၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် ဝန်ကြီးဌာနများ နှင့် ဦးစီးဌာနအချို့ကို ကြိုးကိုင်၍ NLD ပြင်ဆင်ခဲ့

1899

သုတကျော် (NP News) - ဒီဇင်ဘာ ၉
(၂၀၂၀) ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများနှင့် ဦးစီး ဌာနအချို့ကို ကြိုးကိုင်၍ NLD ပြင်ဆင်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် သော အချက်အလက်များအရ သိရသည်။
(၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရား မဲ့ပြုကျင့်မှု များအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက် အမည်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က (၂၀၂၀) ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူများ လေ့လာနိုင်ရန် ဝက်ဘ်ဆိုက် လွှင့်တင်ထားရာတွင် အဆိုပါအချက်အလက်များအ တွင်း အထက်ပါအချက်ကိုလည်းထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အဓိကအလေးထားဆောင်ရွက်ရ သည့်ကိစ္စများမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်း ပြုစုရခြင်းဖြစ်ပြီး အာဏာရအစိုးရသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိရေးအတွက် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနနှင့် ဦးစီးဌာနအချို့ကို ကြိုးကိုင်၍ (၂၀၂၀) ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ မကျင်းပမီ နှစ်နှစ်ခန့် အလိုကပင် ကြိုတင်ပြင်ဆင်ခဲ့ကြောင်း သုံးသပ်တွေ့ ရှိရသည်ဟု ဖော်ပြထားသည်။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၅ (က) အရ မဲစာရင်းပြုစုရာတွင် အဓိက ဦးစီး ဌာနတစ်ရပ် အနေဖြင့် ပါဝင်နေသော အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် (၂၀၁၀) ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ (၂၀၁၂) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ (၂၀၁၅) ခုနှစ် ပါတီစုံ ဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ၊ (၂၀၁၇) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ (၂၀၁၈) ခုနှစ် ကြားဖြတ် ရွေး ကောက်ပွဲများ ကျင်းပနိုင်ရန်အတွက် မဲစာရင်းများ ပြုစုခဲ့ချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် ရှိ ဦးစီးဌာနတစ်ရပ်အနေဖြင့် တည်ရှိခဲ့ကြောင်း စာအရ သိရသည်။ (၂၀၁၈) ခုနှစ် ဒီဇင်ဘာလ (၂၈) ရက် နေ့တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေး အမှတ်စဉ် (၂၃/၂၀၁၈)၏ သဘောတူညီချက်အရ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့မှစ၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းဖွဲ့စည်းခဲ့ကာ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေညာစာအမှတ်(၁၄/၂၀၁၉) ဖြင့် ထိုစဉ်က သမ္မတဖြစ်သော ဦးဝင်းမြင့်က ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေးဗဟိုကော်မတီနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကြားဖြတ် လူဦးရေစာရင်းကောက်ယူရေး ကော်မတီများ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်ဟု စာတွင် ဖော်ပြထားသည်။ ထို့ပြင် ယခင်ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် (၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများ ပြုစုဆောင်ရွက်နိုင်ရန် (၂၀၁၉) ခုနှစ်ကို မဲစာရင်းပြုစုခြင်းနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး လူဦးရေ စာရင်းအချက်အလက်များ ကောက်ယူ ပြုစုခြင်း၊ အခြေခံမဲ ဆန္ဒရှင်စာရင်းပြုစု ခြင်းဆိုင်ရာ လုပ်ငန်း စီမံချက်ကို ထုတ်ပြန်ဆောင်ရွက်ခဲ့ရာ လူဦးရေ စာရင်းကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက် နေသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးများမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနိုင်ရရှိရေးအတွက် လူဦးရေစာရင်း များကို ကြိုတင်ပြင်ဆင်၍ ပြည်ထောင်စု ရွေး ကောက် ပွဲကော်မရှင်က (၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူစာရင်း ကောက်ယူခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့် စွက်ခြင်းလုပ်ငန်းများ ဆောင်ရွက် သည့်အခါတွင် ထည့်သွင်းနိုင်ရန်အတွက် စနစ်တကျ ကြိုတင်ပြင်ဆင်လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိ ရသည်ဟု ဖော်ပြ ထားသည်။
လူဦးရေစာရင်းပြုစုခြင်းအပိုင်းသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ရ သည့်အပိုင်း ဖြစ်ပြီး လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အသေးစိတ် ပြန် လည်စိစစ်ပေး ရမည့်အပိုင်းဖြစ်ရာ NLD ပါတီအစိုးရ အနေဖြင့် အရေးပါသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအား ကြိုးကိုင် ခြယ်လှယ် နိုင်ရန် နိုင်ငံတော်သမ္မတရုံး၏အမိန့်ဖြင့် တိုင်းဒေသ ကြီး/ပြည်နယ် များရှိ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနကို ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မှလွဲ၍ လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန် ကြီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းကာ ဝန်ကြီးများ ထပ်မံ ခန့်ထားပြီး NLD ပါတီ အနိုင်ရရှိရေးအတွက် စနစ်တကျ အဆင့်ဆင့် ဆောင်ရွက်ခဲ့ သည်ကို တွေ့ရှိရပြီး ထိုသို့ဆောင်ရွက်ချက်များ သည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား (၂) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း အငြင်းပွားဖွယ်ဖြစ်ခဲ့ရသည်ဟု စာတွင် ဖော်ပြထားသည်။ ဝန်ကြီးဌာနအသစ်ဖွဲ့စည်း ခဲ့သည့်အချိန်သည် (၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေ ရွေးကောက်ပွဲအတွက် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဦးစီးဌာနတို့ဖြင့်ပူးပေါင်းပြီး မဲစာရင်း ပြုစုမည့် အချိန်မတိုင်မီ ဖြစ်ကြောင်း တွေ့ရှိရသည်ဟုလည်း စာတွင်ရေးသားထားသည်။
(၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယခင်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှကြေညာခဲ့သည့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူစာရင်းမှာ (၃၈၂၇၁၄၄၇) ဦး၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏စာရင်းမှာ (၃၁၇၇၅၃၃၀) ဦးဖြစ်သည်။ (၂၀၂၀) ပြည့်နှစ် နိုဝင်ဘာလတွင်ရှိသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အသက် (၁၈) နှစ်ပြည့်ပြီးသူ စာရင်းမှာ (၃၅၄၇၆၈၃၃) ဦးဖြစ်သဖြင့် အခြေခံလူဦးရေစာရင်းများ ကွာခြားလျက်ရှိသည်မှာ မဲမသမာမှုများ ဖြစ်ပေါ်ရေးအတွက် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ကြောင်း ပေါ်လွင်ထင်ရှားကြောင်းလည်း စာတွင်ဖော်ပြထားသည်။
zawgyi version
၂၀၂၀ ေ႐ြးေကာက္ပြဲ အႏိုင္ရရွိေရးအတြက္ ဝန္ႀကီးဌာနမ်ား ႏွင့္ ဦးစီးဌာနအခ်ိဳ႕ကို ႀကိဳးကိုင္၍ NLD
