ဒေသအဆင့် ပရဟိတအသင်းများ လိုင်စင်အသစ်တွင် ဘဏ်အပ်ငွေ သိန်း(၅၀ဝ) ပြသရတော့မည်

3380

သုတကျော် (NP News) - ဒီဇင်ဘာ ၁၇
တိုင်းဒေသကြီးအဆင့် လိုင်စင်သက်တမ်း တိုးခြင်း၊ အသစ်တင်ခြင်းပြုလုပ်မည့် ပရဟိတအသင်းများအနေဖြင့် ဘဏ်အပ်နှံငွေ ကျပ်သိန်း (၅၀ဝ) ပြသရမည်ဖြစ်သောကြောင့် အသင်းများအနေဖြင့် အခက်အခဲများဖြစ်လာနိုင်ကြောင်း ပရဟိတအသင်းတစ်သင်းမှတာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
ထိုသို့ သတ်မှတ်ခြင်းမှာ ယခုနှစ်ဒီဇင်ဘာလမှစတင်ခြင်းဖြစ်ပြီး မြို့နယ်အဆင့် မှတ်ပုံတင်သည့်အသင်းများသာ များပြားလာဖွယ်ရှိကြောင်းလည်း သိရသည်။
"ရှေ့ပိုင်းတင်တဲ့ အသင်းတွေကတော့ လွတ်တယ်ဗျ။ စည်းကမ်းသတ်မှတ်လိုက်ပုံ ရတယ်ပေါ့နော်။ အခက်အခဲကတော့ ဘဏ်စာအုပ်မှာ သိန်း (၅၀ဝ) show money ပြရမယ်ပေါ့။ အဲဒီ ပိုက်ဆံကလည်း ပြန်ပြီးတော့သုံးပုံတစ်ပုံလောက်ပဲ ပြန်ထုတ်ယူသုံးစွဲခွင့် ရှိတယ်။ အပြပြပြီး ပြန်ထုတ်လို့ မရဘူး။ သုံးပုံတစ်ပုံ ပြန်သုံးစွဲတာကိုလည်း အကျိုးအ ကြောင်း ခိုင်ခိုင်လုံလုံ ပြန်တင်ပြရမယ်ပေါ့"ဟု ၎င်း က ဆိုသည်။
ထိုသို့ သတ်မှတ်လိုက်ခြင်းမှာ မြေပြင်တွင် အမှန်တကယ် ကွင်းဆင်းဆောင်ရွက်နေသည့် ပရဟိတအသင်းများအနေဖြင့် အခက်အခဲများ ရှိကြောင်း ၎င်းကဆိုသည်။
"သိန်းငါးရာ ပြရမယ်ဆိုရင် ကျွန်တော်တို့ အသင်းအပါအဝင် ပရဟိတအသင်းတွေမှာ သိန်း ငါးရာမပြောနဲ့ သိန်းငါးဆယ်တောင်မရှိဘူး။ တစ်ခါတလေကျ ကားကိုဆီထည့်ဖို့တောင် ငါးသောင်း၊ ခြောက်သောင်းကို ဟိုလူလှူပါဦး၊ ဒီလူလှူပါဦး ပြောနေရတာလေ။ သိန်းငါးဆယ်ပြပါဆိုတောင် သိန်း ငါးဆယ်မရှိဘူး"ဟု ၎င်းက ဆိုသည်။
အသင်းအဖွဲ့များအနေဖြင့် ရသည့်ငွေဖြင့် ရပ်တည်ရန် ကြိုးပမ်းနေရပြီး အလှူရှင်များကလည်း ကြပ်တည်းနေသည့် အနေအထားဖြစ်ကြောင်း ၎င်းက ဆိုသည်။
"တရားဝင်တော့ စာမထွက်ဘူးဗျ။ လာတင်တဲ့အခါ ပြောလိုက်တာ။ တကယ်လုပ်တဲ့ အသင်းတွေက အများကြီးနစ်နာသွားမှာလေ။ သိန်းငါးရာ ဆိုတာ လွယ်တာမှမဟုတ်တာ။ နောက် ဒီသိန်းငါးရာ အ တွက်ကို ဘဏ်မှာထည့်ဖို့ လှူပါဆိုလည်း ဘယ်သူမှ လှူမှာ မဟုတ်ဘူးလေ"ဟု ၎င်းက ဆိုသည်။
