တရုတ်ရဲတပ်ဖွဲ့က AI စွမ်းအင်သုံး အလုံးပုံစံ စက်ရုပ်များနှင့်အတူ ကင်းလှည့်မှု လုပ်ဆောင်နေ

 1120

Pika (NP News) - ဒီဇင်ဘာ ၁၇

တရုတ်နိုင်ငံရဲတပ်ဖွဲ့သည် ရာဇဝတ်မှုများကို ထောက်လှမ်းရန်နှင့် ရပ်တန့်နိုင်သည့် AI စွမ်းအင်သုံး အလုံးပုံစံစက်ရုပ်များကို အသုံးပြုကာ လမ်းမများပေါ်တွင် ကင်းလှည့်မှုများလုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်လအနည်းငယ်တွင် တရုတ်စက်ရုပ်ကုမ္ပဏီ Logon Technology သည် အန္တရာယ်ရှိသောပတ်ဝန်းကျင်နှင့်အခြေအနေများတွင် လူသားများကိုကူညီရန် ဒီဇိုင်းထုတ်ထားသော RT-G အလုံးပုံစံစက်ရုပ်ကို ထုတ်ပြန်ပြသခဲ့သည်။ အဆိုပါစက်ရုပ်သည် ကုန်းမြေနှင့် ရေထဲတို့တွင် လည်ပတ်ဆောင် ရွက်နိုင်ပြီး အမြန်နှုန်း တစ်နာရီလျှင်(၃၅)ကီလိုမီတာအထိ ရောက်ရှိနိုင်ကာ ထိခိုက်ပျက်စီးမှုကို တန်ချိန်(၄)တန်အထိ ခံနိုင်ရည်ရှိကြောင်းလည်း သိရသည်။

ပရိုမိုးရှင်းဗီဒီယိုတစ်ခုတွင် RT-G စက်ရုပ်သည် ရေပြင်၊ ကြမ်းတမ်းသောမြေမျက်နှာပြင်နှင့် ရွှံ့နွံများထဲတွင် လည်ပတ်ဆောင်ရွက်နိုင်သည်ကို ပြသထားသည်။ သို့သော်လည်း အဆိုပါစက်ရုပ်နှင့် ပတ်သက်ပြီး လူအများ၏စိတ်ဝင်စားမှုကို ရရှိထား သည့် အဓိကအချက်မှာ ရာဇဝတ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်စွမ်းရှိသည့် ကင်းလှည့်စက်ရုပ်တစ်မျိုးဖြစ်နေခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။ ပရိုမိုးရှင်း ဗီဒီယိုဖိုင်ပျံ့နှံ့လာခဲ့ပြီးနောက် (၂)လမပြည့်မီအချိန်တွင် RT-G စက်ရုပ်များသည် တရုတ်ရဲတပ်ဖွဲ့နှင့် အတူ ကင်းလှည့်နေသည်ကိုတွေ့မြင်ခဲ့ရသည်။ Logon Technology ကုမ္ပဏီ၏တင်ပြချက်အရ RT-G စက်ရုပ်သည် မှုခင်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်းလည်း သိရသည်။ RT-G စက်ရုပ်၏ AI စွမ်းအင်သုံးကင်မရာများသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ အနှောင့်အယှက်များ သို့မဟုတ် မူမမှန်မှုများကို ထောက်လှမ်းနိုင်ပြီး ၎င်း၏မျက်နှာမှတ်မိနိုင်သော ဆော့ဖ်ဝဲလ်သည် ရာဇဝတ်မှုကျူး လွန်သူများကို အလွယ်တကူသိရှိနိုင်မည်လည်းဖြစ်သည်။

ထို့ပြင် RT-G စက်ရုပ်သည် သံသယရှိသူများကို ၎င်း၏ကိုယ်ထည်ဖြင့်တိုက်ပစ်ခြင်း သို့မဟုတ် ပိုက်ကွန်သေနတ်ဖြင့် ပစ်ကာ ဖမ်းဆီးမှုများလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ တရုတ် ရဲတပ်ဖွဲ့က RT-G စက်ရုပ်နှင့်အတူ ကင်းလှည့်နေခြင်းသည် စမ်းသပ်နေသလား သို့မဟုတ် စတင်အသုံးပြုနေသလားဆိုသည့်အချက်ကို ပြောဆိုရန် ခက်ခဲသော်လည်း လက်ရှိအချိန်တွင် တရုတ်နိုင်ငံက AI စွမ်းအင်သုံးစက်ရုပ်များကို အသုံးပြုနေသည်ဆိုသည်မှာ ထင်ရှားသည့်အချက်တစ်ခုလည်းဖြစ်သည်။

zawgyi version
တ႐ုတ္ရဲတပ္ဖြဲ႕က AI စြမ္းအင္သုံး အလုံးပုံစံ စက္႐ုပ္မ်ားႏွင့္အတူ ကင္းလွည့္မႈ လုပ္ေဆာင္ေန
Pika (NP News) - ဒီဇင္ဘာ ၁၇

