ရှမ်းမြောက်တိုက်ပွဲများသည် တော်လှန်ရေးခေါင်းစဉ်တပ်ထားသော်လည်း စီးပွားရေးအရ နယ်မြေချဲ့ ထွင်သည့် ခေတ်သစ်ဖက်ဆစ် ဝါဒသာဖြစ်နေ

 1040

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖော်ဆောင်ခဲ့သောတိုက်ပွဲများကို မြောက်ပိုင်း(၃)ဖွဲ့က တော်လှန်ရေးဟု ခေါင်းစဉ်တပ်ထားသော်လည်း စီးပွားရေးအရနယ်မြေချဲ့ထွင်သည့် ခေတ်သစ်ဖက် ဆစ်ဝါဒကိုကျင့်သုံးခြင်းသာဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ နိုင်ငံရေးလေ့လာသုံးသပ်သူတစ် ဦးက ပြောသည်။

" (၁၀၂၇)စစ်ဆင်ရေးစဖြစ်တော့ SSPP၊ SSA တို့ကလည်း နယ်မြေတွေထိန်းနိုင်စွမ်းမရှိတော့ ဘဲနဲ့ လက်လွှတ်ခဲ့ရတယ်လေ။ ဒီနောက်ပိုင်း TNLA ကတော့ တအာင်းပြည်နယ်ရရှိရေးပေါ့။ တအာင်း ပြည်နယ် ကျောက်မဲ၊ နမ့်ခမ်း၊ နမ်မတူ၊ နောင်ချို၊ သီပေါ။ အဲဒါကိုယူပြီး တအာင်းပြည်နယ်ထူထောင် ရေးမူဝါဒကို အသက်သွင်းခဲ့တယ်။ ကိုးကန့်အနေနဲ့ ကလည်း သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး လားရှိုး၊ သိန်နီထိပါသိမ်းယူခဲ့တယ်။ နိုင်ငံဖြစ်စဉ်အ ပြောင်းအလဲကို အခွင့်အရေးယူပြီးတော့ ခေတ်သစ် ဖက်ဆစ်ဝါဒ ကျင့်သုံးခြင်းဖြစ်တယ်ပေါ့။ ဒါကိုလည်း ရှမ်းပြည်တစ်ပြည်လုံးက အသိဆုံးပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ တကယ်ဒီမိုကရေစီလိုချင်လို့ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဘာတွေလုပ်ခဲ့လဲဆိုရင် နမ္မတူမှာ ဆိုရင် ရှမ်းစာနဲ့ရေးထားတာတွေကို ပလောင်စာနဲ့ ပြောင်းတယ်။ အစိုးရကျောင်းတွေကို ချိပ်ပိတ်တယ်။ ဆရာမတွေကို CDM အတင်းလုပ်ခိုင်းတယ်။ ပြီးတော့ ကျောင်းပြန်ဖွင့်တယ်။ ကျောင်းပြန်ဖွင့်တဲ့အခါမှာလည်း အပေါ်ကအဖြူရောင်အောက်က တအာင်းပလောင်ဝတ်စုံကြီးနဲ့ဝတ်ပြီးတော့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းတက်ခိုင်းတယ်" ဟု ၎င်းကပြောသည်။

