ထိုင်းနိုင်ငံရှိကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်ရောင်းချသူ နှင့် ဝယ်ယူသူ (၄)ဦးကို နစကအစိုးရ ဖမ်းဆီးအရေးယူ

6270

ယွန်း (NP News) - ဇွန် ၄
ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်ရောင်းချသူ နှင့် ဝယ်ယူသူ ၄ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း နစကမှ ဇွန်လ(၃)ရက်နေ့ ညပိုင်းတွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင် အရောင်းအဝယ်ပြုလုပ်နေပြီး လူမှုကွန်ရက်မီဒီယာများမှဆွဲဆောင်စည်းရုံးရောင်းချခြင်းများ ဆောင်ရွက်မှုနေကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများမှ စုံစမ်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။ စုံစမ်းဖော်ထုတ်ချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၅၁) လမ်းအထက်၊ အမှတ်(၁၅၅/၁၅၇)၊ (၈)လွှာ၌ ရုံးခန်းဖွင့်လှစ်ထားသည့် Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော်တို့(၂)ဦးသည် ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင်ရောင်းချလျက်ရှိကြောင်းသိရပြီး လုံခြုံရေးအဖွဲ့အစည်းများမှ ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆက်စပ်သူများအား ခေါ်ယူစစ်ဆေးခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထို့နောက် စစ်ဆေးဖော်ထုတ်ချက်များအရ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် ထွက်ပြေးတိမ်ရှောင်နေသည့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော်တို့သည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်း၌ တရားဝင်ရောင်းချရန် သက် ဆိုင်ရာသို့ သတင်းပေးပို့ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အရောင်းပြပွဲများကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ (၂)ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများကပေးချေသည့် မြန်မာကျပ်ငွေများကို လက်ခံရယူပြီး ထိုင်းနိုင်ငံသို့ တရားမဝင်ဟွန်ဒီလုပ်ငန်းများမှ ငွေကြေးများလွှဲပြောင်းပေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။ အလားတူ Minn Thu ကုမ္ပဏီမှ ရောင်းချခဲ့သည့် ပြည်ပနိုင်ငံရှိ တိုက်ခန်းများကို တရားမဝင်ဝယ်ယူထားသည့် ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့(၃)ဦးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံရှိဘဏ်များ၌ တရားမဝင်ဖွင့်လှစ်ထားသည့် ၎င်းတို့၏ဘဏ်ငွေစာရင်းများမှတစ်ဆင့် တိုက်ခန်းဖိုးငွေကြေးများ လွှဲပြောင်းပေးချေခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများအား တရားမဝင်ရောင်းချခြင်းနှင့် တရားမဝင်ဟွန်ဒီလုပ်ငန်းမှ ငွေကြေးလွှဲပြောင်းခြင်းများ ဆောင်ရွက်ခဲ့သူ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ကျော်ထွန်းနှင့် ထွက်ပြေးတိမ်းရှောင်နေသူ အထွေထွေမန်နေဂျာ ဦးမင်းသူကျော်တို့အားလည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများ၌ ဘဏ်ငွေစာရင်းများ တရားမဝင်ဖွင့်လှစ်ထားသည့် ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့ကို လည်းကောင်း၊ ပြည်ပနိုင်ငံတွင် တရားမဝင်တိုက်ခန်းဝယ်ယူထားသူများကို လည်းကောင်းစိစစ်၍ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နစကမှ ဆိုထားသည်။

