ကမ္ဘာ့အသက်အကြီးဆုံး ကြင်စဦးဇနီးမောင်နှံအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ အမေရိကန်စုံတွဲ

 1161

Pika (NP News) - ဒီဇင်ဘာ ၁၈

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် Philadelphia မြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် တွေ့ဆုံခဲ့ကြသော အသက်(၁၀ဝ)နှစ်အရွယ် အမျိုးသားနှင့် (၁၀၂) နှစ်အရွယ်အမျိုးသမီးတို့သည် ချစ် ကြိုက်ခဲ့ကာ လက်ထပ်ခဲ့ကြပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံး ကြင်စဦးဇနီးမောင်နှံအဖြစ် ဂင်းနစ်စံ ချိန်ရရှိခဲ့ကြောင်း သိရသည်။

ဘာနေးလစ်မန်းနှင့် မာဂျိုရီဖီတာမန်းတို့သည် ပြီးခဲ့သည့်မေလ(၁၉)ရက်‌တွင် ၎င်းတို့နေထိုင်သည့် ဘိုးဘွားရိပ်သာအတွင်းလက်ထပ်ခဲ့ကြပြီးနောက် အသက်အကြီးဆုံး ကြင်စဦးဇနီးမောင်နှံအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း ဂင်းနစ်မှတ်တမ်းအဖွဲ့က ပြောကြားခဲ့သည်။ ဘာနေးလစ်မန်း နှင့် မာဂျိုရီဖီတာမန်းတို့သည် ဘိုးဘွားရိပ်သာရှိ ပါတီတစ်ခုတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးသည် ပင်ဆယ်ဗေးနီးယားတက္ကသိုလ်တွင် တစ်ချိန်တည်းမှာပင် ကျောင်းတက်ခဲ့ကြသူများဖြစ်ကြောင်း နောက် ပိုင်းတွင်သိရှိခဲ့ရသည်။ သို့သော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် ကျောင်းတက်စဉ် ကာလအတွင်း ချစ်ကြိုက်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။ ဘာနေးလစ်မန်းနှင့် မာဂျိုရီဖီတာ မန်းတို့သည် ၎င်း တို့၏ပထမအိမ်ထောင်ဖက်များနှင့် နှစ်ပေါင်း(၆၀)ကျော်ကြာ ပေါင်းသင်းခဲ့ကြပြီးနောက် အသက်(၁၀ဝ) နှစ်ကျော်တွင် ယခုလို လက်ထပ်ထိမ်းမြားမှုကို ထပ်မံလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ဘာနေးလစ်မန်း နှင့် မာဂျိုရီဖီတာမန်းတို့သည် ရင်းနှီးသောသူငယ်ချင်းများအဖြစ်ပင်မဟုတ်ဘဲ ခင်ပွန်းနှင့် ဇနီးသည်တို့အဖြစ် မှန်ကန်သောခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အခမ်းအနားမှူးဖြစ်သူ ရာဘီအဒမ်ဝိုး ဘာ့ချ်က ပြောကြားခဲ့သည်။ ဘာနေးလစ် မန်း၏ မြေးဖြစ်သူ ဆာရာဆီချာမန်းက “သူတို့ နှစ်ယောက်စလုံးဟာ တစ်ယောက်အကြောင်းကို တစ်ယောက်မြတ်နိုးကြပါတယ်။ သူတို့နှစ်ယောက် တူတူရှိနေတာက သူတို့ကို အသက်ရှည်ရှည်နေနိုင်စေမယ့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

zawgyi version
ကမာၻ႔အသက္အႀကီးဆုံး ၾကင္စဦးဇနီးေမာင္ႏွံအျဖစ္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့တဲ့ အေမရိကန္စုံတြဲ
Pika (NP News) - ဒီဇင္ဘာ ၁၈

