စိတ်ကျန်းမာရေးချို့တဲ့နေသော ချင်းအမျိုးသားတစ်ဦးကို CNA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်

756

NP News - ဒီဇင်ဘာ ၁၂
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့နေသော ချင်းအမျိုးသားတစ်ဦးကို CNA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အရေးယူပေးရန် ဇိုမီအဖွဲ့ချုပ်(Zomi Federal Union)က ယမန်နေ့ (ဒီဇင်ဘာ ၁၁ ရက်)က ၎င်းတို့၏လူမှုကွန်ယက် Facebook စာမျက်နှာ၌ ထုတ်ပြန်တောင်းဆိုထားသည်။
တီးတိန်မြို့၊ စကောလမ်းရပ်ကွက်တွင်နေထိုင်သူ စိတ်ကျန်းမာရေးချို့တဲ့နေသော တာန်လန့်ခန့်ဆွင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က တွန်းဇံမြို့သို့ သွားရောက်စဉ် တုန်းတွောင်ကျေးရွာအနီးအရောက်၌ ချင်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော CNA က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရပြီးနောက် CNA လက်နက်ကိုင်အဖွဲ့က ရိုက်နှက်စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်၊ နံနက်ပိုင်းတွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့ကြောင့် ဖမ်းဆီးရိုက်နှက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ တာဝန်ယူမှုတာဝန်ခံမှုရှိစေရန် CNA လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအနေဖြင့် ကျူးလွန်သူများကို အရေးယူပေးရန်၊ ချင်းလူမျိုးအချင်းချင်း အကြောင်းမဲ့သတ်ဖြတ်မှုများကို ရပ်တန့်ရန် ဇိုမီအဖွဲ့ချုပ်(Zomi Federal Union)၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။
zawgyi version
စိတ္က်န္းမာေရးခ်ိဳ႕တဲ့ေနေသာ ခ်င္းအမ်ိဳးသားတစ္ဦးကို CNA လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးသတ္ျဖတ္
NP News - ဒီဇင္ဘာ ၁၂
ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္တြင္ စိတ္က်န္းမာေရးခ်ိဳ႕တဲ့ေနေသာ ခ်င္းအမ်ိဳးသားတစ္ဦးကို CNA လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီး သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါကိစၥႏွင့္ပတ္သက္၍ အေရးယူေပးရန္ ဇိုမီအဖြဲ႕ခ်ဳပ္(Zomi Federal Union)က ယမန္ေန႔ (ဒီဇင္ဘာ ၁၁ ရက္)က ၎တို႔၏လူမႈကြန္ယက္ Facebook စာမ်က္ႏွာ၌ ထုတ္ျပန္ေတာင္းဆိုထားသည္။
တီးတိန္ၿမိဳ႕၊ စေကာလမ္းရပ္ကြက္တြင္ေနထိုင္သူ စိတ္က်န္းမာေရးခ်ိဳ႕တဲ့ေနေသာ တာန္လန႔္ခန႔္ဆြင္းသည္ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၉ ရက္က တြန္းဇံၿမိဳ႕သို႔ သြားေရာက္စဥ္ တုန္းေတြာင္ေက်း႐ြာအနီးအေရာက္၌ ခ်င္းလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ CNA က ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ဖမ္းဆီးခံရၿပီးေနာက္ CNA လက္နက္ကိုင္အဖြဲ႕က ႐ိုက္ႏွက္စစ္ေဆးေမးျမန္းမႈမ်ားျပဳလုပ္ခဲ့ရာ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁၀ ရက္၊ နံနက္ပိုင္းတြင္ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ ထို႔ေၾကာင့္ ဖမ္းဆီး႐ိုက္ႏွက္သတ္ျဖတ္မႈႏွင့္ပတ္သက္၍ တာဝန္ယူမႈတာဝန္ခံမႈရွိေစရန္ CNA လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္မ်ားအေနျဖင့္ က်ဴးလြန္သူမ်ားကို အေရးယူေပးရန္၊ ခ်င္းလူမ်ိဳးအခ်င္းခ်င္း အေၾကာင္းမဲ့သတ္ျဖတ္မႈမ်ားကို ရပ္တန႔္ရန္ ဇိုမီအဖြဲ႕ခ်ဳပ္(Zomi Federal Union)၏ ေတာင္းဆိုခ်က္တြင္ ေဖာ္ျပထားသည္။