တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ်(၅၄)ကို ငွေကျပ်(၂၉၇)ဘီလျံဖြင့် လေလံတင် ရောင်းချရန် တရားရုံးဆုံးဖြတ်

 1294

NP News - ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ်(၅၄)ကို ငွေကျပ်(၂၉၇)ဘီလျံဖြင့် လေလံတင်ရောင်းချရန် တရားရုံးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ရှေ့နေများက ခြံအမှတ် (၅၄)နေအိမ်ကို ငွေကျပ်ဘီလျံ(၃၀၀)မှ လေလံကြမ်းခင်းဈေး ငွေကျပ်ဘီလျံ(၂၉၀)ဖြင့် ဈေးလျှော့ကာ လေလံတင်ရောင်းချရန် ကမာရွတ်ခရိုင် တရားရုံးသို့ တင်ပြခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) တွင် လေလံတင်ကြမ်းခင်းဈေးကို ငွေကျပ်(၂၉၇)ဘီလျံဖြင့် ရောင်းချန် တရားရုံးကဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ခြံအမှတ်(၅၄)၏ တတိယအကြိမ်လေလံတင်ရောင်းချပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

“၅ရက် ၂လမှာလေလံတင်မယ်။ ၆ရက် ၂လမှာအစီရင်ခံစာပြန်တင်ရမယ်။ အဲဒီပစ္စည်း တည်ရှိရာအရပ်ဆိုတော့ ခြံရှေ့မှာရောင်းမလား အတွင်းထဲမှာ ရောင်းမှာလား အဲဒါတော့မသိသေးဘူး” ဟု ကမာရွတ်ခရိုင်တရားရုံးနှင့် နီးစပ်သော တရားလွှတ်တော်ရှေ့နေ တစ်ဦးက NP News ကို ပြောသည်။

ခြံအမှတ်(၅၄)နေအိမ်ကို ငွေကျပ် (၃၁၅)ဘီလျံဖြင့် တစ်ကြိမ်၊ ငွေကျပ်(၃၀ဝ)ဘီလျံဖြင့်တစ်ကြိမ် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ရာ လေလံကြမ်းခင်းဈေးကို ငွေကျပ် (၂၉၀)ဘီလျံသတ်မှတ်၍ လျှော့ချရောင်းချရန် ဦးအောင်ဆန်းဦး၏ ရှေ့နေများ ဘက်က တရားရုံးသို့ ပြန်လည်တင်ပြခဲ့သော်လည်း တရားရုံးဘက်မှ(၃)ဘီလျံသာလျှော့ချသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

“ရောင်းမထွက်တာကတော့ ဈေးကနည်းနည်းများနေလို့ပေါ့။ အဓိကရောင်းမထွက်တာကတော့ ဝယ်မယ့်သူမပေါ်သေးလို့ပေါ့။ အဲလိုပဲ ပြောရမှာပဲ။ ဝယ်မယ့်သူတော့ ရှိတော့ရှိမှာပေါ့။ စိတ်ဝင်စားတဲ့လူလည်းရှိနေတာပဲ။ စိတ်ဝင်စားလို့ပဲ လေလံပစ်တဲ့နေ့ဆိုရင် လူတွေ အများကြီးပဲ ဝိုင်းအုံနေကြတာ။ အားလုံးက သတင်းသမားချည်းပဲမှမဟုတ်တာ။ စိတ်ဝင်စားတဲ့လူတော့ရှိနေတာပဲ”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ခြံအမှတ်(၅၄)သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဆောင်ဆန်းဦးတို့၏မိခင် ဒေါ်ခင်ကြည်၏ အမည်ပေါက်နေအိမ်ခြံဝန်းဖြစ်ပြီး အဆိုပါ နေအိမ်ခြံဝန်းအတွင်း ရှိသမျှကို လေလံတင်ရောင်းချရန် ဦးအောင်ဆန်းဦးဘက်က ဆန္ဒရှိနေကာ ရလာသည့်ငွေကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မောင်နှမနှစ်ဦး ခွဲဝေယူရန်အတွက် ဆန္ဒရှိနေသည်။

zawgyi version
တကၠသိုလ္ရိပ္သာလမ္းေပၚရွိ ၿခံအမွတ္(၅၄)ကို ေငြက်ပ္(၂၉၇)ဘီလ်ံျဖင့္ ေလလံတင္ ေရာင္းခ်ရန္ တရား႐ုံးဆုံးျဖတ္

