ကျောက်ဆည်မြို့နယ်တွင် ဆေးခန်းပြ၍ပြန်လာသော ကျေးရွာအုပ်ရေးမှူးဟောင်းနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

3478

NP News - ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆေးခန်းပြ၍ပြန်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၆ ရက်၊ မွန်းလွဲ ၁၂နာရီ ၄၀မိနစ်အချိန်တွင် ကျောက်ဆည်မြို့၊ ညောင်ဝန်းကျေးရွာနှင့် အနောက်ငယ်တိုး ကျေးရွာကြားရှိ ဇရပ်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သင်ပျိုကျေးရွာတွင်နေထိုင်သည့် ဦးသိန်းဆွေ(ခ)ဗူးလွယ်(၅၅)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်သက်နွယ်(၅၃)နှစ်နှင့်အတူ ကျောက်ဆည်မြို့ပေါ်ရှိ ဆေးခန်းမှ ဆေးခန်းပြပြီးနောက် နေအိမ်သို့ပြန်လာစဉ် အထက်ပါနေရာအရောက်၌ အမျိုးသား(၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် သင်ပျိုကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးသိန်းဆွေတွင် ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ နောက်ကျောဝဲဘက်ကျည်ဖောက် ဝင်ဒဏ်ရာတစ်ချက်နှင့် ဝဲရင်ဘတ်ကျည်ဖောက်ဝင် ဒဏ်ရာ(၂) ချက်ရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်း၏ဇနီးဖြစ်သူ ဒေါ်သက်နွယ်တွင်လည်း လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာဘက်လက်မောင်း ကျည်ဖောက် ဝင်ဒဏ်ရာ(၁)ချက်၊ ဝမ်းဗိုက်ယာဘက် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူလင်မယားနှစ်ဦးကို ကျောက်ဆည်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
zawgyi version
ေက်ာက္ဆည္ၿမိဳ႕နယ္တြင္ ေဆးခန္းျပ၍ျပန္လာေသာ ေက်း႐ြာအုပ္ေရးမႉးေဟာင္းႏွင့္ ဇနီးျဖစ္သူတို႔ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခံရ
NP News - ဇြန္ ၈
မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္တြင္ ေဆးခန္းျပ၍ျပန္လာေသာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေဟာင္းႏွင့္ ဇနီးျဖစ္သူတို႔ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ဇြန္ ၆ ရက္၊ မြန္းလြဲ ၁၂နာရီ ၄၀မိနစ္အခ်ိန္တြင္ ေက်ာက္ဆည္ၿမိဳ႕၊ ေညာင္ဝန္းေက်း႐ြာႏွင့္ အေနာက္ငယ္တိုး ေက်း႐ြာၾကားရွိ ဇရပ္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ သင္ပ်ိဳေက်း႐ြာတြင္ေနထိုင္သည့္ ဦးသိန္းေဆြ(ခ)ဗူးလြယ္(၅၅)ႏွစ္သည္ ၎၏ဇနီးျဖစ္သူ ေဒၚသက္ႏြယ္(၅၃)ႏွစ္ႏွင့္အတူ ေက်ာက္ဆည္ၿမိဳ႕ေပၚရွိ ေဆးခန္းမွ ေဆးခန္းျပၿပီးေနာက္ ေနအိမ္သို႔ျပန္လာစဥ္ အထက္ပါေနရာအေရာက္၌ အမ်ိဳးသား(၂)ဦးက ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ သင္ပ်ိဳေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးသိန္းေဆြတြင္ ဝဲနားထင္က်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္၊ ေနာက္ေစ့က်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္၊ ေနာက္ေက်ာဝဲဘက္က်ည္ေဖာက္ ဝင္ဒဏ္ရာတစ္ခ်က္ႏွင့္ ဝဲရင္ဘတ္က်ည္ေဖာက္ဝင္ ဒဏ္ရာ(၂) ခ်က္ရရွိကာ အခင္းျဖစ္ေနရာတြင္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ၎၏ဇနီးျဖစ္သူ ေဒၚသက္ႏြယ္တြင္လည္း လည္ပင္းက်ည္ေဖာက္ဝင္ဒဏ္ရာ(၁)ခ်က္၊ ယာဘက္လက္ေမာင္း က်ည္ေဖာက္ ဝင္ဒဏ္ရာ(၁)ခ်က္၊ ဝမ္းဗိုက္ယာဘက္ က်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္တို႔ရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံးသူလင္မယားႏွစ္ဦးကို ေက်ာက္ဆည္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကလည္း လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။