ဆီးရီးယားမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေဆန္ဒပြ

 3391

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၄

ဆီးရီးယားနိုင်ငံ ဟာမားမြို့မှာ ခရစ်စမတ် သစ်ပင် မီးလောင်မှုနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။ ဟာမားမြို့ရင်ပြင်မှာပြထားတဲ့ ခရစ္စမတ်သစ်ပင်ကို သေနတ်သမားတစ်ဦးက ပစ်ခတ်မီးရှို့ခဲ့ပြီးနောက် ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

အဲဒီအဖြစ်ပျက်ဖြစ်လာခဲ့ပြီးနောက် ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ လမ်းပေါ်ထွက်ကာ ဆန္ဒပြခဲ့ပြီး ဆီးရီးယားနိုင်ငံကို အုပ်ချုပ်မယ့် အစိုးရအဖွဲ့အသစ်ကို လူနည်းစု လူမျိုးစု အဖွဲ့အစည်းများနဲ့ ဘာသာရေးအဖွဲ့အစည်းများကို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ မတူညီတဲ့ဘာသာရေး နဲ့ လူမျိုးရေး အများအပြားရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ အနိုင်ရခဲ့ပြီးနောက် သမ္မတ ဘာရှားအာဆက်ဒ်ထွက်ပြေး ခဲ့ပြီး ဆီးရီးယားလက်နက်ကိုင် အဖွဲ့စည်းများက အစိုးရအဖွဲ့အသစ် ဖွဲ့စည်းတာဝန်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ဆီးရီးယားအစိုးရအဖွဲ့အသစ်အနေနဲ့ နိုင်ငဲအတွင်းရှိ လူနည်းစု နဲ့ ဘာသာရေးလွတ်ခွင့်တွေကို ကာကွယ်ပေးရမယ်လို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

ဆီးရီးယား သမ္မတ ဘာရှား အာဆက်ဒ်ကို မြို့တော်အတွင်းက ထွက်ပြေးအောင် တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားလက်နက်ကိုင်အဖွဲ့ HTS ကို အမေရိကန် ၊ ဗြိတိန်၊ ဥရောပသမ္မဂ ကုလသမဂ္ဂအဖွဲ့တို့က အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။

zawgyi version




Related news

© 2021. All rights reserved.