NP News - ဒီဇင္ဘာ ၁၈

ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ တကၠသိုလ္ရိပ္သာလမ္းေပၚရွိ ၿခံအမွတ္(၅၄)ကို ေငြက်ပ္(၂၉၇)ဘီလ်ံျဖင့္ ေလလံတင္ေရာင္းခ်ရန္ တရား႐ုံးဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ အစ္ကိုျဖစ္သူ ဦးေအာင္ဆန္းဦး၏ေရွ႕ေနမ်ားက ၿခံအမွတ္ (၅၄)ေနအိမ္ကို ေငြက်ပ္ဘီလ်ံ(၃၀၀)မွ ေလလံၾကမ္းခင္းေဈး ေငြက်ပ္ဘီလ်ံ(၂၉၀)ျဖင့္ ေဈးေလွ်ာ့ကာ ေလလံတင္ေရာင္းခ်ရန္ ကမာ႐ြတ္ခ႐ိုင္ တရား႐ုံးသို႔ တင္ျပခဲ့ၿပီး ယေန႔ (ဒီဇင္ဘာ ၁၈ ရက္) တြင္ ေလလံတင္ၾကမ္းခင္းေဈးကို ေငြက်ပ္(၂၉၇)ဘီလ်ံျဖင့္ ေရာင္းခ်န္ တရား႐ုံးကဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ၿခံအမွတ္(၅၄)၏ တတိယအႀကိမ္ေလလံတင္ေရာင္းခ်ပြဲကို လာမည့္ ၂၀၂၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၅ ရက္တြင္ က်င္းပျပဳလုပ္သြားမည္ ျဖစ္ေၾကာင္းသိရသည္။

“၅ရက္ ၂လမွာေလလံတင္မယ္။ ၆ရက္ ၂လမွာအစီရင္ခံစာျပန္တင္ရမယ္။ အဲဒီပစၥည္း တည္ရွိရာအရပ္ဆိုေတာ့ ၿခံေရွ႕မွာေရာင္းမလား အတြင္းထဲမွာ ေရာင္းမွာလား အဲဒါေတာ့မသိေသးဘူး” ဟု ကမာ႐ြတ္ခ႐ိုင္တရား႐ုံးႏွင့္ နီးစပ္ေသာ တရားလႊတ္ေတာ္ေရွ႕ေန တစ္ဦးက NP News ကို ေျပာသည္။

ၿခံအမွတ္(၅၄)ေနအိမ္ကို ေငြက်ပ္ (၃၁၅)ဘီလ်ံျဖင့္ တစ္ႀကိမ္၊ ေငြက်ပ္(၃၀ဝ)ဘီလ်ံျဖင့္တစ္ႀကိမ္ ေလလံတင္ေရာင္းခ်ခဲ့ေသာ္လည္း ဝယ္ယူသူမရွိခဲ့ရာ ေလလံၾကမ္းခင္းေဈးကို ေငြက်ပ္ (၂၉၀)ဘီလ်ံသတ္မွတ္၍ ေလွ်ာ့ခ်ေရာင္းခ်ရန္ ဦးေအာင္ဆန္းဦး၏ ေရွ႕ေနမ်ား ဘက္က တရား႐ုံးသို႔ ျပန္လည္တင္ျပခဲ့ေသာ္လည္း တရား႐ုံးဘက္မွ(၃)ဘီလ်ံသာေလွ်ာ့ခ်သတ္မွတ္ေပးခဲ့ျခင္းျဖစ္သည္။

“ေရာင္းမထြက္တာကေတာ့ ေဈးကနည္းနည္းမ်ားေနလို႔ေပါ့။ အဓိကေရာင္းမထြက္တာကေတာ့ ဝယ္မယ့္သူမေပၚေသးလို႔ေပါ့။ အဲလိုပဲ ေျပာရမွာပဲ။ ဝယ္မယ့္သူေတာ့ ရွိေတာ့ရွိမွာေပါ့။ စိတ္ဝင္စားတဲ့လူလည္းရွိေနတာပဲ။ စိတ္ဝင္စားလို႔ပဲ ေလလံပစ္တဲ့ေန႔ဆိုရင္ လူေတြ အမ်ားႀကီးပဲ ဝိုင္းအုံေနၾကတာ။ အားလုံးက သတင္းသမားခ်ည္းပဲမွမဟုတ္တာ။ စိတ္ဝင္စားတဲ့လူေတာ့ရွိေနတာပဲ”ဟု ၎ကဆက္ေျပာသည္။

အဆိုပါ ၿခံအမွတ္(၅၄)သည္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးေဆာင္ဆန္းဦးတို႔၏မိခင္ ေဒၚခင္ၾကည္၏ အမည္ေပါက္ေနအိမ္ၿခံဝန္းျဖစ္ၿပီး အဆိုပါ ေနအိမ္ၿခံဝန္းအတြင္း ရွိသမွ်ကို ေလလံတင္ေရာင္းခ်ရန္ ဦးေအာင္ဆန္းဦးဘက္က ဆႏၵရွိေနကာ ရလာသည့္ေငြကို ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူ ေမာင္ႏွမႏွစ္ဦး ခြဲေဝယူရန္အတြက္ ဆႏၵရွိေနသည္။

Picture

U phoe cho

18/12/2024 21:15

ပရောဂ ကြောင့် ရောင်းမထွက်နိုင် ဖြစ်နေတာ

Related news

© 2021. All rights reserved.