ျပင္ဆင္ခဲ့
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၉
(၂၀၂၀) ေ႐ြးေကာက္ပြဲ အႏိုင္ရရွိေရးအတြက္ ျပည္ေထာင္စုအဆင့္ဝန္ႀကီးဌာနမ်ားႏွင့္ ဦးစီး ဌာနအခ်ိဳ႕ကို ႀကိဳးကိုင္၍ NLD ျပင္ဆင္ခဲ့ေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ ေသာ အခ်က္အလက္မ်ားအရ သိရသည္။
(၂၀၂၀) ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ၌ ျဖစ္ပြားခဲ့သည့္ မဲမသမာမႈႏွင့္တရား မဲ့ျပဳက်င့္မႈ မ်ားအေပၚစုံစမ္းစစ္ေဆးေတြ႕ရွိခ်က္ အမည္ျဖင့္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က (၂၀၂၀) ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ ျပည္သူမ်ား ေလ့လာႏိုင္ရန္ ဝက္ဘ္ဆိုက္ လႊင့္တင္ထားရာတြင္ အဆိုပါအခ်က္အလက္မ်ားအ တြင္း အထက္ပါအခ်က္ကိုလည္းထည့္သြင္း ေဖာ္ျပထားျခင္းျဖစ္သည္။ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲအတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနျဖင့္ အဓိကအေလးထားေဆာင္႐ြက္ရ သည့္ကိစၥမ်ားမွာ ဆႏၵမဲေပးပိုင္ခြင့္ရွိသူမ်ား စာရင္း ျပဳစုရျခင္းျဖစ္ၿပီး အာဏာရအစိုးရသည္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ အႏိုင္ရရွိေရးအတြက္ ျပည္ေထာင္စုအဆင့္ဝန္ႀကီးဌာနႏွင့္ ဦးစီးဌာနအခ်ိဳ႕ကို ႀကိဳးကိုင္၍ (၂၀၂၀) ျပည့္ႏွစ္ ပါတီစုံ ဒီမိုကေရစီ အေထြေထြေ႐ြး ေကာက္ပြဲ မက်င္းပမီ ႏွစ္ႏွစ္ခန႔္ အလိုကပင္ ႀကိဳတင္ျပင္ဆင္ခဲ့ေၾကာင္း သုံးသပ္ေတြ႕ ရွိရသည္ဟု ေဖာ္ျပထားသည္။
သက္ဆိုင္ရာလႊတ္ေတာ္ေ႐ြးေကာက္ပြဲ နည္းဥပေဒ ၅ (က) အရ မဲစာရင္းျပဳစုရာတြင္ အဓိက ဦးစီး ဌာနတစ္ရပ္ အေနျဖင့္ ပါဝင္ေနေသာ အေထြ ေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနသည္ (၂၀၁၀) ျပည့္ႏွစ္ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ၊ (၂၀၁၂) ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ၊ (၂၀၁၅) ခုႏွစ္ ပါတီစုံ ဒီမို ကေရစီအေထြေထြေ႐ြးေကာက္ပြဲ၊ (၂၀၁၇) ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ၊ (၂၀၁၈) ခုႏွစ္ ၾကားျဖတ္ ေ႐ြး ေကာက္ပြဲမ်ား က်င္းပႏိုင္ရန္အတြက္ မဲစာရင္းမ်ား ျပဳစုခဲ့ခ်ိန္တြင္ ျပည္ထဲေရးဝန္ႀကီးဌာန လက္ေအာက္ ရွိ ဦးစီးဌာနတစ္ရပ္အေနျဖင့္ တည္ရွိခဲ့ေၾကာင္း စာအရ သိရသည္။ (၂၀၁၈) ခုႏွစ္ ဒီဇင္ဘာလ (၂၈) ရက္ ေန႔တြင္က်င္းပျပဳလုပ္ေသာ ျပည္ေထာင္စုသမၼတျမန္မာ ႏိုင္ငံေတာ္၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္း အေဝး အမွတ္စဥ္ (၂၃/၂၀၁၈)၏ သေဘာတူညီခ်က္အရ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနကို (၂၀၁၈) ခုႏွစ္၊ ဒီဇင္ဘာလ (၂၈) ရက္ေန႔မွစ၍ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန လက္ေအာက္သို႔ လႊဲေျပာင္းဖြဲ႕စည္းခဲ့ကာ ႏိုင္ငံေတာ္သမၼတ႐ုံး၏ အမိန႔္ေၾကညာစာအမွတ္(၁၄/၂၀၁၉) ျဖင့္ ထိုစဥ္က သမၼတျဖစ္ေသာ ဦးဝင္းျမင့္က ၾကားျဖတ္လူဦးေရ သန္းေခါင္စာရင္းေကာက္ယူေရးဗဟိုေကာ္မတီႏွင့္ ေနျပည္ေတာ္၊ တိုင္းေဒသႀကီး/ ျပည္နယ္ ၾကားျဖတ္ လူဦးေရစာရင္းေကာက္ယူေရး ေကာ္မတီမ်ား ဖြဲ႕စည္းေၾကာင္း ထုတ္ျပန္ခဲ့သည္ဟု စာတြင္ ေဖာ္ျပထားသည္။ ထို႔ျပင္ ယခင္ျပည္ေထာင္စုေ႐ြးေကာက္ ပြဲေကာ္မရွင္သည္ (၂၀၂၀) ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵရွင္ စာရင္းမ်ား ျပဳစုေဆာင္႐ြက္ႏိုင္ရန္ (၂၀၁၉) ခုႏွစ္ကို မဲစာရင္းျပဳစုျခင္းႏွစ္အျဖစ္ သတ္မွတ္ခဲ့ၿပီး လူဦးေရ စာရင္းအခ်က္အလက္မ်ား ေကာက္ယူ ျပဳစုျခင္း၊ အေျခခံမဲ ဆႏၵရွင္စာရင္းျပဳစု ျခင္းဆိုင္ရာ လုပ္ငန္း စီမံခ်က္ကို ထုတ္ျပန္ေဆာင္႐ြက္ခဲ့ရာ လူဦးေရ စာရင္းကို ျပည္ေထာင္စုအစိုးရ အဖြဲ႕႐ုံးဝန္ႀကီးဌာန ေအာက္ရွိ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မ်ားတြင္ ပါဝင္ပတ္သက္ ေနေသာ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္စာေရးမ်ားမွ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ အႏိုင္ရရွိေရးအတြက္ လူဦးေရစာရင္း မ်ားကို ႀကိဳတင္ျပင္ဆင္၍ ျပည္ေထာင္စု ေ႐ြး ေကာက္ ပြဲေကာ္မရွင္က (၂၀၂၀) ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ဆႏၵမဲ ေပးပိုင္ခြင့္ ရွိသူစာရင္း ေကာက္ယူျခင္း၊ ျပင္ဆင္ျခင္းႏွင့္ ျဖည့္ စြက္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ သည့္အခါတြင္ ထည့္သြင္းႏိုင္ရန္အတြက္ စနစ္တက် ႀကိဳတင္ျပင္ဆင္လုပ္ေဆာင္ခဲ့ေၾကာင္း ေတြ႕ရွိ ရသည္ဟု ေဖာ္ျပ ထားသည္။
လူဦးေရစာရင္းျပဳစုျခင္းအပိုင္းသည္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္ယူ ေဆာင္႐ြက္ရ သည့္အပိုင္း ျဖစ္ၿပီး လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ျပည္သူ႔အင္အားဦးစီးဌာနမွ အေသးစိတ္ ျပန္ လည္စိစစ္ေပး ရမည့္အပိုင္းျဖစ္ရာ NLD ပါတီအစိုးရ အေနျဖင့္ အေရးပါေသာ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာနအား ႀကိဳးကိုင္ ျခယ္လွယ္ ႏိုင္ရန္ ႏိုင္ငံေတာ္သမၼတ႐ုံး၏အမိန႔္ျဖင့္ တိုင္းေဒသ ႀကီး/ျပည္နယ္ မ်ားရွိ အလုပ္သမား၊ လူဝင္မႈႀကီး ၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီး ဌာနကို ရခိုင္ျပည္နယ္ႏွင့္ ရွမ္း ျပည္နယ္မွလြဲ၍ လူဝင္မႈႀကီးၾကပ္ေရး ႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ ႀကီးဌာနအျဖစ္ တိုးခ်ဲ႕ဖြဲ႕စည္းကာ ဝန္ႀကီးမ်ား ထပ္မံ ခန႔္ထားၿပီး NLD ပါတီ အႏိုင္ရရွိေရးအတြက္ စနစ္တက် အဆင့္ဆင့္ ေဆာင္႐ြက္ခဲ့ သည္ကို ေတြ႕ရွိရၿပီး ထိုသို႔ေဆာင္႐ြက္ခ်က္မ်ား သည္လည္း ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဇယား (၂) ပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ညီၫြတ္မႈမရွိေၾကာင္း အျငင္းပြားဖြယ္ျဖစ္ခဲ့ရသည္ဟု စာတြင္ ေဖာ္ျပထားသည္။ ဝန္ႀကီးဌာနအသစ္ဖြဲ႕စည္း ခဲ့သည့္အခ်ိန္သည္ (၂၀၂၀) ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီအေထြ ေထြ ေ႐ြးေကာက္ပြဲအတြက္ ျပည္ ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္ သူ႔အင္အားဦးစီးဌာနတို႔ျဖင့္ပူးေပါင္းၿပီး မဲစာရင္း ျပဳစုမည့္ အခ်ိန္မတိုင္မီ ျဖစ္ေၾကာင္း ေတြ႕ရွိရသည္ဟုလည္း စာတြင္ေရးသားထားသည္။
(၂၀၂၀) ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲတြင္ ယခင္ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္မွေၾကညာခဲ့သည့္ ဆႏၵမဲ ေပးပိုင္ခြင့္ရွိသူစာရင္းမွာ (၃၈၂၇၁၄၄၇) ဦး၊ လူဝင္ မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၏စာရင္းမွာ (၃၁၇၇၅၃၃၀) ဦးျဖစ္သည္။ (၂၀၂၀) ျပည့္ႏွစ္ ႏိုဝင္ဘာလတြင္ရွိသည့္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၏ အသက္ (၁၈) ႏွစ္ျပည့္ၿပီးသူ စာရင္းမွာ (၃၅၄၇၆၈၃၃) ဦးျဖစ္သျဖင့္ အေျခခံလူဦးေရစာရင္းမ်ား ကြာျခားလ်က္ရွိသည္မွာ မဲမသမာမႈမ်ား ျဖစ္ေပၚေရးအတြက္ ႀကိဳတင္ႀကံစည္ေဆာင္႐ြက္ခဲ့ေၾကာင္း ေပၚလြင္ထင္ရွားေၾကာင္းလည္း စာတြင္ေဖာ္ျပထားသည္။