တောင်ကိုရီးယား အာဏာရပါတီခေါင်းဆောင် ရာထူးက နုတ်ထွက်

2314

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၆
တောင်ကိုရီးယားအာဏာရပါတီဖြစ်တဲ့ People Power Party (PPP)ရဲ့ခေါင်းဆောင်ဟာ သမ္မတယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုတွေအောင်မြင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ပါတီခေါင်းဆောင်နေရာက နုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။
People Power Party (PPP)ပါတီက သမ္မတအဖြစ်ရွေးကောက်ခံထားတဲ့ ယွန်ဆက်ယိုလ်ဟာ ဒီဇင် ဘာလအစောပိုင်းမှာ စစ်အုပ်ချုပ်ရေးဥပဒေကို ထုတ်ပြန်ခဲ့ရာ တောင်ကိုရီးယားပြည်သူတွေနဲ့ အတိုက်ခံပါတီတွေရဲ့စွပ်စွဲပြစ်တင်မှုကို ရင်ဆိုင်ခဲ့ရပြီး ဒီဇင်ဘာ ၁၄ ရက်မှာ သမ္မတအဖြစ်ကနေ ယာယီဆိုင်းငံ့ခဲ့ရပါတယ်။ တောင်ကိုရီးယားအာဏာရပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်က "ကျွန်တော်ဟာ People Power Party (PPP)ပါတီ ခေါင်းဆောင်နေရာက နုတ်ထွက်လိုက်ပါတယ်။ ပါတီရဲ့အဆင့်မြင့်ဆုံးကောင်စီအဖွဲ့ဝင် (၅)ဦးဟာလည်း ယွန်ဆက်ယိုလ်စွပ်စွဲပြစ်တင်ခံရမှုအတွက် တာဝန်ယူခြင်း တာဝန်ခံခြင်းဖြစ်အောင် ရာထူးတွေကနေ နုတ်ထွက်ဖို့ ရည်ရွယ်ထားတယ်။ ကျွန်တော်တို့ဟာ ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်ရုံက တစ်ပါးအခြားရွေးချယ်စရာ မရှိဘူးခဲ့ဘူး၊ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ပူးပေါင်းပါဝင်ခဲ့တာမျိုးဖြစ်တယ်။ ယွန်ဆက်ယိုလ်နဲ့ ပတ်သက်ပြီးဖြစ်ခဲ့တဲ့အရာတွေအတွက် တာဝန်ယူခြင်း၊တာဝန်ခံခြင်းဖြစ်အောင် ကျွန်တော်ရာထူးကနေ နုတ်ထွက်မယ်။ ကျွန်တော်ကိုလည်းပြစ်တင်ဝေဖန်လို့ရပါတယ်"လို့ ပြောပါတယ်။
တောင်ကိုရီးယားအာဏာရပါတီဟာ ယွန်ဆက်ယိုလ်ကို ပထမအကြိမ်လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုတွေမှာ အတိုက်ခံပါတီတွေရဲ့ကြိုးပမ်းမှုကိုထောက်ခံမှုမရှိခဲ့ပေမယ့် ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက်လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုမှာတော့ အတိုက်ခံပါတီတွေရဲ့ကြိုးပမ်းမှုကို ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ဒီမိုကရေစီကိုကာကွယ်နိုင်ဖို့ ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုတွေမှာ ပူးပေါင်းပါဝင်လိုက်ရတာမျိုးဖြစ်တယ်လို့ ပြောပါတယ်။
zawgyi version
ေတာင္ကိုရီးယား အာဏာရပါတီေခါင္းေဆာင္ ရာထူးက ႏုတ္ထြက္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၆
ေတာင္ကိုရီးယားအာဏာရပါတီျဖစ္တဲ့ People Power Party (PPP)ရဲ႕ေခါင္းေဆာင္ဟာ သမၼတယြန္ဆက္ယိုလ္ကို လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မႈေတြေအာင္ျမင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ပါတီေခါင္းေဆာင္ေနရာက ႏုတ္ထြက္သြားခဲ့တယ္လို႔ သိရပါတယ္။
People Power Party (PPP)ပါတီက သမၼတအျဖစ္ေ႐ြးေကာက္ခံထားတဲ့ ယြန္ဆက္ယိုလ္ဟာ ဒီဇင္ ဘာလအေစာပိုင္းမွာ စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ထုတ္ျပန္ခဲ့ရာ ေတာင္ကိုရီးယားျပည္သူေတြနဲ႔ အတိုက္ခံပါတီေတြရဲ႕စြပ္စြဲျပစ္တင္မႈကို ရင္ဆိုင္ခဲ့ရၿပီး ဒီဇင္ဘာ ၁၄ ရက္မွာ သမၼတအျဖစ္ကေန ယာယီဆိုင္းငံ့ခဲ့ရပါတယ္။ ေတာင္ကိုရီးယားအာဏာရပါတီေခါင္းေဆာင္ ဟန္ေဒါင္ဟြန္က "ကြၽန္ေတာ္ဟာ People Power Party (PPP)ပါတီ ေခါင္းေဆာင္ေနရာက ႏုတ္ထြက္လိုက္ပါတယ္။ ပါတီရဲ႕အဆင့္ျမင့္ဆုံးေကာင္စီအဖြဲ႕ဝင္ (၅)ဦးဟာလည္း ယြန္ဆက္ယိုလ္စြပ္စြဲျပစ္တင္ခံရမႈအတြက္ တာဝန္ယူျခင္း တာဝန္ခံျခင္းျဖစ္ေအာင္ ရာထူးေတြကေန ႏုတ္ထြက္ဖို႔ ရည္႐ြယ္ထားတယ္။ ကြၽန္ေတာ္တို႔ဟာ ယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္႐ုံက တစ္ပါးအျခားေ႐ြးခ်ယ္စရာ မရွိဘူးခဲ့ဘူး၊ ဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔ဟာ ပူးေပါင္းပါဝင္ခဲ့တာမ်ိဳးျဖစ္တယ္။ ယြန္ဆက္ယိုလ္နဲ႔ ပတ္သက္ၿပီးျဖစ္ခဲ့တဲ့အရာေတြအတြက္ တာဝန္ယူျခင္း၊တာဝန္ခံျခင္းျဖစ္ေအာင္ ကြၽန္ေတာ္ရာထူးကေန ႏုတ္ထြက္မယ္။ ကြၽန္ေတာ္ကိုလည္းျပစ္တင္ေဝဖန္လို႔ရပါတယ္"လို႔ ေျပာပါတယ္။
ေတာင္ကိုရီးယားအာဏာရပါတီဟာ ယြန္ဆက္ယိုလ္ကို ပထမအႀကိမ္လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မႈေတြမွာ အတိုက္ခံပါတီေတြရဲ႕ႀကိဳးပမ္းမႈကိုေထာက္ခံမႈမရွိခဲ့ေပမယ့္ ဒီဇင္ဘာ ၁၄ ရက္က ျပဳလုပ္ခဲ့တဲ့ ဒုတိယအႀကိမ္ေျမာက္လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မႈမွာေတာ့ အတိုက္ခံပါတီေတြရဲ႕ႀကိဳးပမ္းမႈကို ပူးေပါင္းပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ဒီမိုကေရစီကိုကာကြယ္ႏိုင္ဖို႔ ယြန္ဆက္ယိုလ္ကို စြပ္စြဲျပစ္တင္မႈေတြမွာ ပူးေပါင္းပါဝင္လိုက္ရတာမ်ိဳးျဖစ္တယ္လို႔ ေျပာပါတယ္။