ဆီးရီးယားမြို့တော်ကို စစ်သွေးကြွအဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်မှုနဲ့အတူ သမ္မတဘာရှာအာဆတ်ရဲ့ (၂၄)နှစ်ကြာ အုပ်ချုပ်မှု အဆုံးသတ်နိုင်ဖွယ်ရှိနေ

2577

Pika (NP News) - ဒီဇင်ဘာ ၈
ဂျီဟတ်ဝါဒီစစ်သွေးကြွတွေနဲ့ အခြားသော အစိုးရဆန့်ကျင်ရေးစစ်သွေးကြွအဖွဲ့တွေဟာ ဒီဇင်ဘာလ(၇)ရက်မှာ ဆီးရီယားနိုင်ငံ ဒမတ်စကတ်မြို့ကို ဝင်ရောက်ခဲ့ပြီး ထိန်းချုပ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ စစ်သွေးကြွ အဖွဲ့တွေက ဒမတ်စကတ်မြို့ဟာ ဆီးရီးယားသမ္မတဘာရှာအာဆတ်အစိုးရရဲ့လက်ထဲကနေ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဘာရှာအာဆတ်ဟာ ဒမတ်စကတ်မြို့တော်က ထွက်ပြေးသွားပြီဖြစ်တယ်လို့ ပြောဆိုခဲ့ ကြတယ်လို့လည်း သိရပါတယ်။
ဆီးရီးယားနိုင်ငံကို နှစ်ပေါင်း(၂၄)နှစ်လောက် အုပ်ချုပ်ခဲ့တဲ့ ဘာရှာအာဆတ်ဟာ ဒီဇင်ဘာလ(၇)ရက် ညနေပိုင်းမှာ ဒမတ်စကတ်မြို့ကနေ ထွက်ပြေးသွားခဲ့တယ်လို့ အကြီးတန်းစစ်ဘက်အရာရှိနှစ်ဦးကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ ဒီဇင်ဘာလ(၇)ရက် အစောပိုင်းမှာ ဂျီဟတ်ဝါဒီစစ်သွေးကြွအဖွဲ့က ၎င်းတို့ဟာ အဓိကမြို့ဖြစ်တဲ့ Homs မြို့မှာ တစ်ရက်လောက်ပဲတိုက်ပွဲဝင်ခဲ့ရပြီး အပြည့်အဝထိန်းချုပ်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါပေမယ့်လည်း ဆီးရီးယားဝန်ကြီးချုပ် မိုဟာမက်အယ်လ်ဂျာလာလီဟာ ပြည်သူတွေ ရွေးချယ်မယ့် ခေါင်းဆောင် ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ ကမ်းလှမ်းထားပြီး ၎င်းရဲ့နေအိမ်မှာပဲ ဆက်လက်ရှိနေသေး တယ်လို့ ထုတ်ပြန်ပြောကြားထားပါတယ်။
အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့တပ်မှူးဟောင်း ဂျာဘတ်အယ်လ်နူစရာဦးဆောင်တဲ့ HTS စစ်သွေးကြွအဖွဲ့ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဆီးရီးယားနိုင်ငံမြောက်ပိုင်း Idlib ပြည်နယ်မှာ ကြီးမားတဲ့ထိုးစစ်ဆင်မှုတွေကို စတင် လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ဂျီဟတ်ဝါဒီစစ်သွေးကြွအဖွဲ့တွေဟာ ဆီးရီးယားတပ်ဖွဲ့တွေကို Aleppo၊ Hama၊ Homs နဲ့ Al-Qusayr မြို့တွေကနေ တိုက်ထုတ်ပစ်နိုင်ခဲ့ပြီး သိမ်းပိုက်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးတော့ အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ Free Syrian Army (FSA) ဟာ ရှေးဟောင်းမြို့တစ်မြို့ ဖြစ်တဲ့ Palmyra မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ဟာ နိုင်ငံအရှေ့ဘက်ခြမ်းမှာရှိတဲ့ Deir ez-Zor မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
