လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေကြောင့် X ကို ပိတ်ပစ်မယ်လို့ အင်ဒိုနီးရှား ခြိမ်းခြောက်

 2428

ရောင်နီ (NP News) - ဇွန် ၁၅

အရွယ်ရောက်ပြီးသူတွေသာကြည့်နိုင်တဲ့ လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေကြောင့် ဆိုရှယ်မီဒီယာ ပလပ်ဖောင်း X ကို ပိတ်ပစ်ဖို့ ပြင်ဆင်ထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ဆက်သွယ်ရေးဝန်ကြီးက ဇွန် ၁၄ ရက်မှာ ပြောကြားခဲ့ ပါတယ်။

ကမ္ဘာပေါ်မှာ မွတ်ဆလင်အများစု နေထိုင်တဲ့ အကြီးဆုံးနိုင်ငံ အင်ဒိုနီးရှားမှာ ညစ်ညမ်းအကြောင်းအရာတွေကို အွန်လိုင်းမှာ မျှဝေခြင်းအပေါ် တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း X ကို သတိပေးစာ တစ်စောင် ပေးပို့ခဲ့တယ်လို့ ၀န်ကြီး ဘူဒီအေးရိဆီတိုင်ဒီ က ဆိုပါတယ်။
အင်ဒိုနီးရှားမှာ ညစ်ညမ်းအကြောင်းအရာများ ဖြန့်ဝေခြင်းကို အီလက်ထရွန်နစ် သတင်းအချက်အလက်နဲ့ ငွေပေး ငွေယူဥပဒေအရ ထောင်ဒဏ် ခြောက်နှစ်အထိ ချမှတ်နိုင်ပါတယ်။

ဘီလျံနာ အီလွန်မက်ခ် ပိုင်ဆိုင်တဲ့ X ဟာ အင်ဒိုနီးရှားရဲ့သတိပေးစာကို ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပေမယ့် အဆိုပါအကြောင်းအရာတွေ မပိတ်မချင်း နောက်ထပ်စာတွေ ပေးပို့မယ်လို့ ဘူဒီက ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ X အက်ပလီကေးရှင်း အသုံးပြုသူ ၂၄.၈၅ သန်းရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
လိင္ပိုင္းဆိုင္ရာအေၾကာင္းအရာေတြေၾကာင့္ X ကို ပိတ္ပစ္မယ္လို႔ အင္ဒိုနီးရွား ၿခိမ္းေျခာက္
ေရာင္နီ (NP News) - ဇြန္ ၁၅

အ႐ြယ္ေရာက္ၿပီးသူေတြသာၾကည့္ႏိုင္တဲ့ လိင္ပိုင္းဆိုင္ရာအေၾကာင္းအရာေတြေၾကာင့္ ဆိုရွယ္မီဒီယာ ပလပ္ေဖာင္း X ကို ပိတ္ပစ္ဖို႔ ျပင္ဆင္ထားတယ္လို႔ အင္ဒိုနီးရွားႏိုင္ငံရဲ႕ဆက္သြယ္ေရးဝန္ႀကီးက ဇြန္ ၁၄ ရက္မွာ ေျပာၾကားခဲ့ ပါတယ္။

ကမာၻေပၚမွာ မြတ္ဆလင္အမ်ားစု ေနထိုင္တဲ့ အႀကီးဆုံးႏိုင္ငံ အင္ဒိုနီးရွားမွာ ညစ္ညမ္းအေၾကာင္းအရာေတြကို အြန္လိုင္းမွာ မွ်ေဝျခင္းအေပၚ တင္းတင္းၾကပ္ၾကပ္ တားျမစ္ထားပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီးလည္း X ကို သတိေပးစာ တစ္ေစာင္ ေပးပို႔ခဲ့တယ္လို႔ ၀န္ႀကီး ဘူဒီေအးရိဆီတိုင္ဒီ က ဆိုပါတယ္။
အင္ဒိုနီးရွားမွာ ညစ္ညမ္းအေၾကာင္းအရာမ်ား ျဖန႔္ေဝျခင္းကို အီလက္ထ႐ြန္နစ္ သတင္းအခ်က္အလက္နဲ႔ ေငြေပး ေငြယူဥပေဒအရ ေထာင္ဒဏ္ ေျခာက္ႏွစ္အထိ ခ်မွတ္ႏိုင္ပါတယ္။

ဘီလ်ံနာ အီလြန္မက္ခ္ ပိုင္ဆိုင္တဲ့ X ဟာ အင္ဒိုနီးရွားရဲ႕သတိေပးစာကို ျပန္လည္တုံ႔ျပန္ျခင္း မရွိေသးေပမယ့္ အဆိုပါအေၾကာင္းအရာေတြ မပိတ္မခ်င္း ေနာက္ထပ္စာေတြ ေပးပို႔မယ္လို႔ ဘူဒီက ေျပာၾကားခဲ့ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံမွာ X အက္ပလီေကးရွင္း အသုံးျပဳသူ ၂၄.၈၅ သန္းရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.