘာလ (၂၈)ရက်မှာ လုပ်ဆောင်သွားမှာဖြစ်ကြောင်းကို တရားဝင် ကြေညာ ခဲ့ပြီးဖြစ်ပါတယ်။
ရွေးကောက်ပွဲကြေညာရက် အတိအကျထွက်ရှိပြီးတာနဲ့တစ်ပြိုင်နက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီက ဇူလိုင်လ (၃၁)ရက်နဲ့ ဩဂုတ်လ (၁၆) ရက်တို့မှာ အနုပညာရပ်ဝန်းက ရုပ်ရှင်သရုပ်ဆောင် နေအောင်၊ ရန်အောင်၊ ငှက်ပျောကြော်၊ မင်းအုပ်စိုး၊ စိုးမြတ်သူဇာ အပါအဝင် ရုပ်ရှင်သရုပ်ဆောင်တချို့၊ ဟာသပညာရှင် တချို့၊ ဒါရိုက်တာတချို့နဲ့တွေ့ဆုံခဲ့တဲ့ ဓါတ်ပုံသတင်းတွေထုတ်ပြန်ခဲ့ပြီး နောက် အစွန်းရောက်သူ လူတစ်စုရဲ့စွပ်စွဲ ဝေဖန်မှုက မြင့်မားခဲ့ပါတယ်။

အလားတူ လိင်ပိုင်းဆိုင်ရာအသိပညာပေးတင်ဆက်သူ VV Chen ကလည်း ‘ရွှေမော်ဓောမှာ နားထွင်းမယ်’ အဆိုအမိန့်အပါအဝင် ‘ခေါင်းဆောင်ဆိုတာ ကိုယ်တွေကရွေးချယ်ရတာဖြစ်တယ်။‌ ခေါင်းဆောင်က ကိုယ်တွေကို ရွေးချယ်ရမှာမဟုတ်’ ဆိုတဲ့ စာသားနဲ့အတူ ပဲခူးတိုင်းရှိ ပြည်သူ့ပါတီရုံးဖွင့်ပွဲအခမ်းအနားပုံရိပ်တွေကိုမျှဝေရင်း ပါတီအဖွဲ့ ဝင်တစ်ဦးဖြစ်ကြောင်း တရားဝင်အသိပေးခဲ့ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် နေလင်းရှိန်ကလည်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ပါတီကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အနုပညာသမားတွေ နိုင်ငံရေးထဲ ထပ်မံပါဝင်လာတာကိုမနှစ်မြို့သူ များပြားခဲ့ပြီး “ဖက်ခွက်စား အနုပညာသမားတွေ နိုင်ငံရေးထဲခြေရှုပ်ကြပြန်ပြီ” စတဲ့ပြောဆိုမှုတွေကို သတိပြုမိခဲ့ပါတယ်။ နေလင်းရှိန် အနေနဲ့ ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရတာနဲ့ နိုင်ငံရေးခံယူချက်၊ ပါတီအပေါ်အမြင်တွေကို ဩဂုတ်လ (၃၀)ရက်အထိ တရားဝင်မကြားသိရသေးပါ။ ဒါပေမဲ့ ၎င်းရဲ့မိသားစုအသိုင်းအဝိုင်းက တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် တွေနဲ့ဆွေမျိုးနီးစပ်သူတွေဖြစ်တယ်လို့လည်း သိရှိရပါတယ်။ PP ပါတီ အဖွဲ့ဝင်ဖြစ်သူ VV Chen က (၂၀၂၀) ပြည့်နှစ် အောက်တိုဘာလကစတင်ကာ လိင်ပိုင်းဆိုင်ရာ အသိပညာပေးတင်ဆက်မှု ဘလော့ဂါတစ် ဦးအနေနဲ့လုပ်ဆောင်ခဲ့ပြီး ဘလော့ဂါတစ်ဦးအဖြစ်မရပ်တည်ခင် ရန်ကုန်မြို့ တရုတ်တန်းမှာ တရုတ်စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးအဖြစ် လုပ်ကိုင်‌ ဆောင်ရွက်ခဲ့သူပါ။ Single Mom တစ်ဦးဖြစ်ပြီး သားတစ်ဦး ပိုင်ဆိုင်ထားကာ ဖို/မဆက်ဆံရေး အသိပညာပေးတင် ဆက်သူတစ်ဦးအဖြစ် လူသိများလာပြီးနောက် (၂၀၂၄) ခုနှစ်မှာ ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးတဲ့ ဖုန်းရွှေဇာတ်ကားမှာ သရုပ်ဆောင်တစ်ဦးအဖြစ် ဝင်ရောက်နေရာယူခဲ့ပါတယ်။ “ပါတီတွေကိုလေ့လာတဲ့အချိန် နိုင်ငံရေး Background ခိုင်မာတဲ့ခေါင်းဆောင်ဦးဆောင်တဲ့ပါတီကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကျွန်မမှာလည်း ကိုယ်ပိုင်အယူအဆရှိပါတယ်။ ပါတီတွေကိုလေ့လာတဲ့အခါ (၈၈)မျိုးဆက်တွေဦးဆောင်တဲ့ ပြည်သူ့ပါတီရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့်နိုင်ငံ ရေးလမ်း စဉ်နဲ့ ရည်ရွယ်ချက်‌တွေက ကျွန်မနဲ့ထပ်တူကျတဲ့အတွက် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်”လို့ ထုတ်ဖော်ပြောဆိုထား ပါတယ်။

“ Chen က အမျိုးသမီးငယ်တစ်ဦးလည်းဖြစ်သလို လိင်ပိုင်းဆိုင်ရာအသိပညာပေးသူတစ်ဦးဖြစ်တာကြောင့် လူအများရဲ့မထီမဲ့မြင်ပြောဆိုမှုကိုခံနေရတဲ့ အဆိုးရွားဆုံးမှတ်ချက်စကားမှာ “ဗိုလ်ချုပ်ပြောတဲ့ -ာနိုင်ငံ” ဖြစ်တော့မယ်ဆို တဲ့စကားတွေ ပြည့်နှက်လို့နေခဲ့ပါတယ်။ ဒါ့ပြင် “ဗမာစကားကို ကောင်းမွန်ဖြောင့်ဖြူးစွာမပြောဆိုနိုင်တဲ့ တရုတ်အနွယ် ဝင်တစ်ဦးဖြစ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် သရုပ်ဟန် တုပထားခြင်း”စတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေခံနေရပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ VV Chen ကတော့ “ပြည်သူ့ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး”အဖြစ် ဆောင်ရွက်သွားဖို့ရည်ရွယ်ထားကြောင်း တရားဝင် အသိပေးထားပါတယ်။
၎င်းက “ကျွန်မကို နိုင်ငံရေးလုပ်လို့ ဆဲဆိုချင်တယ်၊ တိုက်ခိုက်ချင်တယ်ဆိုရင် နိုင်ငံရေးလုပ်လို့ဆိုတဲ့ခေါင်းစဉ်နဲ့ ဒဲ့ဆဲ ဒဲ့တိုက်ခိုက်လို့ရပါတယ်။ ကျွန်မအရင်က ရပ်တည်ခဲ့လုပ်ခဲ့တဲ့ကိစ္စကိုအသုံးချပြီး ဆဲဆိုဖို့ တိုက်ခိုက်ဖို့ ဘာ အကြောင်းမှမရှိပါဘူး။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့သဘောထားမတူမှု၊ ခံယူချက်ကွဲလွဲမှု၊ ရပ်တည်ချက်ကွဲပြားမှုကို လက်ခံနား လည်တတ်တဲ့အဆင့်အတန်းရှိတဲ့ ပညာတတ်တဲ့ အခြေခံအသိတရားရှိတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ဖို့မျှော် လင့်ပါတယ်”လို့ တုံ့ပြန်ထားပါတယ်။
