စီးပွားရေးအရ အင်အားကြီးသည့် အုပ်စုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများကို စိုးမိုးခြယ်လှယ်နိုင်ရန် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြောင်း နစကဥက္ကဋ္ဌ ပြော

 738

နာမူ (NP News) - ဒီဇင်ဘာ ၁၁

နိုင်ငံရေး၊စီးပွားရေးအရ အင်အားကြီးသည့် အုပ်စုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများကို စိုးမိုးခြယ်လှယ်နိုင်ရန် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၀ ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ကျင်းပခဲ့သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်းအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ စတုတ္တမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာကဏ္ဍသည် အလွန်အရေးကြီးပြီး နိုင်ငံရေး၊ စီးပွားရေးအရ အင်အားကြီးသည့် အုပ်စုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက်စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် အသုံးပြုလာ ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

မီဒီယာသမားများမှတဆင့် ပြည်သူများ၏ သဘောထားခံစားချက်များ၊ နစ်နာချက်များကိုပစ်ပယ်ပြီး ၎င်းတို့လိုလားသည့်ပုံစံများအတိုင်း ပုံဖော်ထည့်သွင်းထုတ်လွှင့် ဖော်ပြနေကြသည်ကို တွေ့မြင်ရကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် အဆိုးရွားဆုံးမှာ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးများကို မတည်မငြိမ်ဖြစ်စေရန်၊ ပဋိပက္ခများကြီးထွားလာစေရန်၊ ဆူပူအုံကြွပြီး တိုင်းပြည်ပြိုကွဲပျက်စီးစေရန် ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် မိမိတို့နိုင်ငံသည် ခေတ်အမျိုးမျိုးဖြတ်သန်းခဲ့ရပြီး အမျိုးမျိုးသောဖိအားများကြောင့် ပြည်သူလူထုအတွင်း အသိပညာ၊ အတန်းပညာ၊ အတတ်ပညာကွာဟမှုများရှိ‌နေပြီး ယခုအချိန်တွင် ပြည်ပဩဇာခံမီဒီယာသမားများသည် ပြည်သူလူထုကို သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများနှင့် မှိုင်းတိုက်၍ အတွေးအမြင်များ မှားယွင်းစေရန်၊ အယူအဆများ လွဲမှားစေရန် လုပ်ဆောင်နေကြခြင်းများရှိနေကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် ပြဠာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ပါက မိမိယုံကြည်ချက်၊ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်‌ပြောဆိုရေးသားဖြန့်ဝေခွင့်ရှိသော်လည်း မိမိလွတ်လပ်ခွင့်သည် တည်ဆဲဥပဒေနှင့် အညီမဟုတ်ဘဲ အခြားသူ၊ အခြားအဖွဲ့အစည်းများနှင့် နိုင်ငံတော်ကို ထိပါးပုတ်ခတ်ရေးသားခြင်း မဖြစ်‌ရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌက သတိပေးထားသည်။

ထို့ပြင် တစ်ဖက်၌ လွတ်လပ်ခွင့်နှင့် အခွင့်အရေးရှိသကဲ့သို့ တစ်ဖက်တွင်လည်း လိုက်နာရမည့်တာဝန်၊ ဝတ္တရားနှင့် ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် မျှမျှတတလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။

zawgyi version
စီးပြားေရးအရ အင္အားႀကီးသည့္ အုပ္စုမ်ားသည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားကို စိုးမိုးျခယ္လွယ္ႏိုင္ရန္ မီဒီယာသမားမ်ားကို လက္ကိုင္တုတ္အျဖစ္ ေမြးျမဴလာေၾကာင္း နစကဥကၠ႒ ေျပာ

