ဆီးရီးယားနိုင်ငံအတွင်းကနေ ချက်ချင်းထွက်ခွာကြဖို့ ၎င်းရဲ့နိုင်ငံသားတွေကို ပိုလန်အစိုးရ တိုက်တွန်း

534

Pika (NP News) - ဒီဇင်ဘာ ၈
ဆီးရီးယားနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ပိုလန်နိုင်ငံသားတွေအားလုံးအနေနဲ့ ဆီးရီးယားနိုင်ငံအတွင်းကနေ ချက်ချင်းထွက်ခွာသင့်တယ်လို့ ပိုလန်သံရုံးက ဒီဇင်ဘာလ(၈)ရက်မှာ သတင်းထုတ် ပြန်ခဲ့ပါတယ်။ ပိုလန်သံရုံးက "ဆီးရီးယားနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ လျင်လျင်မြန်မြန်နဲ့ပဲ အရှိန်မြင့်လာတာကြောင့် နိုင်ငံအတွင်းမှာနေထိုင်တဲ့ ပိုလန်နိုင်ငံသားတွေအားလုံးကို ချက်ချင်းထွက်ခွာကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ပြီးတော့ ဆီးရီးယားနိုင်ငံအတွင်းကိုလည်း ဝင်ရောက်လာတာတွေ မလုပ်ကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်" လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ဆက်နွယ်နေတဲ့ Hayat Tahrir-al-Sham (HTS) စစ်သွေးကြွအဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ Idlib မြို့မှာ ထိုးစစ်ဆင်မှုတွေကို စတင်လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် Hayat Tahrir-al-Sham (HTS) စစ်သွေးကြွအဖွဲ့ဟာ ဆီးရီးယားတပ်ဖွဲ့တွေကို တိုက်ထုတ်ပြီး Aleppo နဲ့ Hama မြို့တို့ကို သိမ်းပိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
အီရန်အစိုးရဟာ စစ်သွေးကြွအဖွဲ့တွေရဲ့ထိုးစစ်ဆင်မှုတွေကို ရင်ဆိုင်နေရတဲ့ ဆီးရီးယားအစိုးရကို ကူညီထောက်ပံ့ ပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အရာချီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကလည်း စစ်သွေးကြွအဖွဲ့တွေရဲ့ ထကြွသောင်းကျန်းမှုကို ရင်ဆိုင်နေရတဲ့ဆီးရီးယားအစိုးရကို ကူညီထောက်ပံ့ပေးမှုတွေ လုပ်ဆောင်ပေးသွား မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ဖူးပါတယ်။ ပြီးတော့ ဆီးရီးယားအစိုးရကို ကူညီထောက်ပံ့ပေးမှုတွေ လုပ်ဆောင်သွားဖို့ အာရပ်နိုင်ငံတွေကို လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က တောင်းဆိုခဲ့တယ် လို့လည်း သိရပါတယ်။

Zawgyi Version;
ဆီးရီးယားႏိုင္ငံအတြင္းကေန ခ်က္ခ်င္းထြက္ခြာၾကဖို႔ ၎ရဲ႕ႏိုင္ငံသားေတြကို ပိုလန္အစိုးရ တိုက္တြန္း
Pika (NP News) - ဒီဇင္ဘာ ၈
ဆီးရီးယားႏိုင္ငံအတြင္းမွာ ျဖစ္ပြားေနတဲ့ လုံၿခဳံေရးအေျခအေနေတြေၾကာင့္ ပိုလန္ႏိုင္ငံသားေတြအားလုံးအေနနဲ႔ ဆီးရီးယားႏိုင္ငံအတြင္းကေန ခ်က္ခ်င္းထြက္ခြာသင့္တယ္လို႔ ပိုလန္သံ႐ုံးက ဒီဇင္ဘာလ(၈)ရက္မွာ သတင္းထုတ္ ျပန္ခဲ့ပါတယ္။ ပိုလန္သံ႐ုံးက "ဆီးရီးယားႏိုင္ငံအတြင္းမွာျဖစ္ပြားေနတဲ့တိုက္ပြဲေတြဟာ လ်င္လ်င္ျမန္ျမန္နဲ႔ပဲ အရွိန္ျမင့္လာတာေၾကာင့္ ႏိုင္ငံအတြင္းမွာေနထိုင္တဲ့ ပိုလန္ႏိုင္ငံသားေတြအားလုံးကို ခ်က္ခ်င္းထြက္ခြာၾကဖို႔ ကြၽန္ေတာ္တို႔ တိုက္တြန္းပါတယ္။ ၿပီးေတာ့ ဆီးရီးယားႏိုင္ငံအတြင္းကိုလည္း ဝင္ေရာက္လာတာေတြ မလုပ္ၾကဖို႔ ကြၽန္ေတာ္တို႔ ေတာင္းဆိုပါတယ္" လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။
အယ္လ္ကိုင္းဒါး အၾကမ္းဖက္အဖြဲ႕နဲ႔ဆက္ႏြယ္ေနတဲ့ Hayat Tahrir-al-Sham (HTS) စစ္ေသြးႂကြအဖြဲ႕ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္မွာ Idlib ၿမိဳ႕မွာ ထိုးစစ္ဆင္မႈေတြကို စတင္လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ Hayat Tahrir-al-Sham (HTS) စစ္ေသြးႂကြအဖြဲ႕ဟာ ဆီးရီးယားတပ္ဖြဲ႕ေတြကို တိုက္ထုတ္ၿပီး Aleppo နဲ႔ Hama ၿမိဳ႕တို႔ကို သိမ္းပိုက္ခဲ့တယ္လို႔လည္း သိရပါတယ္။
အီရန္အစိုးရဟာ စစ္ေသြးႂကြအဖြဲ႕ေတြရဲ႕ထိုးစစ္ဆင္မႈေတြကို ရင္ဆိုင္ေနရတဲ့ ဆီးရီးယားအစိုးရကို ကူညီေထာက္ပံ့ ေပးမႈေတြ လုပ္ေဆာင္သြားမယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အဘက္စ္အရာခ်ီက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကလည္း စစ္ေသြးႂကြအဖြဲ႕ေတြရဲ႕ ထႂကြေသာင္းက်န္းမႈကို ရင္ဆိုင္ေနရတဲ့ဆီးရီးယားအစိုးရကို ကူညီေထာက္ပံ့ေပးမႈေတြ လုပ္ေဆာင္ေပးသြား မယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ဖူးပါတယ္။ ၿပီးေတာ့ ဆီးရီးယားအစိုးရကို ကူညီေထာက္ပံ့ေပးမႈေတြ လုပ္ေဆာင္သြားဖို႔ အာရပ္ႏိုင္ငံေတြကို လက္ဘႏြန္အေျခစိုက္ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က ေတာင္းဆိုခဲ့တယ္ လို႔လည္း သိရပါတယ္။