လက်ရှိမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မင်းအုပ်စိုး၊ ပြည်သူ့ပါတီက VV Chen ၊ ပြည်သူ့ရှေ့ဆောင်ပါတီက နေလင်းရှိန်ကိုအသုံးပြုထားကြောင်း အများပြည်သူက ကနဦးမှတ်ယူထားကြပြီဖြစ်ပါတယ်။ တည်ဆဲအစိုးရရဲ့ရည်မှန်းချက်ဖြစ်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုအားလုံး ပါဝင်လာနိုင်စေဖို့နဲ့ အောင်မြင်စွာဖြစ်မြောက်ရေးအတွက် နာမည်ကြီးအနုပညာရှင်တွေရဲ့ပံ့ပိုးကူညီမှုက လည်း အထူးလိုအပ်နေပြန်တာကို သတိပြုမိပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ (၂၀၂၁)ခုနှစ် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်အတွင်း နိုင်ငံရေးသွေးထိုးလှုံ့ ဆော်မှုတွေမှာ အင်တိုက်အား တိုက်ပါဝင်ခဲ့ကြတဲ့ နာမည်ကြီးအနုပညာရှင်တွေကတော့ ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် မသိကျိုးကျွံပြုနေကြဟန်တူကာ အမိတနေကြဆဲ ပင်လားလို့ မေးခွန်းထုတ်စရာများစွာ ရှိလို့နေပြန်ပါတယ်။

One Lady ရှိုးပွဲ ကျင်းပမယ့် အဆိုတော် ပိုပို

အဆိုတော်ပိုပိုက မကြာခင်မှာ တစ်ကိုယ်တော် One Lady ရှိုးပွဲကျင်းပသွားမှာဖြစ်ကြောင်း တရားဝင်အသိပေး ကြော်ငြာထားပါတယ်။ သူ့အနေနဲ့ နိုင်ငံရေးပြစ်ဒဏ်ခံယူပြီးနောက် ပထမဆုံးပြုလုပ်တဲ့ရှိုးပွဲလို့လည်းဆိုနိုင်ပါတယ်။ ကြားကာလအတွင်း အနုပညာအလုပ်တွေလုပ်ကိုင်မှု ခေတ္တရပ်နား အနားယူ ခဲ့ပါတယ်။
လက်ရှိမှာတော့ သူ့ထက် (၁၀)နှစ်ဝန်းကျင်ခန့်ငယ်တဲ့အမျိုးသားတစ်ဦးနဲ့ ချစ်သူတွေဖြစ်နေကြောင်းလည်း တရားဝင်အသိပေးခဲ့ပြီး အချစ်ရေးမှာ လတ် တလော စိတ်ချမ်းသာမှုအပြည့်ရရှိနေကြောင်း ဖွင့်ဟထားပါတယ်။
One Lady ရှိုးပွဲကို လာမယ့်အောက်တိုဘာလအတွင်း ကျင်းပသွားမှာဖြစ်ပြီး နာမည်ကြီးအဆိုတော်(၉)ဦးအနက် နာမည်ကြီးမင်းသားတစ်ဦးလည်း ပါဝင်အားဖြည့်ဖျော်ဖြေပေးမှာဖြစ်ကာ ကျင်းပမယ့်နေရာနဲ့ ရက်အတိအကျကို ထပ်မံကြေညာမှာဖြစ်ကြောင်း အသိပေးထားပါတယ်။ ရှိုးပွဲလာပရိသတ်တွေအတွက်လည်း အထူးအစီအစဉ်တွေ ပါဝင်သွားမှာဖြစ်ပြီး ရည်းစားဟောင်းတွေကို လွမ်းခြင်းဖွဲ့ရမယ့်အခိုက်အတန့် လေးဖြစ်ကြောင်း အရိပ်အမြွက်ပြောပြ ထားပါတယ်။