ထို့ပြင် MNDAA လက်နက်ကိုင်ပူးပေါင်း အဖွဲ့ဖော်ဆောင်ခဲ့သည့် တိုက်ပွဲများကြောင့် ချင်းရွှေ ဟော်၊ လောက်ကိုင်နှင့် လားရှိုးမြို့တို့တွင်လည်း လူမှု စီးပွားဘဝများစွာ ပျက်စီးယိုယွင်းခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။ "လားရှိုးမှာ သုသာန်တစပြင်လို ဖြစ်ခဲ့ရတာပေါ့။ ပြောရမယ်ဆိုရင် စစ်ရဲ့အဆက်က သေကျေပျက်စီးမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ပျက်စီး သွားခဲ့ရတယ်လို့ ကျွန်တော်ကတော့ ပြောချင် တယ်။ စီးပွားရေးကတော့ နာလန်ကိုမထူနိုင်တော့ တာပါ။ ဒီ အချိန်မှာ ကျွန်တော့်ကို သိန်း(၁၀ဝဝ)ပေး မယ် လားရှိုးသွားနေမလားဆိုရင် ကျွန်တော်မသွား ဘူး။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ဒေသမှာ နေရတဲ့ပြည် သူဟာ ဘယ်လိုမှလုံခြုံမှုမရှိနိုင်ပါဘူး။ ကိုးကန့် MNDAA ကလည်း ကျားဖျန့်တွေကို ချင်းရွှေဟော်နဲ့ လောက်ကိုင်မှာစခဲ့တယ်။ ဒီနောက်ပိုင်းမှာတော့ တရုတ်ရဲ့ဖမ်းဆီးမှုတွေ၊ မြန်မာအစိုးရရဲ့ဖိအားပေး မှုတွေကြောင့် သူတို့အဓိက စီးပွားရေးတွေပျက်စီး ခဲ့ရတာပေါ့။ အဓိကတော့ မူးယစ်ဆေးပေါ့။ အဲဒီမှာ သူတို့က တစ်ဖက်မှာလည်း စီးပွားရှာဖို့အတွက်နယ် မြေချဲ့ထွင်ဖို့လုပ်တာ။ အဲဒါကိုလည်း TNLA နဲ့ ပေါင်းပြီးလုပ်ခဲ့တာ" ဟု အထက်ပါ နိုင်ငံရေးလေ့လာသုံးသပ်သူက ပြောသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့များဖော် ဆောင်ခဲ့သော တိုက်ပွဲများသည် လူမျိုးရေးအရ ဝါးမျို ခြင်းတစ်ခုသာဖြစ်ပြီး တော်လှန်ရေးခေါင်းစဉ် အောက်မှ ၎င်းတို့၏အကျိုးစီးပွားအတွက် လုပ်ဆောင် ခြင်းသာဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ " ရှမ်းမြောက်တိုက်ပွဲတွေက အဘက်ဘက်ကနေပြီးတော့ လူမျိုးရေးအရ ဝါးမျိုနေခြင်းတစ်ခုသာဖြစ်ပြီးတော့ ဒါကတော်လှန်ရေးမဟုတ်ဘဲနဲ့ စီးပွားရေးအရ နယ်မြေချဲ့ထွင်ဖို့ ခေတ်သစ်ဖက်ဆစ် ဝါဒတစ်ခုသာဖြစ် တယ်။ ဗန်းစကားနဲ့ပြောရရင် ဒီကာလမှာ ရောကြိတ် တာပေါ့။ ရောကြိတ်လို့ အညာက ကလေးတွေခေါ်ပြီး တောင်ခမ်းမှာအသေခံခိုင်းတယ်။ မိုးကုတ်ဖြစ် စဉ်လည်းကြည့်လေ။ နောက်ဆုံး TNLA ပဲရသွား တယ်။‌ ကျောက်မဲရသွားတယ်။ နောက်ဆုံး TNLA ပဲအုပ်ချုပ်သွားတယ်။ လားရှိုးမှာဝင်သိမ်းတယ်။ ကိုးကန့်ပဲဝင်အုပ်ချုပ်သွားတယ်။ အဲဒါကြောင့် PDF တွေနားလည်ရမှာက တိုင်းရင်းသားလက်နက်ကိုင် EAOs တွေက သူတို့ရဲ့မူလရည်မှန်းချက်က ရှိပြီးသား။ ဒါကိုအထမြောက်ဖို့ အသုံးချသွားတယ် ဆိုတာကို နားလည်ဖို့လိုတယ်" ဟု ၎င်းကဆိုသည်။

ထိုသို့ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ကျင့်သုံးခဲ့ခြင်းကြောင့် ဒေသခံပြည်သူများစွာ အိုးပစ်၊ အိမ်ပစ်ထွက်ပြေးခဲ့ရသည့်အပြင် ဘာသာရေး အ ဆောက်အအုံ၊ နိုင်ငံပိုင်အဆောက် အအုံနှင့် ပြည်သူ ပိုင်နေအိမ်များစွာလည်း ပျက်စီးခဲ့ရပြီးအဘက်ဘက် အရပ်ရပ်မှပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

zawgyi version
ရွမ္းေျမာက္တိုက္ပြဲမ်ားသည္ ေတာ္လွန္ေရးေခါင္းစဥ္တပ္ထားေသာ္လည္း စီးပြားေရးအရ နယ္ေျမခ်ဲ႕ ထြင္သည့္ ေခတ္သစ္ဖက္ဆစ္ ဝါဒသာျဖစ္ေန
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၁

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ေဖာ္ေဆာင္ခဲ့ေသာတိုက္ပြဲမ်ားကို ေျမာက္ပိုင္း(၃)ဖြဲ႕က ေတာ္လွန္ေရးဟု ေခါင္းစဥ္တပ္ထားေသာ္လည္း စီးပြားေရးအရနယ္ေျမခ်ဲ႕ထြင္သည့္ ေခတ္သစ္ဖက္ ဆစ္ဝါဒကိုက်င့္သုံးျခင္းသာျဖစ္ေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ႏိုင္ငံေရးေလ့လာသုံးသပ္သူတစ္ ဦးက ေျပာသည္။