တ႐ုတ္ႏိုင္ငံရဲတပ္ဖြဲ႕သည္ ရာဇဝတ္မႈမ်ားကို ေထာက္လွမ္းရန္ႏွင့္ ရပ္တန႔္ႏိုင္သည့္ AI စြမ္းအင္သုံး အလုံးပုံစံစက္႐ုပ္မ်ားကို အသုံးျပဳကာ လမ္းမမ်ားေပၚတြင္ ကင္းလွည့္မႈမ်ားလုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္လအနည္းငယ္တြင္ တ႐ုတ္စက္႐ုပ္ကုမၸဏီ Logon Technology သည္ အႏၲရာယ္ရွိေသာပတ္ဝန္းက်င္ႏွင့္အေျခအေနမ်ားတြင္ လူသားမ်ားကိုကူညီရန္ ဒီဇိုင္းထုတ္ထားေသာ RT-G အလုံးပုံစံစက္႐ုပ္ကို ထုတ္ျပန္ျပသခဲ့သည္။ အဆိုပါစက္႐ုပ္သည္ ကုန္းေျမႏွင့္ ေရထဲတို႔တြင္ လည္ပတ္ေဆာင္ ႐ြက္ႏိုင္ၿပီး အျမန္ႏႈန္း တစ္နာရီလွ်င္(၃၅)ကီလိုမီတာအထိ ေရာက္ရွိႏိုင္ကာ ထိခိုက္ပ်က္စီးမႈကို တန္ခ်ိန္(၄)တန္အထိ ခံႏိုင္ရည္ရွိေၾကာင္းလည္း သိရသည္။

ပ႐ိုမိုးရွင္းဗီဒီယိုတစ္ခုတြင္ RT-G စက္႐ုပ္သည္ ေရျပင္၊ ၾကမ္းတမ္းေသာေျမမ်က္ႏွာျပင္ႏွင့္ ႐ႊံ႕ႏြံမ်ားထဲတြင္ လည္ပတ္ေဆာင္႐ြက္ႏိုင္သည္ကို ျပသထားသည္။ သို႔ေသာ္လည္း အဆိုပါစက္႐ုပ္ႏွင့္ ပတ္သက္ၿပီး လူအမ်ား၏စိတ္ဝင္စားမႈကို ရရွိထား သည့္ အဓိကအခ်က္မွာ ရာဇဝတ္မႈက်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ႏိုင္စြမ္းရွိသည့္ ကင္းလွည့္စက္႐ုပ္တစ္မ်ိဳးျဖစ္ေနျခင္းေၾကာင့္ျဖစ္ေၾကာင္းသိရသည္။ ပ႐ိုမိုးရွင္း ဗီဒီယိုဖိုင္ပ်ံ႕ႏွံ႔လာခဲ့ၿပီးေနာက္ (၂)လမျပည့္မီအခ်ိန္တြင္ RT-G စက္႐ုပ္မ်ားသည္ တ႐ုတ္ရဲတပ္ဖြဲ႕ႏွင့္ အတူ ကင္းလွည့္ေနသည္ကိုေတြ႕ျမင္ခဲ့ရသည္။ Logon Technology ကုမၸဏီ၏တင္ျပခ်က္အရ RT-G စက္႐ုပ္သည္ မႈခင္းမ်ားကို နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ ကိုင္တြယ္ေျဖရွင္းႏိုင္ေၾကာင္းလည္း သိရသည္။ RT-G စက္႐ုပ္၏ AI စြမ္းအင္သုံးကင္မရာမ်ားသည္ ၎တို႔ပတ္ဝန္းက်င္ရွိ အေႏွာင့္အယွက္မ်ား သို႔မဟုတ္ မူမမွန္မႈမ်ားကို ေထာက္လွမ္းႏိုင္ၿပီး ၎၏မ်က္ႏွာမွတ္မိႏိုင္ေသာ ေဆာ့ဖ္ဝဲလ္သည္ ရာဇဝတ္မႈက်ဴး လြန္သူမ်ားကို အလြယ္တကူသိရွိႏိုင္မည္လည္းျဖစ္သည္။

ထို႔ျပင္ RT-G စက္႐ုပ္သည္ သံသယရွိသူမ်ားကို ၎၏ကိုယ္ထည္ျဖင့္တိုက္ပစ္ျခင္း သို႔မဟုတ္ ပိုက္ကြန္ေသနတ္ျဖင့္ ပစ္ကာ ဖမ္းဆီးမႈမ်ားလုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။ တ႐ုတ္ ရဲတပ္ဖြဲ႕က RT-G စက္႐ုပ္ႏွင့္အတူ ကင္းလွည့္ေနျခင္းသည္ စမ္းသပ္ေနသလား သို႔မဟုတ္ စတင္အသုံးျပဳေနသလားဆိုသည့္အခ်က္ကို ေျပာဆိုရန္ ခက္ခဲေသာ္လည္း လက္ရွိအခ်ိန္တြင္ တ႐ုတ္ႏိုင္ငံက AI စြမ္းအင္သုံးစက္႐ုပ္မ်ားကို အသုံးျပဳေနသည္ဆိုသည္မွာ ထင္ရွားသည့္အခ်က္တစ္ခုလည္းျဖစ္သည္။

Related news

© 2021. All rights reserved.