Free Syrian Army (FSA) ဟာ ဂျီဟတ်ဝါဒီစစ်သွေးကြွအဖွဲ့တွေနဲ့ ဒေသခံပြည်သူ့စစ်တွေများစွာပါဝင်တဲ့ အစိုးရ ဆန့်ကျင်ရေးတပ်ဖွဲ့တွေရဲ့ ကျယ်ပြန့်တဲ့ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဆီးရီးယားသမ္မတဘာရှာအာဆတ်ရဲ့(၂၄)နှစ်ကြာအုပ်ချုပ်မှုက အဆုံးသတ်တော့မှာဖြစ်ကြောင်း ဆီးရီးယားစစ်တပ် ကွပ်ကဲမှုဌာနချုပ်က ဒီဇင်ဘာလ(၈)ရက်မှာ ထုတ်ပြန်ကြေညာခဲ့တယ်လို့ ရိုက်တာသတင်းဌာနနဲ့ စကားပြောဆိုခဲ့ တဲ့ ဆီးရီးယားအရာရှိတစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။
ဂျီဟတ်ဝါဒီစစ်သွေးကြွအဖွဲ့တွေဟာ ဒမတ်စကတ်မြို့ကို အရှိန်အဟုန်နဲ့ထိုးစစ်ဆင်ခဲ့ပြီးနောက် အဲဒီကြေညာချက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version;
ဆီးရီးယားၿမိဳ႕ေတာ္ကို စစ္ေသြးႂကြအဖြဲ႕ေတြက ဝင္ေရာက္ထိန္းခ်ဳပ္မႈနဲ႔အတူ သမၼတဘာရွာအာဆတ္ရဲ႕ (၂၄)ႏွစ္ ၾကာ အုပ္ခ်ဳပ္မႈ အဆုံးသတ္ႏိုင္ဖြယ္ရွိေန
Pika (NP News) - ဒီဇင္ဘာ ၈
ဂ်ီဟတ္ဝါဒီစစ္ေသြးႂကြေတြနဲ႔ အျခားေသာ အစိုးရဆန႔္က်င္ေရးစစ္ေသြးႂကြအဖြဲ႕ေတြဟာ ဒီဇင္ဘာလ(၇)ရက္မွာ ဆီးရီယားႏိုင္ငံ ဒမတ္စကတ္ၿမိဳ႕ကို ဝင္ေရာက္ခဲ့ၿပီး ထိန္းခ်ဳပ္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ စစ္ေသြးႂကြ အဖြဲ႕ေတြက ဒမတ္စကတ္ၿမိဳ႕ဟာ ဆီးရီးယားသမၼတဘာရွာအာဆတ္အစိုးရရဲ႕လက္ထဲကေန လြတ္ေျမာက္သြားၿပီ ျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီး ဘာရွာအာဆတ္ဟာ ဒမတ္စကတ္ၿမိဳ႕ေတာ္က ထြက္ေျပးသြားၿပီျဖစ္တယ္လို႔ ေျပာဆိုခဲ့ ၾကတယ္လို႔လည္း သိရပါတယ္။
ဆီးရီးယားႏိုင္ငံကို ႏွစ္ေပါင္း(၂၄)ႏွစ္ေလာက္ အုပ္ခ်ဳပ္ခဲ့တဲ့ ဘာရွာအာဆတ္ဟာ ဒီဇင္ဘာလ(၇)ရက္ ညေနပိုင္းမွာ ဒမတ္စကတ္ၿမိဳ႕ကေန ထြက္ေျပးသြားခဲ့တယ္လို႔ အႀကီးတန္းစစ္ဘက္အရာရွိႏွစ္ဦးကို ကိုးကားၿပီး ႐ိုက္တာ သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒီဇင္ဘာလ(၇)ရက္ အေစာပိုင္းမွာ ဂ်ီဟတ္ဝါဒီစစ္ေသြးႂကြအဖြဲ႕က ၎တို႔ဟာ အဓိကၿမိဳ႕ျဖစ္တဲ့ Homs ၿမိဳ႕မွာ တစ္ရက္ေလာက္ပဲတိုက္ပြဲဝင္ခဲ့ရၿပီး အျပည့္အဝထိန္းခ်ဳပ္မႈေတြ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ဒါေပမယ့္လည္း ဆီးရီးယားဝန္ႀကီးခ်ဳပ္ မိုဟာမက္အယ္လ္ဂ်ာလာလီဟာ ျပည္သူေတြ ေ႐ြးခ်ယ္မယ့္ ေခါင္းေဆာင္ ဘယ္သူနဲ႔မဆို ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ေဆာင္ဖို႔ ကမ္းလွမ္းထားၿပီး ၎ရဲ႕ေနအိမ္မွာပဲ ဆက္လက္ရွိေနေသး တယ္လို႔ ထုတ္ျပန္ေျပာၾကားထားပါတယ္။
အယ္လ္ကိုင္းဒါးအၾကမ္းဖက္အဖြဲ႕တပ္မႉးေဟာင္း ဂ်ာဘတ္အယ္လ္ႏူစရာဦးေဆာင္တဲ့ HTS စစ္ေသြးႂကြအဖြဲ႕ဟာ ၿပီးခဲ့တဲ့သီတင္းပတ္မွာ ဆီးရီးယားႏိုင္ငံေျမာက္ပိုင္း Idlib ျပည္နယ္မွာ ႀကီးမားတဲ့ထိုးစစ္ဆင္မႈေတြကို စတင္ လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ဂ်ီဟတ္ဝါဒီစစ္ေသြးႂကြအဖြဲ႕ေတြဟာ ဆီးရီးယားတပ္ဖြဲ႕ေတြကို Aleppo၊ Hama၊ Homs နဲ႔ Al-Qusayr ၿမိဳ႕ေတြကေန တိုက္ထုတ္ပစ္ႏိုင္ခဲ့ၿပီး သိမ္းပိုက္မႈေတြ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ၿပီးေတာ့ အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ Free Syrian Army (FSA) ဟာ ေရွးေဟာင္းၿမိဳ႕တစ္ၿမိဳ႕ ျဖစ္တဲ့ Palmyra ၿမိဳ႕ကိုသိမ္းပိုက္ႏိုင္ခဲ့ၿပီး အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳ ဆီးရီးယားဒီမိုကရက္တစ္တပ္ဖြဲ႕ (SDF) ဟာ ႏိုင္ငံအေရွ႕ဘက္ျခမ္းမွာရွိတဲ့ Deir ez-Zor ၿမိဳ႕ကို သိမ္းယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။
Free Syrian Army (FSA) ဟာ ဂ်ီဟတ္ဝါဒီစစ္ေသြးႂကြအဖြဲ႕ေတြနဲ႔ ေဒသခံျပည္သူ႔စစ္ေတြမ်ားစြာပါဝင္တဲ့ အစိုးရ ဆန႔္က်င္ေရးတပ္ဖြဲ႕ေတြရဲ႕ က်ယ္ျပန႔္တဲ့ၫြန႔္ေပါင္းအဖြဲ႕တစ္ဖြဲ႕ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဆီးရီးယားသမၼတဘာရွာအာဆတ္ရဲ႕(၂၄)ႏွစ္ၾကာအုပ္ခ်ဳပ္မႈက အဆုံးသတ္ေတာ့မွာျဖစ္ေၾကာင္း ဆီးရီးယားစစ္တပ္ ကြပ္ကဲမႈဌာနခ်ဳပ္က ဒီဇင္ဘာလ(၈)ရက္မွာ ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ ႐ိုက္တာသတင္းဌာနနဲ႔ စကားေျပာဆိုခဲ့ တဲ့ ဆီးရီးယားအရာရွိတစ္ဦးရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။
ဂ်ီဟတ္ဝါဒီစစ္ေသြးႂကြအဖြဲ႕ေတြဟာ ဒမတ္စကတ္ၿမိဳ႕ကို အရွိန္အဟုန္နဲ႔ထိုးစစ္ဆင္ခဲ့ၿပီးေနာက္ အဲဒီေၾကညာခ်က္ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။