ရန်ကုန်အပါအဝင် ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းချမည့် ငွေကျပ်(၁၄)ဘီလျံကျော်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ပဲခူးမြို့တွင် ဖမ်းမိ

 4711

ချယ်ရီ( NP News)- ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြိုတွင် ရန်ကုန်အပါအဝင် ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းချမည့် ငွေကျပ်(၁၄)ဘီလျံကျော်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်က ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပေါ်တွင် ကျော်ဆန်းဦးမောင်းကာ မလွမ်းယန်းလိုက်ပါလာသော TOYOTA DYNA ကားကို မူးယစ်ဆေးဝါးတားဆီနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးခဲ့ရာ ကားပေါ်မှ ငွေကျပ် (၁၄ ဒသမ ၁၁၅၄) ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၅၂ ဒသမ ၃) သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇၀ ကီလို နှင့် (၂ ဒသမ ၆၇) ကီလိုရှိ Happy Water တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်းရှိ ဟိုတယ်တစ်ခုတွင် အထက်ပါ မူးယစ်ဆေးဝါးများကို သယ်ဆောင်ခိုင်းသူများဖြစ်ကြသော နိုင်နိုင်ဝင်း(ခ)ရှက်ဖီးနှင့် တင်ထွန်းနိုင်တို့ကို ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးဝါးများသည် ရန်ကုန် တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်များသို့ သယ်ဆောင်ရောင်းဝယ်ရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြိုမှ ပဲခူးမြို့သို့ သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္အပါအဝင္ ရခိုင္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္သို႔ သယ္ေဆာင္ေရာင္းခ်မည့္ ေငြက်ပ္(၁၄)ဘီလ်ံေက်ာ္တန္ဖိုးရွိေသာ မူးယစ္ေဆးဝါးမ်ားကို ပဲခူးၿမိဳ႕တြင္ ဖမ္းမိ
ခ်ယ္ရီ( NP News)- ဒီဇင္ဘာ ၂၇

ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳတြင္ ရန္ကုန္အပါအဝင္ ရခိုင္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္သို႔ သယ္ေဆာင္ေရာင္းခ်မည့္ ေငြက်ပ္(၁၄)ဘီလ်ံေက်ာ္တန္ဖိုးရွိေသာ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၏ထုတ္ျပန္ခ်က္အရ သိရသည္။ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၀ ရက္က ပဲခူးၿမိဳ႕၊ ရပ္ကြက္ႀကီး(၆)၊ ဗိုလ္ေအာင္ေက်ာ္လမ္းတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါလမ္းေပၚတြင္ ေက်ာ္ဆန္းဦးေမာင္းကာ မလြမ္းယန္းလိုက္ပါလာေသာ TOYOTA DYNA ကားကို မူးယစ္ေဆးဝါးတားဆီႏွိမ္နင္းေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ရွာေဖြစစ္ေဆးခဲ့ရာ ကားေပၚမွ ေငြက်ပ္ (၁၄ ဒသမ ၁၁၅၄) ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၅၂ ဒသမ ၃) သိန္း၊ အိုက္စ္(မက္သ္အဖက္တမင္း) ၁၇၀ ကီလို ႏွင့္ (၂ ဒသမ ၆၇) ကီလိုရွိ Happy Water တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ပဲခူးၿမိဳ႕၊ ရပ္ကြက္ႀကီး(၆)၊ ဗိုလ္ေအာင္ေက်ာ္လမ္းရွိ ဟိုတယ္တစ္ခုတြင္ အထက္ပါ မူးယစ္ေဆးဝါးမ်ားကို သယ္ေဆာင္ခိုင္းသူမ်ားျဖစ္ၾကေသာ ႏိုင္ႏိုင္ဝင္း(ခ)ရွက္ဖီးႏွင့္ တင္ထြန္းႏိုင္တို႔ကို ဆက္လက္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ အဆိုပါ မူးယစ္ေဆးဝါးမ်ားသည္ ရန္ကုန္ တိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္မ်ားသို႔ သယ္ေဆာင္ေရာင္းဝယ္ရန္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ နမ့္စန္ၿမိဳမွ ပဲခူးၿမိဳ႕သို႔ သယ္ေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔ကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစႏိုင္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကိုလည္း ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.