" (၁၀၂၇)စစ္ဆင္ေရးစျဖစ္ေတာ့ SSPP၊ SSA တို႔ကလည္း နယ္ေျမေတြထိန္းႏိုင္စြမ္းမရွိေတာ့ ဘဲနဲ႔ လက္လႊတ္ခဲ့ရတယ္ေလ။ ဒီေနာက္ပိုင္း TNLA ကေတာ့ တအာင္းျပည္နယ္ရရွိေရးေပါ့။ တအာင္း ျပည္နယ္ ေက်ာက္မဲ၊ နမ့္ခမ္း၊ နမ္မတူ၊ ေနာင္ခ်ိဳ၊ သီေပါ။ အဲဒါကိုယူၿပီး တအာင္းျပည္နယ္ထူေထာင္ ေရးမူဝါဒကို အသက္သြင္းခဲ့တယ္။ ကိုးကန႔္အေနနဲ႔ ကလည္း သူတို႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဆိုၿပီး လားရႈိး၊ သိန္နီထိပါသိမ္းယူခဲ့တယ္။ ႏိုင္ငံျဖစ္စဥ္အ ေျပာင္းအလဲကို အခြင့္အေရးယူၿပီးေတာ့ ေခတ္သစ္ ဖက္ဆစ္ဝါဒ က်င့္သုံးျခင္းျဖစ္တယ္ေပါ့။ ဒါကိုလည္း ရွမ္းျပည္တစ္ျပည္လုံးက အသိဆုံးပဲျဖစ္ပါတယ္။ သူတို႔အေနနဲ႔ တကယ္ဒီမိုကေရစီလိုခ်င္လို႔ လုပ္ခဲ့တာ မဟုတ္ပါဘူး။ ဘာေတြလုပ္ခဲ့လဲဆိုရင္ နမၼတူမွာ ဆိုရင္ ရွမ္းစာနဲ႔ေရးထားတာေတြကို ပေလာင္စာနဲ႔ ေျပာင္းတယ္။ အစိုးရေက်ာင္းေတြကို ခ်ိပ္ပိတ္တယ္။ ဆရာမေတြကို CDM အတင္းလုပ္ခိုင္းတယ္။ ၿပီးေတာ့ ေက်ာင္းျပန္ဖြင့္တယ္။ ေက်ာင္းျပန္ဖြင့္တဲ့အခါမွာလည္း အေပၚကအျဖဴေရာင္ေအာက္က တအာင္းပေလာင္ဝတ္စုံႀကီးနဲ႔ဝတ္ၿပီးေတာ့ ေက်ာင္းဆရာ၊ ဆရာမေတြနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ေက်ာင္းတက္ခိုင္းတယ္" ဟု ၎ကေျပာသည္။

ထို႔ျပင္ MNDAA လက္နက္ကိုင္ပူးေပါင္း အဖြဲ႕ေဖာ္ေဆာင္ခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ခ်င္းေ႐ႊ ေဟာ္၊ ေလာက္ကိုင္ႏွင့္ လားရႈိးၿမိဳ႕တို႔တြင္လည္း လူမႈ စီးပြားဘဝမ်ားစြာ ပ်က္စီးယိုယြင္းခဲ့ရေၾကာင္း ၎က ဆက္ေျပာသည္။ "လားရႈိးမွာ သုသာန္တစျပင္လို ျဖစ္ခဲ့ရတာေပါ့။ ေျပာရမယ္ဆိုရင္ စစ္ရဲ႕အဆက္က ေသေက်ပ်က္စီးမႈနဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာေတြ ပ်က္စီး သြားခဲ့ရတယ္လို႔ ကြၽန္ေတာ္ကေတာ့ ေျပာခ်င္ တယ္။ စီးပြားေရးကေတာ့ နာလန္ကိုမထူႏိုင္ေတာ့ တာပါ။ ဒီ အခ်ိန္မွာ ကြၽန္ေတာ့္ကို သိန္း(၁၀ဝဝ)ေပး မယ္ လားရႈိးသြားေနမလားဆိုရင္ ကြၽန္ေတာ္မသြား ဘူး။ တရားဥပေဒစိုးမိုးမႈမရွိတဲ့ေဒသမွာ ေနရတဲ့ျပည္ သူဟာ ဘယ္လိုမွလုံၿခဳံမႈမရွိႏိုင္ပါဘူး။ ကိုးကန႔္ MNDAA ကလည္း က်ားဖ်န႔္ေတြကို ခ်င္းေ႐ႊေဟာ္နဲ႔ ေလာက္ကိုင္မွာစခဲ့တယ္။ ဒီေနာက္ပိုင္းမွာေတာ့ တ႐ုတ္ရဲ႕ဖမ္းဆီးမႈေတြ၊ ျမန္မာအစိုးရရဲ႕ဖိအားေပး မႈေတြေၾကာင့္ သူတို႔အဓိက စီးပြားေရးေတြပ်က္စီး ခဲ့ရတာေပါ့။ အဓိကေတာ့ မူးယစ္ေဆးေပါ့။ အဲဒီမွာ သူတို႔က တစ္ဖက္မွာလည္း စီးပြားရွာဖို႔အတြက္နယ္ ေျမခ်ဲ႕ထြင္ဖို႔လုပ္တာ။ အဲဒါကိုလည္း TNLA နဲ႔ ေပါင္းၿပီးလုပ္ခဲ့တာ" ဟု အထက္ပါ ႏိုင္ငံေရးေလ့လာသုံးသပ္သူက ေျပာသည္။

