YouTube မှာ subscriber အများဆုံးဖြစ်လာခဲ့တဲ့ MrBeast

953

Pika (NP News) - ဇွန် ၁၄
အမေရိကန်YouTuber MrBeast ၏ YouTube ချန်နယ်သည် subscriber အများဆုံးရှိသည့် ချန်နယ်တစ်ခုအဖြစ် အိန္ဒိယ T-Series ချန်နယ်ကို ကျော်တက်သွားပြီဖြစ်ကြောင်းသိရသည်။ ဇာတ်ကားနမူနာများနှင့် တေးဂီတဗီဒီယို များကိုလွှင့်တင်သည့် အိန္ဒိယ T-Series ချန်နယ်သည် subscriber အများဆုံး Youtube ချန်နယ်အဖြစ် (၅)နှစ်ကြာရပ်တည်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လ(၂)ရက်နေ့တွင် ယခုကဲ့သို့ကျော်တက်ခံခဲ့ရခြင်းဖြစ်သည်။
အမည်ရင်း ဂျင်မီဒေါ်နယ်ဆန်ဖြစ်သော အသက်(၂၆)နှစ်အရွယ် MrBeast သည် လက်ရှိအချိန် တွင် subscriber (၂၆၉)သန်းဖြင့် T-Series ချန်နယ်ကို ကျော်တက်ခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုအပုဒ် ရေ (၈၀ဝ)နီးပါးကိုတင်ထားသော MrBeast သည်ကိုယ်ပိုင်ကျွန်းများကို giveaway ပေးခြင်း၊ အရှင်လတ် လတ်မြေမြှုပ်ပြခြင်းနှင့် Netflix စီးရီးတစ်ခုဖြစ်သည့် Squid Game ၏ လက်တွေ့ဘဝ ဗားရှင်းကို ဖန်တီး ခြင်းတို့အပါအဝင် အခြားကြီးမားသောစတန့်များကိုလုပ်ဆောင်ခဲ့ပြီးနောက် နာမည်ရလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၎င်း၏ချန်နယ်သည် ဇွန်လ(၁) ရက်နေ့တွင် subscriber (၂)သန်းကျော်တိုးလာခဲ့ပြီး subscriber အရေအတွက် နေ့စဉ်အများဆုံး တိုးလာသည့်စံချိန်ကိုရရှိခဲ့ကြောင်း MrBeast ကပြောကြား ခဲ့သည်။ T-Series ချန်နယ်သည် subscriber အများဆုံးရှိသည့် ချန်နယ်အဖြစ် စံချိန်ကို ၂၀၁၉ ခုနှစ် တွင် ဆွီဒင် YouTuber PewDiePie ထံမှရယူခဲ့ခြင်းဖြစ်သည်။
MrBeast တွင် ဂိမ်းကစားခြင်း၊ ပရဟိတ လုပ်ငန်းများနှင့် အခြားအကြောင်းအရာအပေါ် တုံ့ပြန် မှုများကို ရည်ရွယ်ထားသည့် အခြားချန်နယ်များစွာရှိပြီး တစ်ခုချင်းစီတွင် subscriber သန်းချီရှိကြောင်း သိရသည်။
zawgyi version
YouTube မွာ subscriber အမ်ားဆုံးျဖစ္လာခဲ့တဲ့ MrBeast
Pika (NP News) - ဇြန္ ၁၄
အေမရိကန္YouTuber MrBeast ၏ YouTube ခ်န္နယ္သည္ subscriber အမ်ားဆုံးရွိသည့္ ခ်န္နယ္တစ္ခုအျဖစ္ အိႏၵိယ T-Series ခ်န္နယ္ကို ေက်ာ္တက္သြားၿပီျဖစ္ေၾကာင္းသိရသည္။ ဇာတ္ကားနမူနာမ်ားႏွင့္ ေတးဂီတဗီဒီယို မ်ားကိုလႊင့္တင္သည့္ အိႏၵိယ T-Series ခ်န္နယ္သည္ subscriber အမ်ားဆုံး Youtube ခ်န္နယ္အျဖစ္ (၅)ႏွစ္ၾကာရပ္တည္ခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္ ဇြန္လ(၂)ရက္ေန႔တြင္ ယခုကဲ့သို႔ေက်ာ္တက္ခံခဲ့ရျခင္းျဖစ္သည္။
အမည္ရင္း ဂ်င္မီေဒၚနယ္ဆန္ျဖစ္ေသာ အသက္(၂၆)ႏွစ္အ႐ြယ္ MrBeast သည္ လက္ရွိအခ်ိန္ တြင္ subscriber (၂၆၉)သန္းျဖင့္ T-Series ခ်န္နယ္ကို ေက်ာ္တက္ခဲ့ျခင္းျဖစ္သည္။ ဗီဒီယိုအပုဒ္ ေရ (၈၀ဝ)နီးပါးကိုတင္ထားေသာ MrBeast သည္ကိုယ္ပိုင္ကြၽန္းမ်ားကို giveaway ေပးျခင္း၊ အရွင္လတ္ လတ္ေျမျမႇဳပ္ျပျခင္းႏွင့္ Netflix စီးရီးတစ္ခုျဖစ္သည့္ Squid Game ၏ လက္ေတြ႕ဘဝ ဗားရွင္းကို ဖန္တီး ျခင္းတို႔အပါအဝင္ အျခားႀကီးမားေသာစတန႔္မ်ားကိုလုပ္ေဆာင္ခဲ့ၿပီးေနာက္ နာမည္ရလာခဲ့ျခင္း ျဖစ္သည္။ ထို႔ျပင္ ၎၏ခ်န္နယ္သည္ ဇြန္လ(၁) ရက္ေန႔တြင္ subscriber (၂)သန္းေက်ာ္တိုးလာခဲ့ၿပီး subscriber အေရအတြက္ ေန႔စဥ္အမ်ားဆုံး တိုးလာသည့္စံခ်ိန္ကိုရရွိခဲ့ေၾကာင္း MrBeast ကေျပာၾကား ခဲ့သည္။ T-Series ခ်န္နယ္သည္ subscriber အမ်ားဆုံးရွိသည့္ ခ်န္နယ္အျဖစ္ စံခ်ိန္ကို ၂၀၁၉ ခုႏွစ္ တြင္ ဆြီဒင္ YouTuber PewDiePie ထံမွရယူခဲ့ျခင္းျဖစ္သည္။
MrBeast တြင္ ဂိမ္းကစားျခင္း၊ ပရဟိတ လုပ္ငန္းမ်ားႏွင့္ အျခားအေၾကာင္းအရာအေပၚ တုံ႔ျပန္ မႈမ်ားကို ရည္႐ြယ္ထားသည့္ အျခားခ်န္နယ္မ်ားစြာရွိၿပီး တစ္ခုခ်င္းစီတြင္ subscriber သန္းခ်ီရွိေၾကာင္း သိရသည္။