ဒီတစ်ပတ်အတွက် ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
အႏုပညာနဲ႔ ႏိုင္ငံေရး
အိျဖဴ (NP News) - စက္တင္ဘာ ၁
The Statesman Journal ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “ႏိုင္ငံေရးၾကား အႏုပညာ သမားမ်ားေျခရႈပ္မႈ၊ One Lady ရႈိးပြဲက်င္းပမယ့္ အဆိုေတာ္ ပိုပို” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပး သြားပါမယ္။

အႏုပညာနဲ႔ ႏိုင္ငံေရး
႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြ၊ အြန္လိုင္းဆယ္လီေတြရဲ႕ ႏိုင္ငံေရးပါတီေတြနဲ႔ေတြ႕ဆုံမႈ သတင္းက ဩဂုတ္လအတြင္း လူစိတ္ဝင္စားမႈအမ်ားဆုံးသတင္းတစ္ခုျဖစ္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးျဖစ္စဥ္အေျပာင္းအလဲတိုင္းမွာ အႏုပညာ သမားေတြရဲ႕ပါဝင္ေျခရႈပ္မႈေၾကာင့္ျဖစ္ေပၚလာတဲ့ ေနာက္ဆက္တြဲျပႆနာေတြက ႀကီးထြားလြန္းခဲ့ပါတယ္။ ဥပမာ (၂၀၂၁) ခုႏွစ္ ႏိုင္ငံ ေရးျဖစ္စဥ္အတြင္း လူမင္း၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ ဒါ႐ိုက္တာဝိုင္း၊ ဖိုးခ်စ္၊ လင္းလင္း၊ ခ်စ္သုေဝ၊ သက္မြန္ျမင့္၊ ေဖြးေဖြး၊ မင္းေမာ္ကြန္း၊ ဇင္ဝိုင္း၊ က်ားေပါက္စတဲ့ နာမည္ႀကီးအႏုပညာရွင္ေတြနဲ႔ ပါတီစြဲႏိုင္ငံေရး အစြန္းေရာက္သူတို႔ ပူးေပါင္းလႈံ႕ေဆာ္မႈေၾကာင့္ လူထု ဆူပူအုံႂကြမႈ၊ လက္နက္ကိုင္ေတာ္လွန္ေရးလမ္းစဥ္ကိုတြန္းပို႔မႈ စတဲ့လုပ္ရပ္ေတြကိုၾကည့္ျခင္းအားျဖင့္ သာဓကေတြ လုံေလာက္ေနၿပီျဖစ္ပါတယ္။ ႏိုင္ငံေတာ္ လုံၿခဳံေရးနဲ႔ ေအးခ်မ္း သာယာေရးေကာ္မရွင္ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေ႐ြးေကာက္ပြဲကို ဒီဇင္ဘာလ (၂၈)ရက္မွာ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းကို တရားဝင္ ေၾကညာ ခဲ့ၿပီးျဖစ္ပါတယ္။
