မြန်မာ-တရုတ်လုံခြုံရေးကုမ္ပဏီ ကိစ္စအချုပ်အခြာအာဏာကို ထိပါးခြင်းရှိ၊ မရှိစိစစ်ပြီးမှသာ လက်မှတ်ရေးထိုးမည်

 5419

မြူနစ် (NP News) - ဒီဇင်ဘာ ၉

မြန်မာ-တရုတ်လုံခြုံရေးကုမ္ပဏီတည်ထောင်ရန် ဆွေးနွေးနေဆဲဖြစ်ပြီး နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးခြင်းရှိ၊ မရှိစိစစ်ပြီးမှသာ နာလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား Joint Venture Security Company တည်ထောင်နိုင်ရန် တရုတ် နိုင်ငံဘက်က အဆိုပြုထားခြင်းဖြစ်ပြီး ၎င်း ကုမ္ပဏီတည်ထောင်နိုင်ရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးလုပ်ငန်း ကော်မတီကို နစကအစိုးရက ဖွဲ့စည်းထားကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းကော်မတီကို ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီးတစ်ဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် နေလျက်ရှိပြီး ကော်မတီကို ဥက္ကဋ္ဌအပါအဝင် စုစုပေါင်း (၁၄)ဦးဖြင့် ဖွဲ့စည်းထားကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။ မြန်မာ-တရုတ်လုံခြုံရေးကုမ္ပဏီကိစ္စနှင့် ပတ်သက် ၍ နေပြည်တော်ရှိ အစိုးရထိပ်ပိုင်းအရာရှိ တစ်ဦးက “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အနေနဲ့က နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပဲ ဆောင်ရွက်သွားမှာဖြစ်တယ်။ အခုလောလောဆယ် မှာ တော့ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းနေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ နာလည်မှုစာချွန်လွှာ မထိုးရ သေးပါဘူး” ဟု NP News ကို ပြောသည်။ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေးလုပ်ငန်း ကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ အရာရှိများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

မြန်မာ-တရုတ်လုံခြုံရေးကုမ္ပဏီတည်ထောင်ရာတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါး နိုင်ခြင်း ရှိ၊ မရှိ အထက်ပါ ကော်မတီအနေဖြင့် စိစစ်သွားမည်ဖြစ်သကဲ့သို့ နိုင်ငံတော်နှင့် အများပြည်သူ အတွက် အကျိုးဖြစ်ထွန်းမှုရှိ၊ မရှိကိုလည်း စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နားလည်မှုစာချွန်လွှာသည် သက်တမ်းကာလသတ်မှတ်၍ ချုပ်ဆိုခြင်းဖြစ်သော်လည်း ကုမ္ပဏီတည်ထောင်ပြီးပါက နားလည်မှုစာ ချွန်လွှာရပ်စဲမည့်ကာလတွင် ကုမ္ပဏီကိုပါ ဖျက်သိမ်းနိုင်မည့် အစီအမံသုံးသပ်ဖြည့်စွက်ရန် လိုအပ်ခြင်းရှိ၊ မရှိကိုလည်း ကော်မတီအနေဖြင့် စိစစ်သွားမည်ဖြစ်သည်။ ၎င်းလုံခြုံရေးကုမ္ပဏီတည်ထောင်ရာတွင် ပြည်ပမှတင်သွင်းလာမည့် လက်နက်များ၊ အထူး ကိရိယာ တန်ဆာပလာများ(ဆက်သွယ်ရေးစက်များအပါအဝင်အခြားကြီးကြပ်ကန့်သတ်ပစ္စည်းများ)နှင့်ပတ်သက်၍ မည်ကဲ့သို့ တင်သွင်းခွင့်၊ ထိန်းချုပ်သုံးစွဲခွင့်တို့နှင့်ပတ်သက်၍လည်း ကော်မတီက စိစစ်သွားဖွယ်ရှိနေသည်။

