ညောင်ဦးမြို့နယ်ရှိ ဆီဆိုင်တစ်ဆိုင်တွင် အမျိုးသမီး(၂)ဦးကို သေနတ်ဖြင့်ပစ်ခတ်ပြီး ငွေကျပ် သိန်း(၇၀၀)အား လုယက်ယူဆောင်မှုဖြစ်ပွား

1201

နာမူ (NP News) - ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ဆီဆိုင်တစ်ဆိုင်တွင် အမျိုးသမီး(၂)ဦးကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် ငွေကျပ်သိန်း(၇၀၀)အား PDF အဖွဲ့က လုယက်ယူဆောင်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်)ကျေးရွာ၊ ပုဂံ-ချောက် ကားလမ်းဘေးရှိ “မေရီမြင့်” စက်သုံးဆီအရောင်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်သုံးဆီဆိုင်တွင် ဆိုင်ရှင်ဖြစ်သူ ဦးမောင်လတ် (၆၅) နှစ်သည် ဇနီးဖြစ်သူ ဒေါ်ရီရီမြင့် (၆၁) နှစ် နှင့် အိမ်အကူဖြစ်သူ ဒေါ်ချောစု (၄၅)နှစ်တို့နှင့် အတူရှိနေစဉ် PDF အဖွဲ့ဝင် (၇)ဦးခန့် ရောက်ရှိလာပြီး ဦးမောင်လတ်အား ဆိုင်နောက်တွင် ကြိုးတုပ်ထားပြီးနောက် ဒေါ်ရီရီမြင့်နှင့်ဒေါ်ချောစုတို့အား သေနတ်ဖြင့် ပစ်ခတ်၍ ဆိုင်အတွင်းရှိ ဆာလာအိတ်ဖြင့်ထည့်ထားသည့် ငွေကျပ် သိန်း(၇၀၀)ခန့်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေါ်ရီရီမြင့်နှင့် ဒေါ်ချောစုတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူမျာအား ဖမ်းဆီးရမိရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ DENKO စက်သုံးဆီဆိုင်တစ်ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်လုယက်မှုတစ်ခုဖြစ်ပွားခဲ့သေးသည်။ အဆိုပါ လုယက်မှုတွင် လူထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း ဆိုင်မှ စက်သုံးဆီရောင်းရငွေ ငွေကျပ် (၁၂)သိန်းကျော် လုယူခံခဲ့ရသည်။
zawgyi version
ေညာင္ဦးၿမိဳ႕နယ္ရွိ ဆီဆိုင္တစ္ဆိုင္တြင္ အမ်ိဳးသမီး(၂)ဦးကို ေသနတ္ျဖင့္ပစ္ခတ္ၿပီး ေငြက်ပ္ သိန္း(၇၀၀)အား လုယက္ယူေဆာင္မႈျဖစ္ပြား
နာမူ (NP News) - ဒီဇင္ဘာ ၁၀
မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္ရွိ ဆီဆိုင္တစ္ဆိုင္တြင္ အမ်ိဳးသမီး(၂)ဦးကို ပစ္ခတ္သတ္ျဖတ္ၿပီးေနာက္ ေငြက်ပ္သိန္း(၇၀၀)အား PDF အဖြဲ႕က လုယက္ယူေဆာင္သြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၈ ရက္၊ နံနက္ ၉ နာရီ ၄၅ မိနစ္ခန႔္က ေညာင္ဦးၿမိဳ႕နယ္၊ မီးေလာင္ဖ်ား(ေျမာက္)ေက်း႐ြာ၊ ပုဂံ-ေခ်ာက္ ကားလမ္းေဘးရွိ “ေမရီျမင့္” စက္သုံးဆီအေရာင္းဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စက္သုံးဆီဆိုင္တြင္ ဆိုင္ရွင္ျဖစ္သူ ဦးေမာင္လတ္ (၆၅) ႏွစ္သည္ ဇနီးျဖစ္သူ ေဒၚရီရီျမင့္ (၆၁) ႏွစ္ ႏွင့္ အိမ္အကူျဖစ္သူ ေဒၚေခ်ာစု (၄၅)ႏွစ္တို႔ႏွင့္ အတူရွိေနစဥ္ PDF အဖြဲ႕ဝင္ (၇)ဦးခန႔္ ေရာက္ရွိလာၿပီး ဦးေမာင္လတ္အား ဆိုင္ေနာက္တြင္ ႀကိဳးတုပ္ထားၿပီးေနာက္ ေဒၚရီရီျမင့္ႏွင့္ေဒၚေခ်ာစုတို႔အား ေသနတ္ျဖင့္ ပစ္ခတ္၍ ဆိုင္အတြင္းရွိ ဆာလာအိတ္ျဖင့္ထည့္ထားသည့္ ေငြက်ပ္ သိန္း(၇၀၀)ခန႔္အား လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ေဒၚရီရီျမင့္ႏွင့္ ေဒၚေခ်ာစုတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ာအား ဖမ္းဆီးရမိေရးႏွင့္ ဥပေဒႏွင့္အညီ ထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၁၇ ရက္က မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္အတြင္းရွိ DENKO စက္သုံးဆီဆိုင္တစ္ဆိုင္တြင္ ေသနတ္ျဖင့္ ပစ္ခတ္လုယက္မႈတစ္ခုျဖစ္ပြားခဲ့ေသးသည္။ အဆိုပါ လုယက္မႈတြင္ လူထိခိုက္ေသဆုံးမႈမရွိခဲ့ေသာ္လည္း ဆိုင္မွ စက္သုံးဆီေရာင္းရေငြ ေငြက်ပ္ (၁၂)သိန္းေက်ာ္ လုယူခံခဲ့ရသည္။