ေ႐ြးေကာက္ပြဲေၾကညာရက္ အတိအက်ထြက္ရွိၿပီးတာနဲ႔တစ္ၿပိဳင္နက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးေရးပါတီ (USDP) ဥကၠ႒ ဦးခင္ရီက ဇူလိုင္လ (၃၁)ရက္နဲ႔ ဩဂုတ္လ (၁၆) ရက္တို႔မွာ အႏုပညာရပ္ဝန္းက ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေနေအာင္၊ ရန္ေအာင္၊ ငွက္ေပ်ာေၾကာ္၊ မင္းအုပ္စိုး၊ စိုးျမတ္သူဇာ အပါအဝင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္တခ်ိဳ႕၊ ဟာသပညာရွင္ တခ်ိဳ႕၊ ဒါ႐ိုက္တာတခ်ိဳ႕နဲ႔ေတြ႕ဆုံခဲ့တဲ့ ဓါတ္ပုံသတင္းေတြထုတ္ျပန္ခဲ့ၿပီး ေနာက္ အစြန္းေရာက္သူ လူတစ္စုရဲ႕စြပ္စြဲ ေဝဖန္မႈက ျမင့္မားခဲ့ပါတယ္။

အလားတူ လိင္ပိုင္းဆိုင္ရာအသိပညာေပးတင္ဆက္သူ VV Chen ကလည္း ‘ေ႐ႊေမာ္ေဓာမွာ နားထြင္းမယ္’ အဆိုအမိန႔္အပါအဝင္ ‘ေခါင္းေဆာင္ဆိုတာ ကိုယ္ေတြကေ႐ြးခ်ယ္ရတာျဖစ္တယ္။‌ ေခါင္းေဆာင္က ကိုယ္ေတြကို ေ႐ြးခ်ယ္ရမွာမဟုတ္’ ဆိုတဲ့ စာသားနဲ႔အတူ ပဲခူးတိုင္းရွိ ျပည္သူ႔ပါတီ႐ုံးဖြင့္ပြဲအခမ္းအနားပုံရိပ္ေတြကိုမွ်ေဝရင္း ပါတီအဖြဲ႕ ဝင္တစ္ဦးျဖစ္ေၾကာင္း တရားဝင္အသိေပးခဲ့ပါတယ္။
႐ုပ္ရွင္သ႐ုပ္ေဆာင္ ေနလင္းရွိန္ကလည္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP)ပါတီကိုယ္စားလွယ္ေလာင္း အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။ အႏုပညာသမားေတြ ႏိုင္ငံေရးထဲ ထပ္မံပါဝင္လာတာကိုမႏွစ္ၿမိဳ႕သူ မ်ားျပားခဲ့ၿပီး “ဖက္ခြက္စား အႏုပညာသမားေတြ ႏိုင္ငံေရးထဲေျခရႈပ္ၾကျပန္ၿပီ” စတဲ့ေျပာဆိုမႈေတြကို သတိျပဳမိခဲ့ပါတယ္။ ေနလင္းရွိန္ အေနနဲ႔ ပါတီကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ရတာနဲ႔ ႏိုင္ငံေရးခံယူခ်က္၊ ပါတီအေပၚအျမင္ေတြကို ဩဂုတ္လ (၃၀)ရက္အထိ တရားဝင္မၾကားသိရေသးပါ။ ဒါေပမဲ့ ၎ရဲ႕မိသားစုအသိုင္းအဝိုင္းက တပ္မေတာ္ထိပ္ပိုင္းေခါင္းေဆာင္ ေတြနဲ႔ေဆြမ်ိဳးနီးစပ္သူေတြျဖစ္တယ္လို႔လည္း သိရွိရပါတယ္။ PP ပါတီ အဖြဲ႕ဝင္ျဖစ္သူ VV Chen က (၂၀၂၀) ျပည့္ႏွစ္ ေအာက္တိုဘာလကစတင္ကာ လိင္ပိုင္းဆိုင္ရာ အသိပညာေပးတင္ဆက္မႈ ဘေလာ့ဂါတစ္ ဦးအေနနဲ႔လုပ္ေဆာင္ခဲ့ၿပီး ဘေလာ့ဂါတစ္ဦးအျဖစ္မရပ္တည္ခင္ ရန္ကုန္ၿမိဳ႕ တ႐ုတ္တန္းမွာ တ႐ုတ္စားေသာက္ဆိုင္ပိုင္ရွင္တစ္ဦးအျဖစ္ လုပ္ကိုင္‌ ေဆာင္႐ြက္ခဲ့သူပါ။ Single Mom တစ္ဦးျဖစ္ၿပီး သားတစ္ဦး ပိုင္ဆိုင္ထားကာ ဖို/မဆက္ဆံေရး အသိပညာေပးတင္ ဆက္သူတစ္ဦးအျဖစ္ လူသိမ်ားလာၿပီးေနာက္ (၂၀၂၄) ခုႏွစ္မွာ ဒါ႐ိုက္တာညိဳမင္းလြင္႐ိုက္ကူးတဲ့ ဖုန္းေ႐ႊဇာတ္ကားမွာ သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ဝင္ေရာက္ေနရာယူခဲ့ပါတယ္။ “ပါတီေတြကိုေလ့လာတဲ့အခ်ိန္ ႏိုင္ငံေရး Background ခိုင္မာတဲ့ေခါင္းေဆာင္ဦးေဆာင္တဲ့ပါတီကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ကြၽန္မမွာလည္း ကိုယ္ပိုင္အယူအဆရွိပါတယ္။ ပါတီေတြကိုေလ့လာတဲ့အခါ (၈၈)မ်ိဳးဆက္ေတြဦးေဆာင္တဲ့ ျပည္သူ႔ပါတီရဲ႕ ေရွ႕ဆက္လုပ္ေဆာင္မယ့္ႏိုင္ငံ ေရးလမ္း စဥ္နဲ႔ ရည္႐ြယ္ခ်က္‌ေတြက ကြၽန္မနဲ႔ထပ္တူက်တဲ့အတြက္ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္”လို႔ ထုတ္ေဖာ္ေျပာဆိုထား ပါတယ္။

“ Chen က အမ်ိဳးသမီးငယ္တစ္ဦးလည္းျဖစ္သလို လိင္ပိုင္းဆိုင္ရာအသိပညာေပးသူတစ္ဦးျဖစ္တာေၾကာင့္ လူအမ်ားရဲ႕မထီမဲ့ျမင္ေျပာဆိုမႈကိုခံေနရတဲ့ အဆိုး႐ြားဆုံးမွတ္ခ်က္စကားမွာ “ဗိုလ္ခ်ဳပ္ေျပာတဲ့ -ာႏိုင္ငံ” ျဖစ္ေတာ့မယ္ဆို တဲ့စကားေတြ ျပည့္ႏွက္လို႔ေနခဲ့ပါတယ္။ ဒါ့ျပင္ “ဗမာစကားကို ေကာင္းမြန္ေျဖာင့္ျဖဴးစြာမေျပာဆိုႏိုင္တဲ့ တ႐ုတ္အႏြယ္ ဝင္တစ္ဦးျဖစ္ျခင္း၊ ေဒၚေအာင္ဆန္းစုၾကည္ သ႐ုပ္ဟန္ တုပထားျခင္း”စတဲ့ ပုဂၢိဳလ္ေရးတိုက္ခိုက္မႈေတြခံေနရၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့ VV Chen ကေတာ့ “ျပည္သူ႔ပါတီကိုယ္စားျပဳလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းတစ္ဦး”အျဖစ္ ေဆာင္႐ြက္သြားဖို႔ရည္႐ြယ္ထားေၾကာင္း တရားဝင္ အသိေပးထားပါတယ္။
၎က “ကြၽန္မကို ႏိုင္ငံေရးလုပ္လို႔ ဆဲဆိုခ်င္တယ္၊ တိုက္ခိုက္ခ်င္တယ္ဆိုရင္ ႏိုင္ငံေရးလုပ္လို႔ဆိုတဲ့ေခါင္းစဥ္နဲ႔ ဒဲ့ဆဲ ဒဲ့တိုက္ခိုက္လို႔ရပါတယ္။ ကြၽန္မအရင္က ရပ္တည္ခဲ့လုပ္ခဲ့တဲ့ကိစၥကိုအသုံးခ်ၿပီး ဆဲဆိုဖို႔ တိုက္ခိုက္ဖို႔ ဘာ အေၾကာင္းမွမရွိပါဘူး။ လူတစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕သေဘာထားမတူမႈ၊ ခံယူခ်က္ကြဲလြဲမႈ၊ ရပ္တည္ခ်က္ကြဲျပားမႈကို လက္ခံနား လည္တတ္တဲ့အဆင့္အတန္းရွိတဲ့ ပညာတတ္တဲ့ အေျခခံအသိတရားရွိတဲ့ ျမန္မာႏိုင္ငံသားေတြ ျဖစ္ဖို႔ေမွ်ာ္ လင့္ပါတယ္”လို႔ တုံ႔ျပန္ထားပါတယ္။
