ဆီးရီးယား နှင့် အစ္စရေးနိုင်ငံကြားရှိ ကြားခံဇုန်များကို သိမ်းပိုက်ထိန်းချုပ်ထားရန် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု အမိန့်ပေး

1354

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၉
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ဆီးရီးယားနှင့် အစ္စရေးနိုင်ငံနယ်စပ်ဒေသရှိ ကြားခံဇုန်ကို သိမ်းပိုက်ရန် အစ္စရေးစစ်တပ်ကို အမိန့်ပေးလိုက်ကြောင်း သိရသည်။
ဆီးရီးယာလက်နက်ကိုင်အဖွဲ့များသည် ပြီးခဲ့သောသီတင်းပတ်များတွင် ဆီးရီးယားနိုင်ငံရှိ အဓိကမြို့များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၈ ရက်မှာ မြို့တော် ဒမ္မစကက်မြို့ကို ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ ဆီးရီးယားသမ္မတ အာဆက်ဒ်လည်း ပြည်ပထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံမြို့တော်ကို လက်နက်ကိုင်အဖွဲ့များ သိမ်းယူနိုင်ခဲ့ခြင်းသည် ဆီးရီးယားနိုင်ငံတွင် (၁၃)နှစ်ကျော်ကြာဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အဆုံးသတ်သွားခဲ့ခြင်းဖြစ်ပြီး ပြည်သူများက လမ်းပေါ်ထွက်ကာအောင်ပွဲခံခြင်းများရှိနေခဲ့ကြောင်း သိရသည်။ ဆီးရီးယားအစိုးရပြုတ်ကျခဲ့ပြီးနောက် ဆီးရီးယားနှင့် အစ္စရေးနိုင်ငံကြား နှစ်ပေါင်း(၅၀)ကြာရရှိထားခဲ့တဲ့ သဘောတူညီချက်တွေလည်း ပြိုလဲသွားခဲ့ပြီး ဆီးရီးယားတပ်ဖွဲ့များလည်းကြားခံဇုန်ကို စွန့်လွှတ်သွားခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောသည်။
အစ္စရေးဝန်ကြီးချုပ်သည် ဂိုလန်ကုန်းမြင့်ဒေသကို သွားရောက်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်ကို ကြားခံဇုန်ဝန်းကျင်တွင် တပ်ဖွဲ့ဝင်များ ထပ်မံဖြန့်ကြက်ချထားရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ အစ္စရေးဝန်ကြီး ချုပ်က "ဆီးရီးယားနိုင်ငံရဲ့လက်ရှိအခြေနေတွေအရ အစ္စရေးဟာ buffer zone မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေကိုဖြန့်ကြက်ချထားမယ်။ ဂိုလန်ကုန်းမြင့်ဒေသမှာနေထိုင်နေသူတွေနဲ့ အစ္စရေးနိုင်ငံသားတွေ ဘေးကင်းလုံခြုံစေဖို့ ကာကွယ်ရေးနဲ့ပတ်သက်ပြီး လိုအပ်တာတွေလုပ်ဆောင်သွားမယ်။ အစ္စရေးကို ကာကွယ်ဖို့ နဲ့ buffer zone မှာ တပ်တွေဖြန့်ကြက်ချထားဖို့ လုပ်ဆောင်မှာဖြစ်တယ်။ ဒါပေမဲ့ အစ္စရေးစစ်တပ်ဟာ ဆီးရီးယားနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်တာမျိုးလုပ်ဆောင်မှာမဟုတ်ဘူး"ဟုပြောသည်။
ဆီရီးယားနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကာလအတွင်း အစ္စရေးသည် မည့်သည်ဘက်မှ ပါဝင်ခြင်းမရှိခဲ့သော်လည်း ၎င်းနိုင်ငံကို ဆီးရီးယားနိုင်ငံဘက်ခြမ်းမှတိုက်ခိုက်မှုများရှိလာချိန်တွင် လက်တုံ့ပြန်တိုက်ခိုက်ခြင်းများရှိခဲ့ကြောင်း သိရသည်။ ဆီးရီးယားပြည်တွင်းစစ်တွင် ဆီးရီးယားအစိုးရဘက်က ပါဝင်တိုက်ခိုက်ခဲ့သော လက်ဘနွန်အခြေစိုက် ဟစ္စဘိုလာအဖွဲ့များလည်းတပ်များကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