အေမရိကန္ႏိုင္ငံ ပင္ဆယ္ေဗးနီးယားျပည္နယ္ Philadelphia ၿမိဳ႕ရွိ ဘိုးဘြားရိပ္သာတစ္ခုတြင္ ေတြ႕ဆုံခဲ့ၾကေသာ အသက္(၁၀ဝ)ႏွစ္အ႐ြယ္ အမ်ိဳးသားႏွင့္ (၁၀၂) ႏွစ္အ႐ြယ္အမ်ိဳးသမီးတို႔သည္ ခ်စ္ ႀကိဳက္ခဲ့ကာ လက္ထပ္ခဲ့ၾကၿပီးေနာက္ ကမာၻ႔အသက္အႀကီးဆုံး ၾကင္စဦးဇနီးေမာင္ႏွံအျဖစ္ ဂင္းနစ္စံ ခ်ိန္ရရွိခဲ့ေၾကာင္း သိရသည္။

ဘာေနးလစ္မန္းႏွင့္ မာဂ်ိဳရီဖီတာမန္းတို႔သည္ ၿပီးခဲ့သည့္ေမလ(၁၉)ရက္‌တြင္ ၎တို႔ေနထိုင္သည့္ ဘိုးဘြားရိပ္သာအတြင္းလက္ထပ္ခဲ့ၾကၿပီးေနာက္ အသက္အႀကီးဆုံး ၾကင္စဦးဇနီးေမာင္ႏွံအျဖစ္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း ဂင္းနစ္မွတ္တမ္းအဖြဲ႕က ေျပာၾကားခဲ့သည္။ ဘာေနးလစ္မန္း ႏွင့္ မာဂ်ိဳရီဖီတာမန္းတို႔သည္ ဘိုးဘြားရိပ္သာရွိ ပါတီတစ္ခုတြင္ ေတြ႕ဆုံခဲ့ၾကျခင္းျဖစ္ၿပီး ၎တို႔ႏွစ္ဦးစလုံးသည္ ပင္ဆယ္ေဗးနီးယားတကၠသိုလ္တြင္ တစ္ခ်ိန္တည္းမွာပင္ ေက်ာင္းတက္ခဲ့ၾကသူမ်ားျဖစ္ေၾကာင္း ေနာက္ ပိုင္းတြင္သိရွိခဲ့ရသည္။ သို႔ေသာ္လည္း ၎တို႔ႏွစ္ဦးစလုံးသည္ ေက်ာင္းတက္စဥ္ ကာလအတြင္း ခ်စ္ႀကိဳက္ခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္းသိရသည္။ ဘာေနးလစ္မန္းႏွင့္ မာဂ်ိဳရီဖီတာ မန္းတို႔သည္ ၎ တို႔၏ပထမအိမ္ေထာင္ဖက္မ်ားႏွင့္ ႏွစ္ေပါင္း(၆၀)ေက်ာ္ၾကာ ေပါင္းသင္းခဲ့ၾကၿပီးေနာက္ အသက္(၁၀ဝ) ႏွစ္ေက်ာ္တြင္ ယခုလို လက္ထပ္ထိမ္းျမားမႈကို ထပ္မံလုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္သည္။

ဘာေနးလစ္မန္း ႏွင့္ မာဂ်ိဳရီဖီတာမန္းတို႔သည္ ရင္းႏွီးေသာသူငယ္ခ်င္းမ်ားအျဖစ္ပင္မဟုတ္ဘဲ ခင္ပြန္းႏွင့္ ဇနီးသည္တို႔အျဖစ္ မွန္ကန္ေသာေျခလွမ္းတစ္ခုကို လွမ္းႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း အခမ္းအနားမႉးျဖစ္သူ ရာဘီအဒမ္ဝိုး ဘာ့ခ်္က ေျပာၾကားခဲ့သည္။ ဘာေနးလစ္ မန္း၏ ေျမးျဖစ္သူ ဆာရာဆီခ်ာမန္းက “သူတို႔ ႏွစ္ေယာက္စလုံးဟာ တစ္ေယာက္အေၾကာင္းကို တစ္ေယာက္ျမတ္ႏိုးၾကပါတယ္။ သူတို႔ႏွစ္ေယာက္ တူတူရွိေနတာက သူတို႔ကို အသက္ရွည္ရွည္ေနႏိုင္ေစမယ့္ နည္းလမ္းတစ္ခုပဲျဖစ္ပါတယ္” ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.