နာမူ (NP News) - ဒီဇင္ဘာ ၁၁

ႏိုင္ငံေရး၊စီးပြားေရးအရ အင္အားႀကီးသည့္ အုပ္စုမ်ားသည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားကို စိုးမိုးျခယ္လွယ္ႏိုင္ရန္ မီဒီယာသမားမ်ားကို လက္ကိုင္တုတ္အျဖစ္ ေမြးျမဴလာေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဒီဇင္ဘာလ ၁၀ ရက္တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး၊ သဘင္ေဆာင္၌က်င္းပခဲ့သည့္ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီဝင္မ်ား ကတိသစၥာျပဳျခင္းအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံတစ္ႏိုင္ငံ၏ စတုတၱမ႑ိဳင္ျဖစ္သည့္ သတင္းမီဒီယာက႑သည္ အလြန္အေရးႀကီးၿပီး ႏိုင္ငံေရး၊ စီးပြားေရးအရ အင္အားႀကီးသည့္ အုပ္စုမ်ားသည္ ဒီမိုကေရစီအသြင္ကူးေျပာင္းစ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားကို ဝင္ေရာက္စိုးမိုးျခယ္လွယ္ႏိုင္ရန္အတြက္ မီဒီယာသမားမ်ားကို လက္ကိုင္တုတ္အျဖစ္ အသုံးျပဳလာ ေၾကာင္း နစကဥကၠ႒က ေျပာသည္။

မီဒီယာသမားမ်ားမွတဆင့္ ျပည္သူမ်ား၏ သေဘာထားခံစားခ်က္မ်ား၊ နစ္နာခ်က္မ်ားကိုပစ္ပယ္ၿပီး ၎တို႔လိုလားသည့္ပုံစံမ်ားအတိုင္း ပုံေဖာ္ထည့္သြင္းထုတ္လႊင့္ ေဖာ္ျပေနၾကသည္ကို ေတြ႕ျမင္ရေၾကာင္း သိရသည္။ ထိုသို႔ေဆာင္႐ြက္ရာတြင္ အဆိုး႐ြားဆုံးမွာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံငယ္ေလးမ်ားကို မတည္မၿငိမ္ျဖစ္ေစရန္၊ ပဋိပကၡမ်ားႀကီးထြားလာေစရန္၊ ဆူပူအုံႂကြၿပီး တိုင္းျပည္ၿပိဳကြဲပ်က္စီးေစရန္ ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳး၊ ပုံသဏၭာန္အမ်ိဳးမ်ိဳးျဖင့္ ျပဳလုပ္ေနေၾကာင္း သိရသည္။

ထို႔ျပင္ မိမိတို႔ႏိုင္ငံသည္ ေခတ္အမ်ိဳးမ်ိဳးျဖတ္သန္းခဲ့ရၿပီး အမ်ိဳးမ်ိဳးေသာဖိအားမ်ားေၾကာင့္ ျပည္သူလူထုအတြင္း အသိပညာ၊ အတန္းပညာ၊ အတတ္ပညာကြာဟမႈမ်ားရွိ‌ေနၿပီး ယခုအခ်ိန္တြင္ ျပည္ပဩဇာခံမီဒီယာသမားမ်ားသည္ ျပည္သူလူထုကို သတင္းတု၊ သတင္းမွားမ်ား၊ အမုန္းစကားမ်ားႏွင့္ မႈိင္းတိုက္၍ အေတြးအျမင္မ်ား မွားယြင္းေစရန္၊ အယူအဆမ်ား လြဲမွားေစရန္ လုပ္ေဆာင္ေနၾကျခင္းမ်ားရွိေနေၾကာင္း သိရသည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံသားတိုင္းသည္ ျပဠာန္းထားသည့္ ဥပေဒမ်ားႏွင့္ မဆန႔္က်င္ပါက မိမိယုံၾကည္ခ်က္၊ထင္ျမင္ယူဆခ်က္မ်ားကို လြတ္လပ္စြာ ထုတ္ေဖာ္‌ေျပာဆိုေရးသားျဖန႔္ေဝခြင့္ရွိေသာ္လည္း မိမိလြတ္လပ္ခြင့္သည္ တည္ဆဲဥပေဒႏွင့္ အညီမဟုတ္ဘဲ အျခားသူ၊ အျခားအဖြဲ႕အစည္းမ်ားႏွင့္ ႏိုင္ငံေတာ္ကို ထိပါးပုတ္ခတ္ေရးသားျခင္း မျဖစ္‌ရန္လိုအပ္ေၾကာင္း နစကဥကၠ႒က သတိေပးထားသည္။

ထို႔ျပင္ တစ္ဖက္၌ လြတ္လပ္ခြင့္ႏွင့္ အခြင့္အေရးရွိသကဲ့သို႔ တစ္ဖက္တြင္လည္း လိုက္နာရမည့္တာဝန္၊ ဝတၱရားႏွင့္ က်င့္ဝတ္မ်ားကို လိုက္နာျခင္းျဖင့္ မွ်မွ်တတလုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း နစက ဥကၠ႒က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.