စင်ကာပူမှာ ခရစ္စမတ်အကြိုနေ့က ဖြစ်ပွားခဲ့တဲ့ ဓားနဲ့တိုက်ခိုက်မှုမှာ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

930

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၆
စင်ကာပူမှာ ခရစ္စမတ် အကြိုနေ့(ဒီဇင်ဘာ ၂၄ ရက်) က အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဓားနဲ့ ပြင်းပြင်းထန်ထန် ထိခိုက်နာကျင်စေအောင် တိုက်ခိုက်မှုနဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
သံသယရှိသူကို ဒီဇင်ဘာ ၂၅ ရက် နံနက် ၃ နာရီ ၄၀ ခန့်အချိန်က ဂျာလန်ဘီဆာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သံသယရှိသူဟာ အခင်းဖြစ်ပွားစဉ်က ထွက်ပြေးတိမ်းရှောင်နေခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာမှ ဗဟိုရဲဌာနတာဝန်ရှိသူတွေက Keat Hong Close ရှိ လူနေအိမ်ခန်းတစ်ခုမှာ ၎င်းကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ပဏာမ စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့နှစ်ဦးဟာ ယခင်က တစ်ဦးနဲ့ တစ်ဦး သိရှိကြပြီး အငြင်းပွားမှုကိစ္စတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အမျိုးသားကို ဒီဇင်ဘာ ၂၆ ရက်မှာ ရုံးတင်တရားစွဲဆိုမှာဖြစ်ပြီး အပြစ်ရှိကြောင်းတွေ့ရှိပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း သို့မဟုတ် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သလို ဒဏ်ငွေလည်း ဒဏ်ရိုက်ခံရနိုင်တယ်လို့ သိရပါတယ်။ လူမြင်ကွင်းမှာ လက်နက်ကိုင်ဆောင်တာဟာလည်း ဥပဒေနဲ့အညီမဟုတ်တာကြောင့် ကျူးလွန်သူဟာ ထောင်ဒဏ်ငါးနှစ် နဲ့ အနည်းဆုံး ကြိမ်ဒဏ် ခြောက်ချက် ချမှတ်နိုင်တယ်လို့ သိရပါတယ်။

စင္ကာပူမွာ ခရစၥမတ္အႀကိဳေန႔က ျဖစ္ပြားခဲ့တဲ့ ဓားနဲ႔တိုက္ခိုက္မႈမွာ အသက္ ၂၄ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၆
စင္ကာပူမွာ ခရစၥမတ္ အႀကိဳေန႔(ဒီဇင္ဘာ ၂၄ ရက္) က အသက္ ၂၅ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ဓားနဲ႔ ျပင္းျပင္းထန္ထန္ ထိခိုက္နာက်င္ေစေအာင္ တိုက္ခိုက္မႈနဲ႔ အသက္ ၂၄ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးလိုက္တယ္လို႔ သိရပါတယ္။
သံသယရွိသူကို ဒီဇင္ဘာ ၂၅ ရက္ နံနက္ ၃ နာရီ ၄၀ ခန႔္အခ်ိန္က ဂ်ာလန္ဘီဆာမွာ ဖမ္းဆီးရမိခဲ့ပါတယ္။ သံသယရွိသူဟာ အခင္းျဖစ္ပြားစဥ္က ထြက္ေျပးတိမ္းေရွာင္ေနခဲ့တာျဖစ္ၿပီး ဒီဇင္ဘာ ၂၅ ရက္ေန႔မွာမွ ဗဟိုရဲဌာနတာဝန္ရွိသူေတြက Keat Hong Close ရွိ လူေနအိမ္ခန္းတစ္ခုမွာ ၎ကို ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။ ပဏာမ စုံစမ္းစစ္ေဆးမႈမ်ားအရ ၎တို႔ႏွစ္ဦးဟာ ယခင္က တစ္ဦးနဲ႔ တစ္ဦး သိရွိၾကၿပီး အျငင္းပြားမႈကိစၥေတြလည္း ရွိခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါ အမ်ိဳးသားကို ဒီဇင္ဘာ ၂၆ ရက္မွာ ႐ုံးတင္တရားစြဲဆိုမွာျဖစ္ၿပီး အျပစ္ရွိေၾကာင္းေတြ႕ရွိပါက ေထာင္ဒဏ္တစ္သက္တစ္ကြၽန္း သို႔မဟုတ္ ေထာင္ဒဏ္ ၁၅ ႏွစ္အထိ ခ်မွတ္ႏိုင္သလို ဒဏ္ေငြလည္း ဒဏ္႐ိုက္ခံရႏိုင္တယ္လို႔ သိရပါတယ္။ လူျမင္ကြင္းမွာ လက္နက္ကိုင္ေဆာင္တာဟာလည္း ဥပေဒနဲ႔အညီမဟုတ္တာေၾကာင့္ က်ဴးလြန္သူဟာ ေထာင္ဒဏ္ငါးႏွစ္ နဲ႔ အနည္းဆုံး ႀကိမ္ဒဏ္ ေျခာက္ခ်က္ ခ်မွတ္ႏိုင္တယ္လို႔ သိရပါတယ္။