zawgyi version
ေဒသအဆင့္ ပရဟိတအသင္းမ်ား လိုင္စင္အသစ္တြင္ ဘဏ္အပ္ေငြ သိန္း(၅၀ဝ) ျပသရေတာ့မည္
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၁၇
တိုင္းေဒသႀကီးအဆင့္ လိုင္စင္သက္တမ္း တိုးျခင္း၊ အသစ္တင္ျခင္းျပဳလုပ္မည့္ ပရဟိတအသင္းမ်ားအေနျဖင့္ ဘဏ္အပ္ႏွံေငြ က်ပ္သိန္း (၅၀ဝ) ျပသရမည္ျဖစ္ေသာေၾကာင့္ အသင္းမ်ားအေနျဖင့္ အခက္အခဲမ်ားျဖစ္လာႏိုင္ေၾကာင္း ပရဟိတအသင္းတစ္သင္းမွတာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ထိုသို႔ သတ္မွတ္ျခင္းမွာ ယခုႏွစ္ဒီဇင္ဘာလမွစတင္ျခင္းျဖစ္ၿပီး ၿမိဳ႕နယ္အဆင့္ မွတ္ပုံတင္သည့္အသင္းမ်ားသာ မ်ားျပားလာဖြယ္ရွိေၾကာင္းလည္း သိရသည္။
"ေရွ႕ပိုင္းတင္တဲ့ အသင္းေတြကေတာ့ လြတ္တယ္ဗ်။ စည္းကမ္းသတ္မွတ္လိုက္ပုံ ရတယ္ေပါ့ေနာ္။ အခက္အခဲကေတာ့ ဘဏ္စာအုပ္မွာ သိန္း (၅၀ဝ) show money ျပရမယ္ေပါ့။ အဲဒီ ပိုက္ဆံကလည္း ျပန္ၿပီးေတာ့သုံးပုံတစ္ပုံေလာက္ပဲ ျပန္ထုတ္ယူသုံးစြဲခြင့္ ရွိတယ္။ အျပျပၿပီး ျပန္ထုတ္လို႔ မရဘူး။ သုံးပုံတစ္ပုံ ျပန္သုံးစြဲတာကိုလည္း အက်ိဳးအ ေၾကာင္း ခိုင္ခိုင္လုံလုံ ျပန္တင္ျပရမယ္ေပါ့"ဟု ၎ က ဆိုသည္။
ထိုသို႔ သတ္မွတ္လိုက္ျခင္းမွာ ေျမျပင္တြင္ အမွန္တကယ္ ကြင္းဆင္းေဆာင္႐ြက္ေနသည့္ ပရဟိတအသင္းမ်ားအေနျဖင့္ အခက္အခဲမ်ား ရွိေၾကာင္း ၎ကဆိုသည္။
"သိန္းငါးရာ ျပရမယ္ဆိုရင္ ကြၽန္ေတာ္တို႔ အသင္းအပါအဝင္ ပရဟိတအသင္းေတြမွာ သိန္း ငါးရာမေျပာနဲ႔ သိန္းငါးဆယ္ေတာင္မရွိဘူး။ တစ္ခါတေလက် ကားကိုဆီထည့္ဖို႔ေတာင္ ငါးေသာင္း၊ ေျခာက္ေသာင္းကို ဟိုလူလႉပါဦး၊ ဒီလူလႉပါဦး ေျပာေနရတာေလ။ သိန္းငါးဆယ္ျပပါဆိုေတာင္ သိန္း ငါးဆယ္မရွိဘူး"ဟု ၎က ဆိုသည္။
အသင္းအဖြဲ႕မ်ားအေနျဖင့္ ရသည့္ေငြျဖင့္ ရပ္တည္ရန္ ႀကိဳးပမ္းေနရၿပီး အလႉရွင္မ်ားကလည္း ၾကပ္တည္းေနသည့္ အေနအထားျဖစ္ေၾကာင္း ၎က ဆိုသည္။
"တရားဝင္ေတာ့ စာမထြက္ဘူးဗ်။ လာတင္တဲ့အခါ ေျပာလိုက္တာ။ တကယ္လုပ္တဲ့ အသင္းေတြက အမ်ားႀကီးနစ္နာသြားမွာေလ။ သိန္းငါးရာ ဆိုတာ လြယ္တာမွမဟုတ္တာ။ ေနာက္ ဒီသိန္းငါးရာ အ တြက္ကို ဘဏ္မွာထည့္ဖို႔ လႉပါဆိုလည္း ဘယ္သူမွ လႉမွာ မဟုတ္ဘူးေလ"ဟု ၎က ဆိုသည္။