ဟာရီကိန်းမုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် အမေရိကန်ဒေါ်လာ (၅)သန်း လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

1177

Pika (NP News) - အောက်တိုဘာ ၁၁
ဟာရီကိန်းမုန်တိုင်း ဟယ်လင်နာနှင့် မီလ်တန်တို့ တိုက်ခတ်မှုအပြီးတွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် Feeding America အဖွဲ့အစည်းကို နာမည်ကျော် အဆိုတော်တေလာဆွစ်ဖ်က အမေရိကန်ဒေါ်လာ(၅)သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
တေလာဆွစ်ဖ်၏ လှူဒါန်းမှုများကို Feeding America အကျိုးအမြတ်မယူသောအဖွဲ့အစည်းက ပြီးခဲ့သည့် အောက်တိုဘာလ(၉)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Feeding America အဖွဲ့အစည်း စီအီးအို Claire Babineaux-Fontenot က "ဒီလှူဒါန်းမှုနဲ့ပတ်သက်ပြီး ကျွန်မတို့အဖွဲ့အစည်းက တေလာဆွစ်ဖ်ကို တကယ်ကို ကျေးဇူးတင်မိပါတယ်။ ဒီလှူဒါန်းမှုဟာ ဟာရီကိန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့အသိုင်းအဝိုင်းတွေကို ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နိုင်ဖို့၊ လိုအပ်တဲ့အစားအစာတွေ၊ သန့်ရှင်းတဲ့ရေနဲ့ ထောက်ပံ့ရေးပစ္စည်း တွေကို ပံ့ပိုးပေးနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ အတူတကွသာဆိုရင် ရှေ့လျှောက်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စေဖို့အတွက် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့မိသားစုတွေကို ထောက်ပံ့ပေးရာမှာ သိသာတဲ့အကျိုးသက်ရောက်မှု တွေကို ကျွန်မတို့ပြုလုပ်နိုင်ပါတယ်" ဟု ထုတ်ပြန်ပြောခဲ့သည်။
ထို့ပြင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တေလာဆွစ်ဖ်နှင့်အတူ ပူးပေါင်း ပါဝင်ကြရန် ၎င်း၏ ပရိသတ်များနှင့်ထောက်ခံသူများကို Feeding America အဖွဲ့အစည်းက တိုက်တွန်းခဲ့ကြောင်း လည်း သိရသည်။ တေလာဆွစ်ဖ်၏ သူငယ်ချင်းများဖြစ်သော ရုပ်ရှင်သရုပ်ဆောင် Blake Lively နှင့် Ryan Reynolds တို့ စုံတွဲသည်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် Feeding America အဖွဲ့အစည်းကို အမေရိကန်ဒေါ်လာ(၁)သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် အကျပ်အတည်းကာလများအတွင်း Feeding America အဖွဲ့အစည်းကို Blake Lively နှင့် Ryan Reynolds တို့စုံတွဲ၏ နှစ်ရှည်လများ ကူညီထောက်ပံ့ပေးမှုသည် ယခင်ကဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များစွာ အတွက် အခြေခံလိုအပ်ချက်များအားလုံးကို ကူညီပံ့ပိုးပေးနိုင်ခဲ့ကြောင်း Claire Babineaux-Fontenot က ပြောကြားခဲ့သည်။
တေလာဆွစ်ဖ်သည် ၂ဝ၂ဝ ပြည့်နှစ်တွင် တန်နက်စီပြည်နယ်ကို တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းနှင့် ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် Kansas City Chiefs အသင်း၏ Super Bowl နိုင်ပွဲအတွင်းဖြစ်ပွားခဲ့သော ပစ်ခတ်မှုတို့ အပါအဝင် သဘာဝဘေးအန္တရာယ်များ (သို့မဟုတ်) ကြေကွဲဖွယ်ရာဖြစ်ရပ်များကြောင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများကို လှူဒါန်းမှုများ လုပ်ဆောင်ပေးခဲ့သည့် ရှည်လျားသောသမိုင်းကြောင်း ရှိကြောင်းလည်း သိရသည်။

Zawgyi Version;
ဟာရီကိန္းမုန္တိုင္းကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေထာက္ပံ့ေပးရန္အတြက္ အေမရိကန္ေဒၚလာ (၅)သန္း လႉဒါန္းခဲ့တဲ့ ေတလာဆြစ္ဖ္
Pika (NP News) - ေအာက္တိုဘာ ၁၁
ဟာရီကိန္းမုန္တိုင္း ဟယ္လင္နာႏွင့္ မီလ္တန္တို႔ တိုက္ခတ္မႈအၿပီးတြင္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားႏွင့္ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းမ်ားကို ေထာက္ပံ့ေပးရန္အတြက္ Feeding America အဖြဲ႕အစည္းကို နာမည္ေက်ာ္ အဆိုေတာ္ေတလာဆြစ္ဖ္က အေမရိကန္ေဒၚလာ(၅)သန္း လႉဒါန္းခဲ့ေၾကာင္း သိရသည္။
ေတလာဆြစ္ဖ္၏ လႉဒါန္းမႈမ်ားကို Feeding America အက်ိဳးအျမတ္မယူေသာအဖြဲ႕အစည္းက ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၉)ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Feeding America အဖြဲ႕အစည္း စီအီးအို Claire Babineaux-Fontenot က "ဒီလႉဒါန္းမႈနဲ႔ပတ္သက္ၿပီး ကြၽန္မတို႔အဖြဲ႕အစည္းက ေတလာဆြစ္ဖ္ကို တကယ္ကို ေက်းဇူးတင္မိပါတယ္။ ဒီလႉဒါန္းမႈဟာ ဟာရီကိန္းမုန္တိုင္းဒဏ္ခံခဲ့ရတဲ့အသိုင္းအဝိုင္းေတြကို ျပန္လည္ထူေထာင္ေရးေတြ လုပ္ေဆာင္ႏိုင္ဖို႔၊ လိုအပ္တဲ့အစားအစာေတြ၊ သန႔္ရွင္းတဲ့ေရနဲ႔ ေထာက္ပံ့ေရးပစၥည္း ေတြကို ပံ့ပိုးေပးႏိုင္ဖို႔ ကူညီေပးပါလိမ့္မယ္။ အတူတကြသာဆိုရင္ ေရွ႕ေလွ်ာက္ႀကဳံေတြ႕ရမယ့္ စိန္ေခၚမႈေတြကို ရင္ဆိုင္ႏိုင္ေစဖို႔အတြက္ မုန္တိုင္းဒဏ္ခံခဲ့ရတဲ့မိသားစုေတြကို ေထာက္ပံ့ေပးရာမွာ သိသာတဲ့အက်ိဳးသက္ေရာက္မႈ ေတြကို ကြၽန္မတို႔ျပဳလုပ္ႏိုင္ပါတယ္" ဟု ထုတ္ျပန္ေျပာခဲ့သည္။
ထို႔ျပင္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားတြင္ ေတလာဆြစ္ဖ္ႏွင့္အတူ ပူးေပါင္း ပါဝင္ၾကရန္ ၎၏ ပရိသတ္မ်ားႏွင့္ေထာက္ခံသူမ်ားကို Feeding America အဖြဲ႕အစည္းက တိုက္တြန္းခဲ့ေၾကာင္း လည္း သိရသည္။ ေတလာဆြစ္ဖ္၏ သူငယ္ခ်င္းမ်ားျဖစ္ေသာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ Blake Lively ႏွင့္ Ryan Reynolds တို႔ စုံတြဲသည္လည္း ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေထာက္ပံ့ေပးရန္အတြက္ Feeding America အဖြဲ႕အစည္းကို အေမရိကန္ေဒၚလာ(၁)သန္း လႉဒါန္းခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အက်ပ္အတည္းကာလမ်ားအတြင္း Feeding America အဖြဲ႕အစည္းကို Blake Lively ႏွင့္ Ryan Reynolds တို႔စုံတြဲ၏ ႏွစ္ရွည္လမ်ား ကူညီေထာက္ပံ့ေပးမႈသည္ ယခင္ကျဖစ္ပြားခဲ့ေသာ သဘာဝေဘးအႏၲရာယ္မ်ားစြာ အတြက္ အေျခခံလိုအပ္ခ်က္မ်ားအားလုံးကို ကူညီပံ့ပိုးေပးႏိုင္ခဲ့ေၾကာင္း Claire Babineaux-Fontenot က ေျပာၾကားခဲ့သည္။
ေတလာဆြစ္ဖ္သည္ ၂ဝ၂ဝ ျပည့္ႏွစ္တြင္ တန္နက္စီျပည္နယ္ကို တိုက္ခတ္ခဲ့ေသာ ေလဆင္ႏွာေမာင္းႏွင့္ ၂ဝ၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ Kansas City Chiefs အသင္း၏ Super Bowl ႏိုင္ပြဲအတြင္းျဖစ္ပြားခဲ့ေသာ ပစ္ခတ္မႈတို႔ အပါအဝင္ သဘာဝေဘးအႏၲရာယ္မ်ား (သို႔မဟုတ္) ေၾကကြဲဖြယ္ရာျဖစ္ရပ္မ်ားေၾကာင့္ အက်ိဳးအျမတ္မယူေသာ အဖြဲ႕အစည္းမ်ားကို လႉဒါန္းမႈမ်ား လုပ္ေဆာင္ေပးခဲ့သည့္ ရွည္လ်ားေသာသမိုင္းေၾကာင္း ရွိေၾကာင္းလည္း သိရသည္။