သမိုင်းဝင် “Earthrise” ဓာတ်ပုံ ရိုက်ကူးခဲ့တဲ့ Apollo 8 အာကာသယာဉ်မှူးဟောင်း အသက် ၉၀ အရွယ်မှာ လေယာဉ်ငယ် မောင်းနှင်ရင်း ပျက်ကျ သေဆုံး

 1569

ရောင်နီ (NP News) - ဇွန် ၁ဝ

ပြီးခဲ့တဲ့ ၅၅ နှစ်က အာကာသထဲမှ သမိုင်းဝင် “Earthrise” ဓာတ်ပုံ ရိုက်ယူခဲ့တဲ့ အမေရိကန် အာကာသယာဉ်မှူး ဟောင်း အသက် ၉၀ နှစ်အရွယ် ဝီလီယံအန်ဒါစ် ဟာ သောကြာနေ့ (ဇွန် ၇ ရက်) က လေယာဉ်ငယ် မောင်းနှင်ရင်း ပျက်ကျပြီး သေဆုံးသွားခဲ့တယ်လို့ မိသားစုက ပြောကြားခဲ့ပါတယ်။

အန်ဒါးစ်ဟာ သောကြာနေ့ (ဇွန်လ ၆ ရက်) နံနက်ပိုင်းက ဝါရှင်တန်ပြည်နယ် ကမ်းလွန်မှာ လေယာဉ်ငယ်ကို မောင်းနှင်နေခဲ့တာဖြစ်ပြီး အဆိုပါလေယာဉ်ပျက်ကျမှုနဲ့အတူ သေဆုံးသွားခဲ့တယ်လို့ ၎င်းရဲ့သားဖြစ်သူက ပြောကြားခဲ့ပါတယ်။ အဆိုပါလေယာဉ်မှာ အန်းဒါးတစ်ယောက်တည်းသာရှိခဲ့တာဖြစ်ပါတယ်။ ၄င်းရဲ့ ရုပ်အလောင်းကို နောက်ပိုင်း ရေငုပ်အဖွဲ့မှ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ က ဆိုပါတယ်။

၁၉၆၈ ခုနှစ် ဒီဇင်ဘာလကတည်းက Apollo 8 မစ်ရှင်ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အန်းဒါး ဟာ လပတ်လမ်းကို သွားရောက်ခဲ့တဲ့ ပထမဆုံး လူသားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ အဆိုပါခရီးစဉ်မှာ အန်းဒါးက တောက်ပတဲ့ အပြာရောင် ကမ္ဘာကြီးနဲ့ အာကာသရဲ့ အမှောင်ထုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပုံ သဘာဝအလှတရားကို ဓာတ်ပုံတစ်ပုံ ရိုက်ယူခဲ့ပြီး ၁၉၆၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ ကမ္ဘာမြေကို အောင်မြင်စွာပြန်လည်ရောက်ရှိခဲ့ပါတယ်။ အန်းဒါး ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဟာလည်း "Earthrise" ဆိုတဲ့ အမည်နဲ့ သမိုင်းဝင် ဓာတ်ပုံတစ်ခုဖြစ်လာခဲ့ပါတယ်။

Zawgyi Version;
သမိုင္းဝင္ “Earthrise” ဓာတ္ပုံ ႐ိုက္ကူးခဲ့တဲ့ Apollo 8 အာကာသယာဥ္မႉးေဟာင္း အသက္ ၉၀ အ႐ြယ္မွာ ေလယာဥ္ငယ္ ေမာင္းႏွင္ရင္း ပ်က္က် ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၁ဝ

ၿပီးခဲ့တဲ့ ၅၅ ႏွစ္က အာကာသထဲမွ သမိုင္းဝင္ “Earthrise” ဓာတ္ပုံ ႐ိုက္ယူခဲ့တဲ့ အေမရိကန္ အာကာသယာဥ္မႉး ေဟာင္း အသက္ ၉၀ ႏွစ္အ႐ြယ္ ဝီလီယံအန္ဒါစ္ ဟာ ေသာၾကာေန႔ (ဇြန္ ၇ ရက္) က ေလယာဥ္ငယ္ ေမာင္းႏွင္ရင္း ပ်က္က်ၿပီး ေသဆုံးသြားခဲ့တယ္လို႔ မိသားစုက ေျပာၾကားခဲ့ပါတယ္။

အန္ဒါးစ္ဟာ ေသာၾကာေန႔ (ဇြန္လ ၆ ရက္) နံနက္ပိုင္းက ဝါရွင္တန္ျပည္နယ္ ကမ္းလြန္မွာ ေလယာဥ္ငယ္ကို ေမာင္းႏွင္ေနခဲ့တာျဖစ္ၿပီး အဆိုပါေလယာဥ္ပ်က္က်မႈနဲ႔အတူ ေသဆုံးသြားခဲ့တယ္လို႔ ၎ရဲ႕သားျဖစ္သူက ေျပာၾကားခဲ့ပါတယ္။ အဆိုပါေလယာဥ္မွာ အန္းဒါးတစ္ေယာက္တည္းသာရွိခဲ့တာျဖစ္ပါတယ္။ ၄င္းရဲ႕ ႐ုပ္အေလာင္းကို ေနာက္ပိုင္း ေရငုပ္အဖြဲ႕မွ ျပန္လည္ေတြ႕ရွိခဲ့တယ္လို႔ ကမ္းေျခေစာင့္တပ္ဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ က ဆိုပါတယ္။

၁၉၆၈ ခုႏွစ္ ဒီဇင္ဘာလကတည္းက Apollo 8 မစ္ရွင္ရဲ႕အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ အန္းဒါး ဟာ လပတ္လမ္းကို သြားေရာက္ခဲ့တဲ့ ပထမဆုံး လူသားေတြထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။ အဆိုပါခရီးစဥ္မွာ အန္းဒါးက ေတာက္ပတဲ့ အျပာေရာင္ ကမာၻႀကီးနဲ႔ အာကာသရဲ႕ အေမွာင္ထုနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနပုံ သဘာဝအလွတရားကို ဓာတ္ပုံတစ္ပုံ ႐ိုက္ယူခဲ့ၿပီး ၁၉၆၈ ခုႏွစ္ ဒီဇင္ဘာ ၂၇ ရက္မွာ ကမာၻေျမကို ေအာင္ျမင္စြာျပန္လည္ေရာက္ရွိခဲ့ပါတယ္။ အန္းဒါး ႐ိုက္ကူးခဲ့တဲ့ ဓာတ္ပုံဟာလည္း "Earthrise" ဆိုတဲ့ အမည္နဲ႔ သမိုင္းဝင္ ဓာတ္ပုံတစ္ခုျဖစ္လာခဲ့ပါတယ္။

Related news

© 2021. All rights reserved.