သက်တမ်းနှစ်(၂၀)နီးပါး ရာထူးရယူထားသော ရော်ဘာအသင်းဥက္ကဋ္ဌအပေါ် ဝေဖန်မှုများရှိလာ

2373

ယွန်း (NP News) - ဒီဇင်ဘာ ၁၁
ရော်ဘာပို့ကုန်အခက်အခဲများကို ဖြေရှင်း ပေးနိုင်ခြင်းမရှိသည့် သက်တမ်းနှစ်(၂၀)နီးပါးရှိ ရော်ဘာအသင်းဥက္ကဋ္ဌအပေါ် ရော်ဘာလုပ်ငန်းရှင်အချို့က ဝေဖန်မှုများရှိနေသည်။
မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (MRPPA) ကို ပြီးခဲ့သည့် (၂၀ဝ၅) ခုနှစ် မတ်လတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသူများအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် Exporter များအနေဖြင့် ရော်ဘာတစ်တန်တင်ပို့ပါက ငွေကျပ်(၃၀ဝဝ)ကို အသင်း ရန်ပုံငွေအဖြစ်ထားရှိရသည့်အပြင် လိုင်စင် လျှောက် ထားပြီးသော်လည်း မတင်ပို့ဖြစ်သည့် ရော်ဘာ တန်များကို အသစ်ပြန်လည်လျှောက်ထား ခိုင်းသည့်အတွက် နစ်နာမှုများရှိနေကြောင်း သိရ သည်။ " လက်ရှိအနေအထားမှာဆိုရင် နိုင်ငံခြားကို Exporter ပို့ရင် အသင်းရဲ့ထောက်ခံချက်ယူပြီးမှ တင်ပို့ရတယ်။ အသင်းရဲ့ထောက်ခံချက်က အရင်က တော့ဘာမှမဟုတ်ဘူး။ အခုက တစ်တန်ကို (၃၀ဝဝ)ကျပ် ယူမယ်ဆိုပြီး စပြီး တည်ထားတယ်။ Exporter တစ်တန်တင်တိုင်းမှာ (၃၀ဝဝ)ယူပြီးတော့ ရန်ပုံ ငွေအနေနဲ့ ထားတယ်။ ဒါလည်းပြဿနာမရှိဘူး။ အခုဖြစ်နေတာက ဘာပြဿနာလဲဆိုတော့ ဥပမာ- Exporter လိုင်စင် တန်(၁၀ဝဝ)လျှောက်လိုက်တယ်။ တန်(၁၀ဝဝ)မပို့ဖြစ်ဘူးဆိုရင် တန်(၁၀ဝဝ)အပေါ်မှာ ကျွန်တော်တို့က (၃၀ဝဝ)ပေးထားရတယ်။ တန်(၅၀ဝ)ပဲထွက်တယ်ဆိုရင် တန်(၅၀ဝ)ကိုသက် တမ်းပြန်တိုးပေး။ အဲဒီလိုမဟုတ်ဘဲနဲ့ နောက်ထပ် အသစ်လျှောက်ခိုင်းတဲ့အခါကျတော့ ခုနမတင်ပို့နိုင်တဲ့ ပေးထားတဲ့ (၃၀ဝဝ)ကရှုံးသွားရော}} ဟု အသင်းဝင် ရော်ဘာတင်ပို့သူတစ်ဦးက NP News ကိုပြောသည်။
သို့သော် အသင်းဥက္ကဋ္ဌအနေဖြင့် လက်ရှိ အချိန်အထိ ဥက္ကဋ္ဌအပြောင်းအလဲ လုပ်ဆောင်ခြင်းမျိုးမရှိသည့်အပြင် အသင်းဝင် ရော်ဘာတင်ပို့ ရောင်း ချသူများ၏ အခက်အခဲများကိုလည်း ညှိနှိုင်း၊ ဖြေရှင်း ပေးခြင်းမျိုးမရှိကြောင်းသိရသည်။ " ဥက္ကဋ္ဌကတော့ မရဘူးပဲပြောတာပေါ့။ သူတို့လုပ်ထားတာဖြစ်တဲ့အတွက် အဲဒီမူအတိုင်းပဲဆိုပြီး မလျှော့ဘူး။ တာဝန်ယူ ဖြေရှင်းပေးတာတွေ၊ ညှိနှိုင်းတာတွေလည်းမလုပ်ဘူး။ အစည်းအဝေးမှာလည်း ဒါတွေကဆွေးနွေးခွင့်မရှိဘူး။ အဲဒီလိုဖြစ်နေတယ်။ လက်ရှိက ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှာက စိုက်ပျိုးထုတ်လုပ်သူ တွေက ဒီကိစ္စတွေကို သိပ်နားမလည်ကြဘူး။ တင်ပို့ ရောင်းချသူတွေအတွက် သက်ရောက်မှုရှိနေတာ။ ဝယ်ရောင်းလုပ်တဲ့သူတွေ၊ စက်ရုံ လုပ်ငန်းရှင်တွေမှာပဲ အခက်အခဲဖြစ်နေတာ။ ကျန်တဲ့သူတွေက သူ့အလုပ် သူလုပ်၊ ကိုယ့် အလုပ်ကိုယ်လုပ်ဆိုတော့ Impact တော့မရှိဘူးပေါ့။ အသင်းဥက္ကဋ္ဌ အပြောင်းအလဲ မရှိတာက စိုက်ပျိုးထုတ်လုပ်သူထက်၊ တင်ပို့ရောင်း ချတဲ့သူတွေမှာ အဓိကအခက်အခဲဖြစ်နေတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
အသင်းအဖွဲ့စည်းမျဉ်းအရ အသင်းအဖွဲ့တစ်ခု၌ ဥက္ကဋ္ဌသက်တမ်းသည် သုံးနှစ် (သို့မဟုတ်)လေးနှစ်တာဝန်ကို နှစ်ကြိမ်ခန့်သာဆက်တိုက်ထမ်းဆောင်သင့်သော်လည်း MRPPA အနေဖြင့် နှစ်(၂၀)နီးပါးကြာလာသည့်တိုင် ဥက္ကဋ္ဌ အပြောင်းအလဲမရှိခြင်းသည် ပြည်သူ များအတွက် မေးခွန်းထုတ်စရာအဖြစ်ရှိနေသည်။ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရော်ဘာစိုက်ဧက(၁၆၄၀ဝဝဝ)ဧကရှိရာ နှစ်စဉ် တန်ချိန်(၂)သိန်းကျော်ထွက်ရှိပြီး ယခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန်(၃၂၆၀ဝဝ) တင်ပို့နိုင်ရန် လျာထားကြောင်း သိရသည်။
zawgyi version
သက္တမ္းႏွစ္(၂၀)နီးပါး ရာထူးရယူထားေသာ ေရာ္ဘာအသင္းဥကၠ႒အေပၚ ေဝဖန္မႈမ်ားရွိလာ
ယြန္း (NP News) - ဒီဇင္ဘာ ၁၁
ေရာ္ဘာပို႔ကုန္အခက္အခဲမ်ားကို ေျဖရွင္း ေပးႏိုင္ျခင္းမရွိသည့္ သက္တမ္းႏွစ္(၂၀)နီးပါးရွိ ေရာ္ဘာအသင္းဥကၠ႒အေပၚ ေရာ္ဘာလုပ္ငန္းရွင္အခ်ိဳ႕က ေဝဖန္မႈမ်ားရွိေနသည္။
ျမန္မာႏိုင္ငံေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း (MRPPA) ကို ၿပီးခဲ့သည့္ (၂၀ဝ၅) ခုႏွစ္ မတ္လတြင္ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူႏွင့္ တင္ပို႔ေရာင္းခ်သူမ်ားအပါအဝင္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။ လက္ရွိတြင္ Exporter မ်ားအေနျဖင့္ ေရာ္ဘာတစ္တန္တင္ပို႔ပါက ေငြက်ပ္(၃၀ဝဝ)ကို အသင္း ရန္ပုံေငြအျဖစ္ထားရွိရသည့္အျပင္ လိုင္စင္ ေလွ်ာက္ ထားၿပီးေသာ္လည္း မတင္ပို႔ျဖစ္သည့္ ေရာ္ဘာ တန္မ်ားကို အသစ္ျပန္လည္ေလွ်ာက္ထား ခိုင္းသည့္အတြက္ နစ္နာမႈမ်ားရွိေနေၾကာင္း သိရ သည္။ " လက္ရွိအေနအထားမွာဆိုရင္ ႏိုင္ငံျခားကို Exporter ပို႔ရင္ အသင္းရဲ႕ေထာက္ခံခ်က္ယူၿပီးမွ တင္ပို႔ရတယ္။ အသင္းရဲ႕ေထာက္ခံခ်က္က အရင္က