zawgyi version
ဆီးရီးယားႏွင့္ အစၥေရးႏိုင္ငံၾကားရွိ ၾကားခံဇုန္မ်ားကို သိမ္းပိုက္ထိန္းခ်ဳပ္ထားရန္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု အမိန႔္ေပး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၉
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ ဆီးရီးယားႏွင့္ အစၥေရးႏိုင္ငံနယ္စပ္ေဒသရွိ ၾကားခံဇုန္ကို သိမ္းပိုက္ရန္ အစၥေရးစစ္တပ္ကို အမိန႔္ေပးလိုက္ေၾကာင္း သိရသည္။
ဆီးရီးယာလက္နက္ကိုင္အဖြဲ႕မ်ားသည္ ၿပီးခဲ့ေသာသီတင္းပတ္မ်ားတြင္ ဆီးရီးယားႏိုင္ငံရွိ အဓိကၿမိဳ႕မ်ားကို တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ၿပီးေနာက္ ဒီဇင္ဘာ ၈ ရက္မွာ ၿမိဳ႕ေတာ္ ဒမၼစကက္ၿမိဳ႕ကို ထပ္မံတိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ရာ ဆီးရီးယားသမၼတ အာဆက္ဒ္လည္း ျပည္ပထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။ ဆီးရီးယားႏိုင္ငံၿမိဳ႕ေတာ္ကို လက္နက္ကိုင္အဖြဲ႕မ်ား သိမ္းယူႏိုင္ခဲ့ျခင္းသည္ ဆီးရီးယားႏိုင္ငံတြင္ (၁၃)ႏွစ္ေက်ာ္ၾကာျဖစ္ပြားခဲ့ေသာ ျပည္တြင္းစစ္အဆုံးသတ္သြားခဲ့ျခင္းျဖစ္ၿပီး ျပည္သူမ်ားက လမ္းေပၚထြက္ကာေအာင္ပြဲခံျခင္းမ်ားရွိေနခဲ့ေၾကာင္း သိရသည္။ ဆီးရီးယားအစိုးရျပဳတ္က်ခဲ့ၿပီးေနာက္ ဆီးရီးယားႏွင့္ အစၥေရးႏိုင္ငံၾကား ႏွစ္ေပါင္း(၅၀)ၾကာရရွိထားခဲ့တဲ့ သေဘာတူညီခ်က္ေတြလည္း ၿပိဳလဲသြားခဲ့ၿပီး ဆီးရီးယားတပ္ဖြဲ႕မ်ားလည္းၾကားခံဇုန္ကို စြန႔္လႊတ္သြားခဲ့ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္က ေျပာသည္။
အစၥေရးဝန္ႀကီးခ်ဳပ္သည္ ဂိုလန္ကုန္းျမင့္ေဒသကို သြားေရာက္ခဲ့ၿပီးေနာက္ အစၥေရးစစ္တပ္ကို ၾကားခံဇုန္ဝန္းက်င္တြင္ တပ္ဖြဲ႕ဝင္မ်ား ထပ္မံျဖန႔္ၾကက္ခ်ထားရန္ အမိန႔္ေပးခဲ့ျခင္းျဖစ္သည္။ အစၥေရးဝန္ႀကီး ခ်ဳပ္က "ဆီးရီးယားႏိုင္ငံရဲ႕လက္ရွိအေျခေနေတြအရ အစၥေရးဟာ buffer zone မွာ အစၥေရးတပ္ဖြဲ႕ဝင္ေတြကိုျဖန႔္ၾကက္ခ်ထားမယ္။ ဂိုလန္ကုန္းျမင့္ေဒသမွာေနထိုင္ေနသူေတြနဲ႔ အစၥေရးႏိုင္ငံသားေတြ ေဘးကင္းလုံၿခဳံေစဖို႔ ကာကြယ္ေရးနဲ႔ပတ္သက္ၿပီး လိုအပ္တာေတြလုပ္ေဆာင္သြားမယ္။ အစၥေရးကို ကာကြယ္ဖို႔ နဲ႔ buffer zone မွာ တပ္ေတြျဖန႔္ၾကက္ခ်ထားဖို႔ လုပ္ေဆာင္မွာျဖစ္တယ္။ ဒါေပမဲ့ အစၥေရးစစ္တပ္ဟာ ဆီးရီးယားႏိုင္ငံရဲ႕ျပည္တြင္းေရးကို ၾကားဝင္စြက္ဖက္တာမ်ိဳးလုပ္ေဆာင္မွာမဟုတ္ဘူး"ဟုေျပာသည္။
ဆီရီးယားႏိုင္ငံတြင္ျဖစ္ပြားခဲ့ေသာ ျပည္တြင္းစစ္ကာလအတြင္း အစၥေရးသည္ မည့္သည္ဘက္မွ ပါဝင္ျခင္းမရွိခဲ့ေသာ္လည္း ၎ႏိုင္ငံကို ဆီးရီးယားႏိုင္ငံဘက္ျခမ္းမွတိုက္ခိုက္မႈမ်ားရွိလာခ်ိန္တြင္ လက္တုံ႔ျပန္တိုက္ခိုက္ျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။ ဆီးရီးယားျပည္တြင္းစစ္တြင္ ဆီးရီးယားအစိုးရဘက္က ပါဝင္တိုက္ခိုက္ခဲ့ေသာ လက္ဘႏြန္အေျခစိုက္ ဟစၥဘိုလာအဖြဲ႕မ်ားလည္းတပ္မ်ားကို ျပန္လည္႐ုတ္သိမ္းခဲ့ေၾကာင္း သိရသည္။