မြင်းခြံတွင် ရာအိမ်မှူးတစ်ဦးကို PDF အဖွဲ့ဝင်(၈)ဦးက သေနတ်ဖြင့် ပစ်သတ်သည့်အပြင် သားဖြစ်သူကိုဖမ်းပြီး ဆိုင်ကယ်(၄)စီးကိုပါ ယူဆောင်သွား

1370

နာမူ (NP News) - ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ရာအိမ်မှူးတစ်ဦးကို PDF အဖွဲ့ဝင်(၈)ဦးက သေနတ်ဖြင့် ပစ်သတ်သည့်အပြင် သားဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆိုင်ကယ်(၄)စီးကိုပါ ယူဆောင်သွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ အချိန်ခန့်က မြင်းခြံမြို့နယ်၊ သင်္ဘောတင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးမြင့်သန်း(၆၃)နှစ်သည် ၎င်း၏ နေအိမ်တွင် အသက် (၂၅)နှစ်အရွယ် သားဖြစ်သူနှင့် အတူရှိနေစဉ် PDF အဖွဲ့ဝင် (၈)ဦးခန့်က ဆိုင်ကယ်(၄)စီးဖြင့် ရောက်ရှိလာကာ ဦးမြင့်သန်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်သွားပြီးနောက် သားဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ်ရှိ ဆိုင်ကယ်(၄)စီးကိုပါ ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်သွားမှုကြောင့် ရာအိမ်မှူး ဦးမြင့်သန်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရ သည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးနှင့် ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version;
ျမင္းၿခံတြင္ ရာအိမ္မႉးတစ္ဦးကို PDF အဖြဲ႕ဝင္(၈)ဦးက ေသနတ္ျဖင့္ ပစ္သတ္သည့္အျပင္ သားျဖစ္သူကိုဖမ္းၿပီး ဆိုင္ကယ္(၄)စီးကိုပါ ယူေဆာင္သြား
နာမူ (NP News) - ဒီဇင္ဘာ ၁၄
မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္တြင္ ရာအိမ္မႉးတစ္ဦးကို PDF အဖြဲ႕ဝင္(၈)ဦးက ေသနတ္ျဖင့္ ပစ္သတ္သည့္အျပင္ သားျဖစ္သူကို ဖမ္းဆီးေခၚေဆာင္သြားၿပီး ဆိုင္ကယ္(၄)စီးကိုပါ ယူေဆာင္သြားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၁ ရက္၊ မြန္းလြဲ ၁ နာရီ မိနစ္ ၅၀ အခ်ိန္ခန႔္က ျမင္းၿခံၿမိဳ႕နယ္၊ သေဘၤာတင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာေန ရာအိမ္မႉးျဖစ္သူ ဦးျမင့္သန္း(၆၃)ႏွစ္သည္ ၎၏ ေနအိမ္တြင္ အသက္ (၂၅)ႏွစ္အ႐ြယ္ သားျဖစ္သူႏွင့္ အတူရွိေနစဥ္ PDF အဖြဲ႕ဝင္ (၈)ဦးခန႔္က ဆိုင္ကယ္(၄)စီးျဖင့္ ေရာက္ရွိလာကာ ဦးျမင့္သန္းကို ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ပစ္ခတ္သြားၿပီးေနာက္ သားျဖစ္သူကို ဖမ္းဆီးေခၚေဆာင္သြားကာ ေနအိမ္ရွိ ဆိုင္ကယ္(၄)စီးကိုပါ ယူေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေသနတ္ျဖင့္ ပစ္ခတ္သြားမႈေၾကာင့္ ရာအိမ္မႉး ဦးျမင့္သန္းတြင္ က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရ သည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရးႏွင့္ ဥပေဒႏွင့္အညီ အေရးယူအျပစ္ေပးႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။