တာချီလိတ်မြို့တွင် MITSUBISHI PAJERO ကားပေါ်မှ ငွေကျပ်သိန်း(၉၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

455

ချယ်ရီ(NP News)- ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် MITSUBISHI PAJERO ကားပေါ်မှ ငွေကျပ်သိန်း( ၉၀၀၀ )ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြီးခဲ့သည့် (ဒီဇင်ဘာလ ၉ ရက်)၊ နံနက် ၈ နာရီဝန်းကျင် အချိန်ခန့်က တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းပေါ်တွင် ကျိုင်းတုံမှ တာချီလိတ်ဘက်သို့ စိုင်းရွှေအောင် မောင်းနှင်ကာ အိုက်ကော်ခမ်း လိုက်ပါလာသော MITSUBISHI PAJERO ကားကို မူးယစ်ဆေးဝါးတားဆီနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးခဲ့ရာ ကားပေါ်မှ ငွေကျပ်သိန်း (၉,၂၀၀) တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၁၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ အိုက်စ်(မက်သ်အဖက်တမင်း)များကို မိုင်းပျဉ်းမြို့မှတာချီလိတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းတို့(၂)ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နှင့် မဟာအောင် မြေမြို့နယ်တွင် ငွေကျပ် (၉ ဒသမ ၁) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်။
zawgyi version
တာခ်ီလိတ္ၿမိဳ႕တြင္ MITSUBISHI PAJERO ကားေပၚမွ ေငြက်ပ္သိန္း(၉၀၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
ခ်ယ္ရီ(NP News)- ဒီဇင္ဘာ ၁၃
ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ MITSUBISHI PAJERO ကားေပၚမွ ေငြက်ပ္သိန္း( ၉၀၀၀ )ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ၿပီးခဲ့သည့္ (ဒီဇင္ဘာလ ၉ ရက္)၊ နံနက္ ၈ နာရီဝန္းက်င္ အခ်ိန္ခန႔္က တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်း႐ြာအုပ္စု၊ မယ္ယန္းေက်း႐ြာအနီးတြင္ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ လမ္းေပၚတြင္ က်ိဳင္းတုံမွ တာခ်ီလိတ္ဘက္သို႔ စိုင္းေ႐ႊေအာင္ ေမာင္းႏွင္ကာ အိုက္ေကာ္ခမ္း လိုက္ပါလာေသာ MITSUBISHI PAJERO ကားကို မူးယစ္ေဆးဝါးတားဆီႏွိမ္နင္းေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ရွာေဖြစစ္ေဆးခဲ့ရာ ကားေပၚမွ ေငြက်ပ္သိန္း (၉,၂၀၀) တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း) ၁၁၅ ကီလို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားကို မိုင္းပ်ဥ္းၿမိဳ႕မွတာခ်ီလိတ္ၿမိဳ႕သို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ၎တို႔(၂)ဦးကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစႏိုင္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၂ ရက္က မႏၲေလးတိုင္းေဒသႀကီး ပုသိမ္ႀကီးၿမိဳ႕နယ္ႏွင့္ မဟာေအာင္ ေျမၿမိဳ႕နယ္တြင္ ေငြက်ပ္ (၉ ဒသမ ၁) ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိခဲ့သည့္ ျဖစ္စဥ္လည္း ရွိခဲ့ဖူးသည္။