အဆိုပါ လက္နက္ကိုင္အဖြဲ႕မ်ားေဖာ္ ေဆာင္ခဲ့ေသာ တိုက္ပြဲမ်ားသည္ လူမ်ိဳးေရးအရ ဝါးမ်ိဳ ျခင္းတစ္ခုသာျဖစ္ၿပီး ေတာ္လွန္ေရးေခါင္းစဥ္ ေအာက္မွ ၎တို႔၏အက်ိဳးစီးပြားအတြက္ လုပ္ေဆာင္ ျခင္းသာျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။ " ရွမ္းေျမာက္တိုက္ပြဲေတြက အဘက္ဘက္ကေနၿပီးေတာ့ လူမ်ိဳးေရးအရ ဝါးမ်ိဳေနျခင္းတစ္ခုသာျဖစ္ၿပီးေတာ့ ဒါကေတာ္လွန္ေရးမဟုတ္ဘဲနဲ႔ စီးပြားေရးအရ နယ္ေျမခ်ဲ႕ထြင္ဖို႔ ေခတ္သစ္ဖက္ဆစ္ ဝါဒတစ္ခုသာျဖစ္ တယ္။ ဗန္းစကားနဲ႔ေျပာရရင္ ဒီကာလမွာ ေရာႀကိတ္ တာေပါ့။ ေရာႀကိတ္လို႔ အညာက ကေလးေတြေခၚၿပီး ေတာင္ခမ္းမွာအေသခံခိုင္းတယ္။ မိုးကုတ္ျဖစ္ စဥ္လည္းၾကည့္ေလ။ ေနာက္ဆုံး TNLA ပဲရသြား တယ္။‌ ေက်ာက္မဲရသြားတယ္။ ေနာက္ဆုံး TNLA ပဲအုပ္ခ်ဳပ္သြားတယ္။ လားရႈိးမွာဝင္သိမ္းတယ္။ ကိုးကန႔္ပဲဝင္အုပ္ခ်ဳပ္သြားတယ္။ အဲဒါေၾကာင့္ PDF ေတြနားလည္ရမွာက တိုင္းရင္းသားလက္နက္ကိုင္ EAOs ေတြက သူတို႔ရဲ႕မူလရည္မွန္းခ်က္က ရွိၿပီးသား။ ဒါကိုအထေျမာက္ဖို႔ အသုံးခ်သြားတယ္ ဆိုတာကို နားလည္ဖို႔လိုတယ္" ဟု ၎ကဆိုသည္။

ထိုသို႔ ၿမိဳ႕သိမ္းတိုက္ပြဲမ်ား ေဖာ္ေဆာင္က်င့္သုံးခဲ့ျခင္းေၾကာင့္ ေဒသခံျပည္သူမ်ားစြာ အိုးပစ္၊ အိမ္ပစ္ထြက္ေျပးခဲ့ရသည့္အျပင္ ဘာသာေရး အ ေဆာက္အအုံ၊ ႏိုင္ငံပိုင္အေဆာက္ အအုံႏွင့္ ျပည္သူ ပိုင္ေနအိမ္မ်ားစြာလည္း ပ်က္စီးခဲ့ရၿပီးအဘက္ဘက္ အရပ္ရပ္မွပ်က္စီးဆုံးရႈံးမႈမ်ားစြာျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.