ယူကရိန်းက အနောက်အုပ်စုလက်နက်ထုတ်လုပ်သူတွေအတွက် ရွှေတွင်းတစ်ခုဖြစ်တယ်လို့ ရုရှားအစိုးရဝေဖန်

 1211

Pika (NP News) - ဒီဇင်ဘာ ၂၂

ယူကရိန်းနိုင်ငံဟာ ရုရှား-ယူကရိန်းပဋိပက္ခကို ပိုမိုရှည်ကြာစေတဲ့ လက်နက်ထောက်ပံ့မှုတွေကနေ အကျိုးအမြတ်ရရှိနေတဲ့ အနောက်အုပ်စု စစ်လက်နက်ပစ္စည်းထုတ်လုပ်သူတွေအတွက် အကျိုးအမြတ်အခွင့်အလမ်းတစ်ခုဖြစ်လာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် ဗက်စီလီနီဗန်ဇီရာက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ(၂၀)ရက်ကပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ဗက်စီလီနီဗန်ဇီရာက နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ၎င်းတို့ရဲ့ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းတွေ ပိုမိုကြွယ်ဝလာစေဖို့အတွက် ယူကရိန်းပဋိပက္ခကို အသုံးချနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဗက်စီလီနီဗန်ဇီရာက "ယူကရိန်းဟာ အမေရိကန်၊ ဗြိတိန်နဲ့ ၎င်းတို့ရဲ့မိတ်ဖက်နိုင်ငံတွေရဲ့ စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းတွေအတွက် ရွှေတွင်းတစ်ခုဖြစ်လာနေပါတယ်။ ပြီးတော့ ရုရှား-ယူကရိန်းပဋိပက္ခကနေ အကျိုးအမြတ်အများဆုံးရရှိတာကတော့ အမေရိကန်ကုမ္ပဏီတွေပဲဖြစ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အနောက်အုပ်စုနိုင်ငံတွေဟာ ငြိမ်းချမ်းရေးထက် စီးပွားရေးအမြတ်အစွန်းရရှိမှုတွေကို ပိုမိုဦးစားပေးနေတယ်လို့ ဗက်စီလီနီဗန်ဇီရာက စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဗက်စီလီနီဗန်ဇီရာက "နောက်ဆုံးရရှိထားတဲ့ ဒေတာအချက်အလက်တွေအရ ၂၀၂၃ ခုနှစ်မှာ စစ်လက်နက်ပစ္စည်း ရောင်းချမှုစုစုပေါင်းရဲ့ ထက်ဝက်ခန့်ကို ထိပ်တန်းကုမ္ပဏီ(၁၀၀)ခုအနက် အမေရိကန်ကော်ပိုရေးရှင်း(၄၁)ခုက စီမံဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ကော်ပို ရေးရှင်းတွေဟာ အမေရိကန်ဒေါ်လာ(၃၁၇)ဘီလျံ ဒါမှမဟုတ် ကမ္ဘာလုံးဆိုင်ရာစစ်လက်နက်ပစ္စည်းရောင်းချမှုဝင်ငွေရဲ့ (၅၀)ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံးလက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီ(၁၀၀)ရဲ့ စုစုပေါင်းဝင်ငွေဟာ အမေရိကန်ဒေါ်လာ(၆၃၂)ဘီလျံထိ ရှိခဲ့တယ်လို့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

zawgyi version
ယူကရိန္းက အေနာက္အုပ္စုလက္နက္ထုတ္လုပ္သူေတြအတြက္ ေ႐ႊတြင္းတစ္ခုျဖစ္တယ္လို႔ ႐ုရွားအစိုးရေဝဖန္
Pika (NP News) - ဒီဇင္ဘာ ၂၂

