သမ္မတဇီလန်စကီးကို ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ဖို့ ဖိတ်ကြားမှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့် ပြော

 1038

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၇

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလအတွင်း ကျင်းပမယ့် သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကိုတက်ရောက်ဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖိတ်ကြားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ အမေရိကန်နိုင်ငံရဲ့ (၄၇)ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က "ကျွန်တော့်အနေနဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကိုတက်ရောက်ဖို့ ယူကရိန်းသမ္မတကို ဖိတ်ကြားမှာမဟုတ်ဘူး၊ တကယ်လို့ သူလာချင်တယ်ဆိုရင်တော့ လာခွင့်ရှိပါတယ်"လို့ ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ဒီလအစောပိုင်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဇီလန်စကီးနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းနဲ့ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့ လိုလားနေသူဖြစ်ပြီး တင်းမာမှုတွေထပ်မံမြင့်တက်လာမှာ မလိုလားကြောင်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် ရွေးကောက်ခံရမယ်ဆိုရင် ယူကရိန်းစစ်ပွဲကို (၂၄)နာရီအတွင်း အဆုံးသတ်အောင်လုပ်ဆောင်မယ်လို့ ပြောဆိုထားဖူးရာ လက်ရှိအချိန်တည်းက ဒေါ်နယ်ထရမ့်ရဲ့အစိုးရအဖွဲ့မှာပါဝင်မယ့်သူတွေဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးတွေ့ဆုံဆွေးနွေးနိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုများဖြစ်လာအောင် ကြိုးပမ်းမှုမရှိခဲ့တဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့အစိုးရအဖွဲ့ကို ဝေဖန်ပြစ်တင်ထားကြောင်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ဖို့ တရုတ်သမ္မတကို ဖိတ်ခေါ်ဖွယ်ရှိနေပေမယ့် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ကျမ်းသစ္စာကျိန်ဆိုပွဲကိုတက်ရောက်ဖွယ်ရှိ၊မရှိ မသိသေးကြောင်း သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတပူတင်ကို ဖိတ်ခေါ်ခြင်းရှိ၊ မရှိဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသလို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လက်ရှိအချိန်အထိ ဖိတ်ကြားစာ လက်ခံမရသေးကြောင်း ပြောပါတယ်။

zawgyi version
သမၼတဇီလန္စကီးကို က်မ္းသစၥာက်ိန္ဆိုပြဲတက္ေရာက္ဖို႔ ဖိတ္ၾကားမွာမဟုတ္ဘူးလို႔ ေဒၚနယ္ထရမ့္ ေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၇

အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္က ဇန္နဝါရီလအတြင္း က်င္းပမယ့္ သမၼတအသစ္ က်မ္းသစၥာက်ိန္ဆိုပြဲကိုတက္ေရာက္ဖို႔ ယူကရိန္းသမၼတ ဇီလန္စကီးကို ဖိတ္ၾကားမွာမဟုတ္ဘူးလို႔ ထုတ္ေဖာ္ေျပာဆို လိုက္ပါတယ္။

ေဒၚနယ္ထရမ့္ဟာ ဇန္နဝါရီ ၂၀ ရက္မွာ အေမရိကန္ႏိုင္ငံရဲ႕ (၄၇)ဦးေျမာက္သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုမွာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က "ကြၽန္ေတာ့္အေနနဲ႔ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုပြဲကိုတက္ေရာက္ဖို႔ ယူကရိန္းသမၼတကို ဖိတ္ၾကားမွာမဟုတ္ဘူး၊ တကယ္လို႔ သူလာခ်င္တယ္ဆိုရင္ေတာ့ လာခြင့္ရွိပါတယ္"လို႔ ေျပာပါတယ္။ ေဒၚနယ္ထရမ့္ဟာ ဒီလအေစာပိုင္းက ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွာ ဇီလန္စကီးနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ယူကရိန္းနဲ႔႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့ စစ္ပြဲကို အျမန္ဆုံးအဆုံးသတ္ဖို႔ လိုလားေနသူျဖစ္ၿပီး တင္းမာမႈေတြထပ္မံျမင့္တက္လာမွာ မလိုလားေၾကာင္း သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္ ေ႐ြးေကာက္ခံရမယ္ဆိုရင္ ယူကရိန္းစစ္ပြဲကို (၂၄)နာရီအတြင္း အဆုံးသတ္ေအာင္လုပ္ေဆာင္မယ္လို႔ ေျပာဆိုထားဖူးရာ လက္ရွိအခ်ိန္တည္းက ေဒၚနယ္ထရမ့္ရဲ႕အစိုးရအဖြဲ႕မွာပါဝင္မယ့္သူေတြဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား အပစ္ခတ္ရပ္စဲေရးေတြ႕ဆုံေဆြးေႏြးႏိုင္ေအာင္ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

ေဒၚနယ္ထရမ့္ဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး ေတြ႕ဆုံေဆြးေႏြးမႈမ်ားျဖစ္လာေအာင္ ႀကိဳးပမ္းမႈမရွိခဲ့တဲ့ အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္ဦးေဆာင္တဲ့အစိုးရအဖြဲ႕ကို ေဝဖန္ျပစ္တင္ထားေၾကာင္း သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ က်မ္းသစၥာက်ိန္ဆိုပြဲတက္ေရာက္ဖို႔ တ႐ုတ္သမၼတကို ဖိတ္ေခၚဖြယ္ရွိေနေပမယ့္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ဟာ က်မ္းသစၥာက်ိန္ဆိုပြဲကိုတက္ေရာက္ဖြယ္ရွိ၊မရွိ မသိေသးေၾကာင္း သိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ ႐ုရွားသမၼတပူတင္ကို ဖိတ္ေခၚျခင္းရွိ၊ မရွိဆိုတာကို ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေသးသလို ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ လက္ရွိအခ်ိန္အထိ ဖိတ္ၾကားစာ လက္ခံမရေသးေၾကာင္း ေျပာပါတယ္။

Related news

© 2021. All rights reserved.