အင်းစိန်မြို့နယ်တွင် Hiject ယာဉ်နှင့် Suzuki ယာဉ်တို့ တိုက်မိခဲ့ရာ လူ(၃)ဦးထိခိုက်ဒဏ်ရာရ

 1892

သန့်ဇင် (NP News) - ဇွန် ၁၃

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် Hiject ယာဉ်နှင့် Suzuki ယာဉ်တို့ တိုက်မိခဲ့ရာ လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်မှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(ဇွန်လ ၁၃ ရက်) နံနက် ၈နာရီအချိန်ခန့်က အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ မင်းစေတီမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“Hiject က ရပ်ကွက်ထဲကအထွက် အလုပ်သွားတဲ့ကားပါ။ Suzuki ကားလေးကကျတော့ ဘုရင့်နောင်လမ်းကနေလာတာမှာ တိုက်မိကြတာ”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Hiject ကားပေါ်တွင်လိုက်ပါသူများအနက် အမျိုးသား (၃)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“Hiject ကားပေါ်က အမျိုးသား(၃)ယောက်ဒဏ်ရာရတာ။ ၂ယောက်က မစိုးရိမ်ရဘူး။ ပွန်းပဲ့နဲ့ လက်သန်းကျိုးသွားတာလောက်ပဲ။ တစ်ယောက်တော့ ခါးရိုးအဆစ်လွဲသွားတာ။ သူကတော့ စိုးရိမ်ရတယ်လို့ပြောလို့ရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို တွဲလက်လူမှုကူညီရေးအသင်းက အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
အင္းစိန္ၿမိဳ႕နယ္တြင္ Hiject ယာဥ္ႏွင့္ Suzuki ယာဥ္တို႔ တိုက္မိခဲ့ရာ လူ(၃)ဦးထိခိုက္ဒဏ္ရာရ

သန႔္ဇင္ (NP News) - ဇြန္ ၁၃

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ Hiject ယာဥ္ႏွင့္ Suzuki ယာဥ္တို႔ တိုက္မိခဲ့ရာ လူ(၃)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း တြဲလက္မႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ဇြန္လ ၁၃ ရက္) နံနက္ ၈နာရီအခ်ိန္ခန႔္က အင္းစိန္ၿမိဳ႕နယ္၊ ဘုရင့္ေနာင္လမ္းမႀကီး၊ မင္းေစတီမွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“Hiject က ရပ္ကြက္ထဲကအထြက္ အလုပ္သြားတဲ့ကားပါ။ Suzuki ကားေလးကက်ေတာ့ ဘုရင့္ေနာင္လမ္းကေနလာတာမွာ တိုက္မိၾကတာ”ဟု တြဲလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ Hiject ကားေပၚတြင္လိုက္ပါသူမ်ားအနက္ အမ်ိဳးသား (၃)ဦးတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“Hiject ကားေပၚက အမ်ိဳးသား(၃)ေယာက္ဒဏ္ရာရတာ။ ၂ေယာက္က မစိုးရိမ္ရဘူး။ ပြန္းပဲ့နဲ႔ လက္သန္းက်ိဳးသြားတာေလာက္ပဲ။ တစ္ေယာက္ေတာ့ ခါး႐ိုးအဆစ္လြဲသြားတာ။ သူကေတာ့ စိုးရိမ္ရတယ္လို႔ေျပာလို႔ရတယ္” ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို တြဲလက္လူမႈကူညီေရးအသင္းက အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.