အလားတူ လုံခြုံရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းကမ်းချက်များကို လိုက်နာဆောင် ရွက်ရန် ဆိုသည့်အချက်အား ထည့်သွင်းရန်သင့်၊ မသင့်ကိုလည်း စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။ “အချုပ်အခြာအာဏာ ထိခိုက်နိုင်လားဆိုတော့ ထိခိုက်နိုင်ခြေ နည်းတာပေါ့။ နိုင်ငံတော်ကာ ကွယ်ရေးနဲ့ပတ်သက်လို့ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်လို့ အစီအမံတွေ ကတော့ဖြင့် သက်ဆိုင်ရာနိုင်ငံတွေက ဆောင်ရွက်ရမှာပေါ့။ ဒါပေမယ့် နှစ်နိုင်ငံ အကျိုးစီးပွားဆိုတဲ့လုပ်ငန်းတွေ ရှိနိုင်တာပေါ့။ အဲဒီဟာတွေရဲ့ လုံခြုံရေးကို အခုနကပြောတဲ့ အကြမ်းဖက်မှုဒဏ်ကနေ ကာ ကွယ်နိုင်မယ့်အရေးကို လိုအပ်လို့ စာချုပ်အရအပေါ့ဗျာ ချုပ်ဆိုတယ်ဆိုရင်တော့ဖြင့် ဘယ်လိုမှ အချုပ်အခြာအာဏာအပေါ် မှာ ထိခိုက်နိုင်စရာမရှိဘူး။ နှစ်နိုင်ငံအကျိုးစီးပွားကို နဂိုထက်တောင်ပိုပြီး ကာကွယ်နိုင်မယ့်အနေအထားဖြစ်လာမှာပေါ့”ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်ထားသည်။

zawgyi version
ျမန္မာ-တ႐ုတ္လုံၿခဳံေရးကုမၸဏီ ကိစၥအခ်ဳပ္အျခာအာဏာကို ထိပါးျခင္းရွိ၊ မရွိစိစစ္ၿပီးမွသာ လက္မွတ္ေရးထိုးမည္

ျမဴနစ္ (NP News) - ဒီဇင္ဘာ ၉

ျမန္မာ-တ႐ုတ္လုံၿခဳံေရးကုမၸဏီတည္ေထာင္ရန္ ေဆြးေႏြးေနဆဲျဖစ္ၿပီး ႏိုင္ငံ၏ အခ်ဳပ္အျခာ အာဏာကို ထိပါးျခင္းရွိ၊ မရွိစိစစ္ၿပီးမွသာ နာလည္မႈစာခြၽန္လႊာကို လက္မွတ္ေရးထိုးမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံအၾကား Joint Venture Security Company တည္ေထာင္ႏိုင္ရန္ တ႐ုတ္ ႏိုင္ငံဘက္က အဆိုျပဳထားျခင္းျဖစ္ၿပီး ၎ ကုမၸဏီတည္ေထာင္ႏိုင္ေရးအတြက္ နားလည္မႈ စာခြၽန္လႊာ လက္မွတ္ေရးထိုးႏိုင္ေရးလုပ္ငန္း ေကာ္မတီကို နစကအစိုးရက ဖြဲ႕စည္းထားေၾကာင္း သိရသည္။ အဆိုပါ လုပ္ငန္းေကာ္မတီကို ျပည္ထဲေရး ဝန္ႀကီးဌာနမွ ဒုဝန္ႀကီးတစ္ဦးက ဥကၠ႒အျဖစ္ တာဝန္ယူေဆာင္႐ြက္ ေနလ်က္ရွိၿပီး ေကာ္မတီကို ဥကၠ႒အပါအဝင္ စုစုေပါင္း (၁၄)ဦးျဖင့္ ဖြဲ႕စည္းထားေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။ ျမန္မာ-တ႐ုတ္လုံၿခဳံေရးကုမၸဏီကိစၥႏွင့္ ပတ္သက္ ၍ ေနျပည္ေတာ္ရွိ အစိုးရထိပ္ပိုင္းအရာရွိ တစ္ဦးက “ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ အေနနဲ႔က ႏိုင္ငံတကာလုပ္ထုံးလုပ္နည္းေတြနဲ႔အညီ ပဲ ေဆာင္႐ြက္သြားမွာျဖစ္တယ္။ အခုေလာေလာဆယ္ မွာ ေတာ့ ကြၽန္ေတာ္တို႔ ေဆြးေႏြးညႇိႏႈိင္းေနတဲ့ အဆင့္ပဲ ရွိပါေသးတယ္။ နာလည္မႈစာခြၽန္လႊာ မထိုးရ ေသးပါဘူး” ဟု NP News ကို ေျပာသည္။ နားလည္မႈစာခြၽန္လႊာလက္မွတ္ေရးထိုးႏိုင္ေရးလုပ္ငန္း ေကာ္မတီကို ျပည္ထဲေရးဝန္ႀကီးဌာန၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ႏိုင္ငံျခားေရးဝန္ႀကီး ဌာန၊ ပို႔ေဆာင္ ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ အလုပ္သမားဝန္ႀကီးဌာန၊ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနတို႔မွ အရာရွိမ်ားျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။