zawgyi version
ထိုင္းႏိုင္ငံရွိကြန္ဒိုတိုက္ခန္းမ်ားကို ျပည္တြင္း၌ တရားမဝင္ေရာင္းခ်သူ ႏွင့္ ဝယ္ယူသူ (၄)ဦးကို နစကအစိုးရ ဖမ္းဆီးအေရးယူ
ယြန္း (NP News) - ဇြန္ ၄
ထိုင္းႏိုင္ငံရွိ ကြန္ဒိုတိုက္ခန္းမ်ားကို ျပည္တြင္း၌ တရားမဝင္ေရာင္းခ်သူ ႏွင့္ ဝယ္ယူသူ ၄ ဦးကို ဖမ္းဆီးအေရးယူထားေၾကာင္း နစကမွ ဇြန္လ(၃)ရက္ေန႔ ညပိုင္းတြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ျပည္ပႏိုင္ငံရွိ ကြန္ဒိုတိုက္ခန္းမ်ားကို ျပည္တြင္း၌ တရားမဝင္ အေရာင္းအဝယ္ျပဳလုပ္ေနၿပီး လူမႈကြန္ရက္မီဒီယာမ်ားမွဆြဲေဆာင္စည္း႐ုံးေရာင္းခ်ျခင္းမ်ား ေဆာင္႐ြက္မႈေနေၾကာင္း သတင္းရရွိသည့္အတြက္ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕အစည္းမ်ားမွ စုံစမ္းေဖာ္ထုတ္ခဲ့ေၾကာင္း သိရသည္။ စုံစမ္းေဖာ္ထုတ္ခ်က္မ်ားအရ ရန္ကုန္တိုင္းေဒသႀကီး၊ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ (၅၁) လမ္းအထက္၊ အမွတ္(၁၅၅/၁၅၇)၊ (၈)လႊာ၌ ႐ုံးခန္းဖြင့္လွစ္ထားသည့္ Minn Thu ကုမၸဏီမွ ဒါ႐ိုက္တာ ဦးေအာင္ေက်ာ္ထြန္းႏွင့္ အေထြေထြမန္ေနဂ်ာ ဦးမင္းသူေက်ာ္တို႔(၂)ဦးသည္ ထိုင္းႏိုင္ငံမွ ကြန္ဒိုတိုက္ခန္းမ်ားကို ျပည္တြင္း၌ တရားမဝင္ေရာင္းခ်လ်က္ရွိေၾကာင္းသိရၿပီး လုံၿခဳံေရးအဖြဲ႕အစည္းမ်ားမွ ကုမၸဏီတာဝန္ရွိသူမ်ားႏွင့္ ဆက္စပ္သူမ်ားအား ေခၚယူစစ္ေဆးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
ထို႔ေနာက္ စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ Minn Thu ကုမၸဏီမွ ဒါ႐ိုက္တာ ဦးေအာင္ေက်ာ္ထြန္းႏွင့္ ထြက္ေျပးတိမ္ေရွာင္ေနသည့္ အေထြေထြမန္ေနဂ်ာ ဦးမင္းသူေက်ာ္တို႔သည့္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ကြန္ဒိုတိုက္ခန္းမ်ားအား ျပည္တြင္း၌ တရားဝင္ေရာင္းခ်ရန္ သက္ ဆိုင္ရာသို႔ သတင္းေပးပို႔ ခြင့္ျပဳခ်က္ရယူျခင္းမရွိဘဲ အေရာင္းျပပြဲမ်ားကို ရန္ကုန္ၿမိဳ႕၊ ဆီဒိုးနားဟိုတယ္၌ (၂)ႀကိမ္တိုင္တိုင္ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ကြန္ဒိုတိုက္ခန္း ဝယ္ယူသူမ်ားကေပးေခ်သည့္ ျမန္မာက်ပ္ေငြမ်ားကို လက္ခံရယူၿပီး ထိုင္းႏိုင္ငံသို႔ တရားမဝင္ဟြန္ဒီလုပ္ငန္းမ်ားမွ ေငြေၾကးမ်ားလႊဲေျပာင္းေပးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။ အလားတူ Minn Thu ကုမၸဏီမွ ေရာင္းခ်ခဲ့သည့္ ျပည္ပႏိုင္ငံရွိ တိုက္ခန္းမ်ားကို တရားမဝင္ဝယ္ယူထားသည့္ ဦးေနမ်ိဳးဟန္၊ ဦးမင္းထြန္းႏွင့္ ေဒၚျမတ္ျမတ္မြန္တို႔(၃)ဦးသည္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ ခြင့္ျပဳခ်က္မရွိဘဲ ထိုင္းႏိုင္ငံရွိဘဏ္မ်ား၌ တရားမဝင္ဖြင့္လွစ္ထားသည့္ ၎တို႔၏ဘဏ္ေငြစာရင္းမ်ားမွတစ္ဆင့္ တိုက္ခန္းဖိုးေငြေၾကးမ်ား လႊဲေျပာင္းေပးေခ်ခဲ့ေၾကာင္း ေဖာ္ထုတ္ေတြ႕ရွိရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပည္ပႏိုင္ငံရွိ ကြန္ဒိုတိုက္ခန္းမ်ားအား တရားမဝင္ေရာင္းခ်ျခင္းႏွင့္ တရားမဝင္ဟြန္ဒီလုပ္ငန္းမွ ေငြေၾကးလႊဲေျပာင္းျခင္းမ်ား ေဆာင္႐ြက္ခဲ့သူ Minn Thu ကုမၸဏီမွ ဒါ႐ိုက္တာဦးေအာင္ေက်ာ္ထြန္းႏွင့္ ထြက္ေျပးတိမ္းေရွာင္ေနသူ အေထြေထြမန္ေနဂ်ာ ဦးမင္းသူေက်ာ္တို႔အားလည္းေကာင္း၊ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္၏ ခြင့္ျပဳခ်က္မရွိဘဲ ျပည္ပႏိုင္ငံမ်ား၌ ဘဏ္ေငြစာရင္းမ်ား တရားမဝင္ဖြင့္လွစ္ထားသည့္ ဦးေနမ်ိဳးဟန္၊ ဦးမင္းထြန္းႏွင့္ ေဒၚျမတ္ျမတ္မြန္တို႔ကို လည္းေကာင္း၊ ျပည္ပႏိုင္ငံတြင္ တရားမဝင္တိုက္ခန္းဝယ္ယူထားသူမ်ားကို လည္းေကာင္းစိစစ္၍ ဥပေဒမ်ားႏွင့္အညီ ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။