နယ်စပ်ပို့ကုန်များ အဆင်ပြေစွာတင်ပို့နိုင်ရန် ဘုရင့်နောင်ကုန်စည်ဒိုင်ဘက်မှ ကြိုးပမ်းနေ

321
NP News - ဒီဇင်ဘာ ၈
နယ်စပ်ပို့ကုန်အများစုမှာ လမ်းပါမ်းဆက်သွယ်ရေးနှင့်လုံခြုံရေးအရ နယ်စပ်တင်ပို့မှုကျဆင်းနေခြင်းကို ဘုရင့်နောင်ကုန်စည်ဒိုင်ဘက်မှ အဆင်ပြေစွာတင်ပို့နိုင်ရန် စီးပွား/ကူးသန်းဝနကြီးဌာနနှင့်ပူးပေါင်းကာ ကြိုးပမ်းနေ ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် နာယက ဦးခင်ဟန် က ပြောသည်။
“အဓိကပြသနာက ပဲ နဲ့ နှမ်းပေါ့။ ကုန်သည်တွေက Expo တင်ချင်ကြတယ်။ လမ်းကြောင်းမကောင်းတာရော နယ်စပ်ဂိတ်ပြဿနာရော နှစ်ခုပေါင်းပြီး တင်ပို့မှုနည်းနေတာပါ။ အခုတော့ပြန်ဖွင့်နေပါပြီ။ ပဲ၊ နှမ်း ဈေးတွေလည်း ပြန်တက်လာပါတယ်။ ပြည်တွင်းကုန်သည်တွေအတွက်က အေးဆေးပါပဲ” ဟု ဦးခင်ဟန်က ဆိုသည်။
မြန်မာနိုင်ငံ၏ အကြီးမားဆုံးကုန်စည်ဒိုင်ဖြစ်သော ဘုရင့်နောင်ကုန်စည်ဒိုင်၏ ၃၁ ကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်ပွဲကို ဒီဇင်ဘာလ(၇)ရက်တွင် ကျင်းပခဲ့ရာ ပို့ကုန်ဆိုင်ရာကိစ္စရပ်များကို အများဆုံးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ယခု ၂ဝ၂၄ ခုနှစ် ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ပဲ၊ နှမ်းတန်ချိန် (၂.၉၈)သန်းအထိ တင်ပို့ထားပြီး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
Zawgyi Version;
နယ္စပ္ပို႔ကုန္မ်ား အဆင္ေျပစြာတင္ပို႔ႏိုင္ရန္ ဘုရင့္ေနာင္ကုန္စည္ဒိုင္ဘက္မွ ႀကိဳးပမ္းေန
NP News - ဒီဇင္ဘာ ၈
နယ္စပ္ပို႔ကုန္အမ်ားစုမွာ လမ္းပါမ္းဆက္သြယ္ေရးႏွင့္လုံၿခဳံေရးအရ နယ္စပ္တင္ပို႔မႈက်ဆင္းေနျခင္းကို ဘုရင့္ေနာင္ကုန္စည္ဒိုင္ဘက္မွ အဆင္ေျပစြာတင္ပို႔ႏိုင္ရန္ စီးပြား/ကူးသန္းဝနႀကီးဌာနႏွင့္ပူးေပါင္းကာ ႀကိဳးပမ္းေန ေၾကာင္း ဘုရင့္ေနာင္ကုန္စည္ဒိုင္ နာယက ဦးခင္ဟန္ က ေျပာသည္။
“အဓိကျပသနာက ပဲ နဲ႔ ႏွမ္းေပါ့။ ကုန္သည္ေတြက Expo တင္ခ်င္ၾကတယ္။ လမ္းေၾကာင္းမေကာင္းတာေရာ နယ္စပ္ဂိတ္ျပႆနာေရာ ႏွစ္ခုေပါင္းၿပီး တင္ပို႔မႈနည္းေနတာပါ။ အခုေတာ့ျပန္ဖြင့္ေနပါၿပီ။ ပဲ၊ ႏွမ္း ေဈးေတြလည္း ျပန္တက္လာပါတယ္။ ျပည္တြင္းကုန္သည္ေတြအတြက္က ေအးေဆးပါပဲ” ဟု ဦးခင္ဟန္က ဆိုသည္။
ျမန္မာႏိုင္ငံ၏ အႀကီးမားဆုံးကုန္စည္ဒိုင္ျဖစ္ေသာ ဘုရင့္ေနာင္ကုန္စည္ဒိုင္၏ ၃၁ ႀကိမ္ေျမာက္ အသင္းသားစုံညီ ႏွစ္ပတ္လည္ပြဲကို ဒီဇင္ဘာလ(၇)ရက္တြင္ က်င္းပခဲ့ရာ ပို႔ကုန္ဆိုင္ရာကိစၥရပ္မ်ားကို အမ်ားဆုံးေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမွ ျပည္ပသို႔ ယခု ၂ဝ၂၄ ခုႏွစ္ ဘ႑ာႏွစ္ ဧၿပီလမွ ႏိုဝင္ဘာလအထိ ပဲ၊ ႏွမ္းတန္ခ်ိန္ (၂.၉၈)သန္းအထိ တင္ပို႔ထားၿပီး တ႐ုတ္ႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံမ်ားသို႔ တင္ပို႔ေနျခင္းျဖစ္ေၾကာင္း သိရသည္။