ယူကရိန္းႏိုင္ငံဟာ ႐ုရွား-ယူကရိန္းပဋိပကၡကို ပိုမိုရွည္ၾကာေစတဲ့ လက္နက္ေထာက္ပံ့မႈေတြကေန အက်ိဳးအျမတ္ရရွိေနတဲ့ အေနာက္အုပ္စု စစ္လက္နက္ပစၥည္းထုတ္လုပ္သူေတြအတြက္ အက်ိဳးအျမတ္အခြင့္အလမ္းတစ္ခုျဖစ္လာေနတယ္လို႔ ကုလသမဂၢဆိုင္ရာ ႐ုရွားအၿမဲတမ္းကိုယ္စားလွယ္ ဗက္စီလီနီဗန္ဇီရာက ေျပာၾကားခဲ့ပါတယ္။

ဒီဇင္ဘာလ(၂၀)ရက္ကျပဳလုပ္ခဲ့တဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ သတင္းစာရွင္းလင္းပြဲတစ္ခုအတြင္း ဗက္စီလီနီဗန္ဇီရာက ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြဟာ ၎တို႔ရဲ႕ကာကြယ္ေရးဆိုင္ရာ စက္မႈလုပ္ငန္းေတြ ပိုမိုႂကြယ္ဝလာေစဖို႔အတြက္ ယူကရိန္းပဋိပကၡကို အသုံးခ်ေနတယ္လို႔ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ဗက္စီလီနီဗန္ဇီရာက "ယူကရိန္းဟာ အေမရိကန္၊ ၿဗိတိန္နဲ႔ ၎တို႔ရဲ႕မိတ္ဖက္ႏိုင္ငံေတြရဲ႕ စစ္ဘက္ဆိုင္ရာစက္မႈလုပ္ငန္းေတြအတြက္ ေ႐ႊတြင္းတစ္ခုျဖစ္လာေနပါတယ္။ ၿပီးေတာ့ ႐ုရွား-ယူကရိန္းပဋိပကၡကေန အက်ိဳးအျမတ္အမ်ားဆုံးရရွိတာကေတာ့ အေမရိကန္ကုမၸဏီေတြပဲျဖစ္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ အေနာက္အုပ္စုႏိုင္ငံေတြဟာ ၿငိမ္းခ်မ္းေရးထက္ စီးပြားေရးအျမတ္အစြန္းရရွိမႈေတြကို ပိုမိုဦးစားေပးေနတယ္လို႔ ဗက္စီလီနီဗန္ဇီရာက စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ဗက္စီလီနီဗန္ဇီရာက "ေနာက္ဆုံးရရွိထားတဲ့ ေဒတာအခ်က္အလက္ေတြအရ ၂၀၂၃ ခုႏွစ္မွာ စစ္လက္နက္ပစၥည္း ေရာင္းခ်မႈစုစုေပါင္းရဲ႕ ထက္ဝက္ခန႔္ကို ထိပ္တန္းကုမၸဏီ(၁၀၀)ခုအနက္ အေမရိကန္ေကာ္ပိုေရးရွင္း(၄၁)ခုက စီမံေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္။ အေမရိကန္ေကာ္ပို ေရးရွင္းေတြဟာ အေမရိကန္ေဒၚလာ(၃၁၇)ဘီလ်ံ ဒါမွမဟုတ္ ကမာၻလုံးဆိုင္ရာစစ္လက္နက္ပစၥည္းေရာင္းခ်မႈဝင္ေငြရဲ႕ (၅၀)ရာခိုင္ႏႈန္းကို ရရွိခဲ့ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ၂၀၂၃ ခုႏွစ္မွာ ကမာၻ႔အႀကီးဆုံးလက္နက္ထုတ္လုပ္တဲ့ကုမၸဏီ(၁၀၀)ရဲ႕ စုစုေပါင္းဝင္ေငြဟာ အေမရိကန္ေဒၚလာ(၆၃၂)ဘီလ်ံထိ ရွိခဲ့တယ္လို႔ စေတာ့ဟုမ္း ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး သုေတသနဌာန (SIPRI) ရဲ႕ အစီရင္ခံစာအရ သိရပါတယ္။

Related news

© 2021. All rights reserved.