ျမန္မာ-တ႐ုတ္လုံၿခဳံေရးကုမၸဏီတည္ေထာင္ရာတြင္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို ထိပါး ႏိုင္ျခင္း ရွိ၊ မရွိ အထက္ပါ ေကာ္မတီအေနျဖင့္ စိစစ္သြားမည္ျဖစ္သကဲ့သို႔ ႏိုင္ငံေတာ္ႏွင့္ အမ်ားျပည္သူ အတြက္ အက်ိဳးျဖစ္ထြန္းမႈရွိ၊ မရွိကိုလည္း စိစစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ နားလည္မႈစာခြၽန္လႊာသည္ သက္တမ္းကာလသတ္မွတ္၍ ခ်ဳပ္ဆိုျခင္းျဖစ္ေသာ္လည္း ကုမၸဏီတည္ေထာင္ၿပီးပါက နားလည္မႈစာ ခြၽန္လႊာရပ္စဲမည့္ကာလတြင္ ကုမၸဏီကိုပါ ဖ်က္သိမ္းႏိုင္မည့္ အစီအမံသုံးသပ္ျဖည့္စြက္ရန္ လိုအပ္ျခင္းရွိ၊ မရွိကိုလည္း ေကာ္မတီအေနျဖင့္ စိစစ္သြားမည္ျဖစ္သည္။ ၎လုံၿခဳံေရးကုမၸဏီတည္ေထာင္ရာတြင္ ျပည္ပမွတင္သြင္းလာမည့္ လက္နက္မ်ား၊ အထူး ကိရိယာ တန္ဆာပလာမ်ား(ဆက္သြယ္ေရးစက္မ်ားအပါအဝင္အျခားႀကီးၾကပ္ကန႔္သတ္ပစၥည္းမ်ား)ႏွင့္ပတ္သက္၍ မည္ကဲ့သို႔ တင္သြင္းခြင့္၊ ထိန္းခ်ဳပ္သုံးစြဲခြင့္တို႔ႏွင့္ပတ္သက္၍လည္း ေကာ္မတီက စိစစ္သြားဖြယ္ရွိေနသည္။

အလားတူ လုံၿခဳံေရးႏွင့္ပတ္သက္၍ သက္ဆိုင္ရာဝန္ႀကီးဌာနက အခါအားေလ်ာ္စြာ ထုတ္ျပန္သည့္ စည္းကမ္းခ်က္မ်ားကို လိုက္နာေဆာင္ ႐ြက္ရန္ ဆိုသည့္အခ်က္အား ထည့္သြင္းရန္သင့္၊ မသင့္ကိုလည္း စိစစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ “အခ်ဳပ္အျခာအာဏာ ထိခိုက္ႏိုင္လားဆိုေတာ့ ထိခိုက္ႏိုင္ေျခ နည္းတာေပါ့။ ႏိုင္ငံေတာ္ကာ ကြယ္ေရးနဲ႔ပတ္သက္လို႔ အမ်ိဳးသားလုံၿခဳံေရးနဲ႔ပတ္သက္လို႔ အစီအမံေတြ ကေတာ့ျဖင့္ သက္ဆိုင္ရာႏိုင္ငံေတြက ေဆာင္႐ြက္ရမွာေပါ့။ ဒါေပမယ့္ ႏွစ္ႏိုင္ငံ အက်ိဳးစီးပြားဆိုတဲ့လုပ္ငန္းေတြ ရွိႏိုင္တာေပါ့။ အဲဒီဟာေတြရဲ႕ လုံၿခဳံေရးကို အခုနကေျပာတဲ့ အၾကမ္းဖက္မႈဒဏ္ကေန ကာ ကြယ္ႏိုင္မယ့္အေရးကို လိုအပ္လို႔ စာခ်ဳပ္အရအေပါ့ဗ်ာ ခ်ဳပ္ဆိုတယ္ဆိုရင္ေတာ့ျဖင့္ ဘယ္လိုမွ အခ်ဳပ္အျခာအာဏာအေပၚ မွာ ထိခိုက္ႏိုင္စရာမရွိဘူး။ ႏွစ္ႏိုင္ငံအက်ိဳးစီးပြားကို နဂိုထက္ေတာင္ပိုၿပီး ကာကြယ္ႏိုင္မယ့္အေနအထားျဖစ္လာမွာေပါ့”ဟု ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာေအးေမာင္က သုံးသပ္ထားသည္။

Picture

Aung Aung

09/12/2024 20:45

ဆီပုလင်း ခါးချိတ်ထားပီ မဟုတ်လား ဆက်သာလုပ်

Picture

Aung Aung

09/12/2024 20:45

ဆီပုလင်း ခါးချိတ်ထားပီ မဟုတ်လား ဆက်သာလုပ်

Related news

© 2021. All rights reserved.