လက္ရွိမွာေတာ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီက မင္းအုပ္စိုး၊ ျပည္သူ႔ပါတီက VV Chen ၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီက ေနလင္းရွိန္ကိုအသုံးျပဳထားေၾကာင္း အမ်ားျပည္သူက ကနဦးမွတ္ယူထားၾကၿပီျဖစ္ပါတယ္။ တည္ဆဲအစိုးရရဲ႕ရည္မွန္းခ်က္ျဖစ္တဲ့ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ေတြမွာ ျပည္သူလူထုအားလုံး ပါဝင္လာႏိုင္ေစဖို႔နဲ႔ ေအာင္ျမင္စြာျဖစ္ေျမာက္ေရးအတြက္ နာမည္ႀကီးအႏုပညာရွင္ေတြရဲ႕ပံ့ပိုးကူညီမႈက လည္း အထူးလိုအပ္ေနျပန္တာကို သတိျပဳမိပါတယ္။
ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ (၂၀၂၁)ခုႏွစ္ ႏိုင္ငံေရးေျပာင္းလဲမႈျဖစ္စဥ္အတြင္း ႏိုင္ငံေရးေသြးထိုးလႈံ႕ ေဆာ္မႈေတြမွာ အင္တိုက္အား တိုက္ပါဝင္ခဲ့ၾကတဲ့ နာမည္ႀကီးအႏုပညာရွင္ေတြကေတာ့ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး အတြက္ မသိက်ိဳးကြၽံျပဳေနၾကဟန္တူကာ အမိတေနၾကဆဲ ပင္လားလို႔ ေမးခြန္းထုတ္စရာမ်ားစြာ ရွိလို႔ေနျပန္ပါတယ္။

One Lady ရႈိးပြဲ က်င္းပမယ့္ အဆိုေတာ္ ပိုပို
အဆိုေတာ္ပိုပိုက မၾကာခင္မွာ တစ္ကိုယ္ေတာ္ One Lady ရႈိးပြဲက်င္းပသြားမွာျဖစ္ေၾကာင္း တရားဝင္အသိေပး ေၾကာ္ျငာထားပါတယ္။ သူ႔အေနနဲ႔ ႏိုင္ငံေရးျပစ္ဒဏ္ခံယူၿပီးေနာက္ ပထမဆုံးျပဳလုပ္တဲ့ရႈိးပြဲလို႔လည္းဆိုႏိုင္ပါတယ္။ ၾကားကာလအတြင္း အႏုပညာအလုပ္ေတြလုပ္ကိုင္မႈ ေခတၱရပ္နား အနားယူ ခဲ့ပါတယ္။
လက္ရွိမွာေတာ့ သူ႔ထက္ (၁၀)ႏွစ္ဝန္းက်င္ခန႔္ငယ္တဲ့အမ်ိဳးသားတစ္ဦးနဲ႔ ခ်စ္သူေတြျဖစ္ေနေၾကာင္းလည္း တရားဝင္အသိေပးခဲ့ၿပီး အခ်စ္ေရးမွာ လတ္ တေလာ စိတ္ခ်မ္းသာမႈအျပည့္ရရွိေနေၾကာင္း ဖြင့္ဟထားပါတယ္။
One Lady ရႈိးပြဲကို လာမယ့္ေအာက္တိုဘာလအတြင္း က်င္းပသြားမွာျဖစ္ၿပီး နာမည္ႀကီးအဆိုေတာ္(၉)ဦးအနက္ နာမည္ႀကီးမင္းသားတစ္ဦးလည္း ပါဝင္အားျဖည့္ေဖ်ာ္ေျဖေပးမွာျဖစ္ကာ က်င္းပမယ့္ေနရာနဲ႔ ရက္အတိအက်ကို ထပ္မံေၾကညာမွာျဖစ္ေၾကာင္း အသိေပးထားပါတယ္။ ရႈိးပြဲလာပရိသတ္ေတြအတြက္လည္း အထူးအစီအစဥ္ေတြ ပါဝင္သြားမွာျဖစ္ၿပီး ရည္းစားေဟာင္းေတြကို လြမ္းျခင္းဖြဲ႕ရမယ့္အခိုက္အတန႔္ ေလးျဖစ္ေၾကာင္း အရိပ္အႁမြက္ေျပာျပ ထားပါတယ္။
ဒီတစ္ပတ္အတြက္ ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.