ေတာ့ဘာမွမဟုတ္ဘူး။ အခုက တစ္တန္ကို (၃၀ဝဝ)က်ပ္ ယူမယ္ဆိုၿပီး စၿပီး တည္ထားတယ္။ နထစသမအ တစ္တန္တင္တိုင္းမွာ (၃၀ဝဝ)ယူၿပီးေတာ့ ရန္ပုံ ေငြအေနနဲ႔ ထားတယ္။ ဒါလည္းျပႆနာမရွိဘူး။ အခုျဖစ္ေနတာက ဘာျပႆနာလဲဆိုေတာ့ ဥပမာ- Exporter လိုင္စင္ တန္(၁၀ဝဝ)ေလွ်ာက္လိုက္တယ္။ တန္(၁၀ဝဝ)မပို႔ျဖစ္ဘူးဆိုရင္ တန္(၁၀ဝဝ)အေပၚမွာ ကြၽန္ေတာ္တို႔က (၃၀ဝဝ)ေပးထားရတယ္။ တန္(၅၀ဝ)ပဲထြက္တယ္ဆိုရင္ တန္(၅၀ဝ)ကိုသက္ တမ္းျပန္တိုးေပး။ အဲဒီလိုမဟုတ္ဘဲနဲ႔ ေနာက္ထပ္ အသစ္ေလွ်ာက္ခိုင္းတဲ့အခါက်ေတာ့ ခုနမတင္ပို႔ႏိုင္တဲ့ ေပးထားတဲ့ (၃၀ဝဝ)ကရႈံးသြားေရာ}} ဟု အသင္းဝင္ ေရာ္ဘာတင္ပို႔သူတစ္ဦးက NP News ကိုေျပာသည္။
သို႔ေသာ္ အသင္းဥကၠ႒အေနျဖင့္ လက္ရွိ အခ်ိန္အထိ ဥကၠ႒အေျပာင္းအလဲ လုပ္ေဆာင္ျခင္းမ်ိဳးမရွိသည့္အျပင္ အသင္းဝင္ ေရာ္ဘာတင္ပို႔ ေရာင္း ခ်သူမ်ား၏ အခက္အခဲမ်ားကိုလည္း ညႇိႏႈိင္း၊ ေျဖရွင္း ေပးျခင္းမ်ိဳးမရွိေၾကာင္းသိရသည္။ " ဥကၠ႒ကေတာ့ မရဘူးပဲေျပာတာေပါ့။ သူတို႔လုပ္ထားတာျဖစ္တဲ့အတြက္ အဲဒီမူအတိုင္းပဲဆိုၿပီး မေလွ်ာ့ဘူး။ တာဝန္ယူ ေျဖရွင္းေပးတာေတြ၊ ညႇိႏႈိင္းတာေတြလည္းမလုပ္ဘူး။ အစည္းအေဝးမွာလည္း ဒါေတြကေဆြးေႏြးခြင့္မရွိဘူး။ အဲဒီလိုျဖစ္ေနတယ္။ လက္ရွိက ေရာ္ဘာစိုက္ပ်ိဳး ထုတ္လုပ္သူမ်ားအသင္းမွာက စိုက္ပ်ိဳးထုတ္လုပ္သူ ေတြက ဒီကိစၥေတြကို သိပ္နားမလည္ၾကဘူး။ တင္ပို႔ ေရာင္းခ်သူေတြအတြက္ သက္ေရာက္မႈရွိေနတာ။ ဝယ္ေရာင္းလုပ္တဲ့သူေတြ၊ စက္႐ုံ လုပ္ငန္းရွင္ေတြမွာပဲ အခက္အခဲျဖစ္ေနတာ။ က်န္တဲ့သူေတြက သူ႔အလုပ္ သူလုပ္၊ ကိုယ့္ အလုပ္ကိုယ္လုပ္ဆိုေတာ့ Impact ေတာ့မရွိဘူးေပါ့။ အသင္းဥကၠ႒ အေျပာင္းအလဲ မရွိတာက စိုက္ပ်ိဳးထုတ္လုပ္သူထက္၊ တင္ပို႔ေရာင္း ခ်တဲ့သူေတြမွာ အဓိကအခက္အခဲျဖစ္ေနတယ္" ဟု ၎က ဆက္လက္ေျပာသည္။
အသင္းအဖြဲ႕စည္းမ်ဥ္းအရ အသင္းအဖြဲ႕တစ္ခု၌ ဥကၠ႒သက္တမ္းသည္ သုံးႏွစ္ (သို႔မဟုတ္)ေလးႏွစ္တာဝန္ကို ႏွစ္ႀကိမ္ခန႔္သာဆက္တိုက္ထမ္းေဆာင္သင့္ေသာ္လည္း MRPPA အေနျဖင့္ ႏွစ္(၂၀)နီးပါးၾကာလာသည့္တိုင္ ဥကၠ႒ အေျပာင္းအလဲမရွိျခင္းသည္ ျပည္သူ မ်ားအတြက္ ေမးခြန္းထုတ္စရာအျဖစ္ရွိေနသည္။ လက္ရွိတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ေရာ္ဘာစိုက္ဧက(၁၆၄၀ဝဝဝ)ဧကရွိရာ ႏွစ္စဥ္ တန္ခ်ိန္(၂)သိန္းေက်ာ္ထြက္ရွိၿပီး ယခု ၂၀၂၄- ၂၀၂၅ ဘ႑ာႏွစ္တြင္ တန္ခ်ိန္(၃၂၆၀ဝဝ) တင္ပို႔ႏိုင္ရန္ လ်ာထားေၾကာင္း သိရသည္။