ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ရှိ ရဲကင်းစခန်းကို PDF အဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်

 3422

NP News - ဒီဇင်ဘာ ၁၃

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် နှင့် မိတ္ထီလာမြို့နယ်ကြား၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ရှိ ရဲကင်းစခန်းကို PDF အဖွဲ့က လာရောက်ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာ ၁၂ ရက်)၊ ညနေ ၃နာရီ ၂၀မိနစ်အချိန်ခန့်က နွားထိုးကြီးမြို့နယ်နှင့် မိတ္ထီလာမြို့နယ်အကြား၊ မန္တလေး- ရန်ကုန်အမြန်လမ်း၊ မိုင်တိုင်အမှတ် ၃၁၉(၆/၇)အကြားရှိ တဇောက်ချောင်းတံတားအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိသော ရဲကင်းစခန်းကို PDF အဖွဲ့ဝင် အင်အား(၇၀)ဦးခန့်က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် မိနစ်(၃၀)နီးပါအကြာတွင် PDF အဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာမရှိခဲ့သော် လည်း အမြန်လမ်းအသုံးပြုနေသည့် ယာဉ်များနှင့် ခရီးသွားပြည်သူများ ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့သည့်အပြင် ခရီးစဉ်နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာအနီးတဝိုက်ကို တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္းေပၚ ရွိ ရဲကင္းစခန္းကို PDF အဖြဲ႕က လာေရာက္ပစ္ခတ္တိုက္ခိုက္
NP News - ဒီဇင္ဘာ ၁၃

မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္ ႏွင့္ မိတၳီလာၿမိဳ႕နယ္ၾကား၊ ရန္ကုန္-မႏၲေလးအျမန္လမ္းေပၚ ရွိ ရဲကင္းစခန္းကို PDF အဖြဲ႕က လာေရာက္ပစ္ခက္တိုက္ခိုက္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာ ၁၂ ရက္)၊ ညေန ၃နာရီ ၂၀မိနစ္အခ်ိန္ခန႔္က ႏြားထိုးႀကီးၿမိဳ႕နယ္ႏွင့္ မိတၳီလာၿမိဳ႕နယ္အၾကား၊ မႏၲေလး- ရန္ကုန္အျမန္လမ္း၊ မိုင္တိုင္အမွတ္ ၃၁၉(၆/၇)အၾကားရွိ တေဇာက္ေခ်ာင္းတံတားအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေနရာတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားရွိေသာ ရဲကင္းစခန္းကို PDF အဖြဲ႕ဝင္ အင္အား(၇၀)ဦးခန႔္က လာေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ ျပန္လည္ပစ္ခတ္မႈေၾကာင့္ မိနစ္(၃၀)နီးပါအၾကာတြင္ PDF အဖြဲ႕ဝင္မ်ား ျပန္လည္ဆုတ္ခြာထြက္ေျပးသြားခဲ့ရေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္တိုက္ခိုက္မႈတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားဘက္မွ ထိခိုက္ပ်က္စီးမႈတစ္စုံတစ္ရာမရွိခဲ့ေသာ္ လည္း အျမန္လမ္းအသုံးျပဳေနသည့္ ယာဥ္မ်ားႏွင့္ ခရီးသြားျပည္သူမ်ား ထိတ္လန႔္မႈမ်ားျဖစ္ေပၚခဲ့သည့္အျပင္ ခရီးစဥ္ေႏွာင့္ေႏွးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့သည့္ ေနရာအနီးတဝိုက္ကို တပ္မေတာ္က နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ားဆက္လက္ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.