မြက်ရှင်းနေသည့် သားအဖနှစ်ဦး PDF အဖွဲ့က ထောင်ထားသည့် မိုင်းနင်းမိပေါက်ကွဲ၍ ဖခင်ဖြစ်သူ သေဆုံး

1002

နာမူ (NP News) - ဒီဇင်ဘာ ၁၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် မြက်ရှင်းနေသည့် သားအဖနှစ်ဦး PDF အဖွဲ့က ထောင်ထားသည့် မိုင်းနင်းမိပေါက်ကွဲ၍ ဆေးရုံပို့စဉ် ဖခင်ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည် ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့နယ်၊ ထီရိကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ ဦးမောင်ထိန်(၆၂)နှစ်နှင့် ၎င်း၏သားဖြစ်သူ မောင်ရန်နိုင်မျိုး(၈)နှစ်တို့သည် နေအိမ်ခြံဘေးရှိလမ်းပေါ်တွင် မြက်ရှင်းနေစဉ် PDF အဖွဲ့က ထောင်ထားသည့် မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ဦးမောင်ထိန်နှင့် မောင်ရန်နိုင်မျိုးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လွိုင်ကောက်မြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ဦးမောင်ထိန်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်ကလည်း မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရှိ ရှားတောရွာတွင် လယ်ကွင်းသို့ စက်ဘီးဖြင့်သွားနေသည့် ကလေးတစ်ဦး PDF အဖွဲ့က ထောင်ထားသည့် မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် အသက်(၁၂)နှစ် အရွယ်မောင်နိုင်ဝေအောင်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
zawgyi version
ျမက္ရွင္းေနသည့္ သားအဖႏွစ္ဦး PDF အဖြဲ႕က ေထာင္ထားသည့္ မိုင္းနင္းမိေပါက္ကြဲ၍ ဖခင္ျဖစ္သူ ေသဆုံး
နာမူ (NP News) - ဒီဇင္ဘာ ၁၀
ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္တြင္ ျမက္ရွင္းေနသည့္ သားအဖႏွစ္ဦး PDF အဖြဲ႕က ေထာင္ထားသည့္ မိုင္းနင္းမိေပါက္ကြဲ၍ ေဆး႐ုံပို႔စဥ္ ဖခင္ျဖစ္သူ ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည္ ဒီဇင္ဘာလ ၈ ရက္၊ နံနက္ ၉ နာရီအခ်ိန္က လြိဳင္ေကာ္ၿမိဳ႕နယ္၊ ထီရိေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေက်း႐ြာ ဦးေမာင္ထိန္(၆၂)ႏွစ္ႏွင့္ ၎၏သားျဖစ္သူ ေမာင္ရန္ႏိုင္မ်ိဳး(၈)ႏွစ္တို႔သည္ ေနအိမ္ၿခံေဘးရွိလမ္းေပၚတြင္ ျမက္ရွင္းေနစဥ္ PDF အဖြဲ႕က ေထာင္ထားသည့္ မိုင္းနင္းမိကာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေပါက္ကြဲမႈေၾကာင့္ ဦးေမာင္ထိန္ႏွင့္ ေမာင္ရန္ႏိုင္မ်ိဳးတို႔တြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ လြိဳင္ေကာက္ၿမိဳ႕နယ္ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ဦးေမာင္ထိန္မွာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရးႏွင့္ ဥပေဒႏွင့္အညီ ထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၆ ရက္ကလည္း မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္ရွိ ရွားေတာ႐ြာတြင္ လယ္ကြင္းသို႔ စက္ဘီးျဖင့္သြားေနသည့္ ကေလးတစ္ဦး PDF အဖြဲ႕က ေထာင္ထားသည့္ မိုင္းနင္းမိကာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေသးေၾကာင္း သိရသည္။
အဆိုပါ ေပါက္ကြဲမႈေၾကာင့္ အသက္(၁၂)ႏွစ္ အ႐ြယ္ေမာင္ႏိုင္ေဝေအာင္တြင္ မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။