လားရှိုးသို့ ပြန်လည်ဝင်ရောက်သူများရှိနေသော်လည်း ဈေးဝယ်သူထက် ဈေးရောင်းသူသာများနေ

 834

သုတကျော် (NP News) - ဒီဇင်ဘာ ၃၁

လားရှိုးသို့ ပြန်လည်ဝင်ရောက်သူများရှိနေသော်လည်း ငွေသုံးသူနည်းနေသည့်အတွက် ဝယ်လိုအားထက် ရောင်းလိုအားများနေပြီး ဈေးသည်များ အခက်ကြုံနေကြောင်း NP News က စုံစမ်းသိရှိရသော အချက်အလက်များအရ သိရသည်။

လားရှိုးမြို့ကို အပြီးသတ်ထိန်းချုပ်ပြီးနောက် အရပ်ဖက်အုပ်ချုပ်ရေး ဖော်ဆောင်နေသည်ဟုဆိုသော MNDAA က လက်ရှိတွင် နေထိုင်သူများ၏စာရင်းနှင့် ယာဉ်စာရင်းကို ကောက်ယူမှုများ ပြုလုပ်နေကြောင်း သိရသည်။ “လားရှိုးက လူတွေလည်းအရမ်းများ လာတယ်။ ကားတွေလည်း တအားများလာတယ် ဒါပေမဲ့ ဈေးသည်တွေချည်းပဲ။ ဈေးဝယ်မရှိဘူး” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။ လားရှိုးတွင် ထိုသို့ရောင်းလိုအားသာ များနေခြင်းမှာ ငွေသုံးနိုင်သူများက မြို့ကို ပြန်မလာ ခြင်းကြောင့်ဖြစ်ကြောင်း အခြားလားရှိုးမြို့ခံတစ်ဦးက ဆိုသည်။

“အရောင်းအဝယ်က အရင်လိုကလည်း မဖြစ်ဘူးလေ။ အဓိက ငွေသုံးနိုင်တဲ့သူတွေက ပြန်မလာသေးဘူးလေ။ အဲဒီလိုမျိုးကြောင့်လို့ ပြောတယ်။ အခုက ဝယ်လိုအားထက် ရောင်းလိုအားကများနေတာ”ဟု လားရှိုးမြို့မှ ယာယီတိမ်းရှောင်ခဲ့သူတစ်ဦးက ပြောသည်။ လက်ရှိ လားရှိုးမြို့တွင် MNDAA လက်နက်ကိုင်ပမာဏနည်းပါးနေပြီး ၎င်းတို့ ခန့်အပ်ထားသည့် ရဲများနှင့် အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များသာရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

zawgyi version
လားရႈိးသို႔ ျပန္လည္ဝင္ေရာက္သူမ်ားရွိေနေသာ္လည္း ေဈးဝယ္သူထက္ ေဈးေရာင္းသူသာမ်ားေန
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၃၁

လားရႈိးသို႔ ျပန္လည္ဝင္ေရာက္သူမ်ားရွိေနေသာ္လည္း ေငြသုံးသူနည္းေနသည့္အတြက္ ဝယ္လိုအားထက္ ေရာင္းလိုအားမ်ားေနၿပီး ေဈးသည္မ်ား အခက္ႀကဳံေနေၾကာင္း NP News က စုံစမ္းသိရွိရေသာ အခ်က္အလက္မ်ားအရ သိရသည္။

လားရႈိးၿမိဳ႕ကို အၿပီးသတ္ထိန္းခ်ဳပ္ၿပီးေနာက္ အရပ္ဖက္အုပ္ခ်ဳပ္ေရး ေဖာ္ေဆာင္ေနသည္ဟုဆိုေသာ MNDAA က လက္ရွိတြင္ ေနထိုင္သူမ်ား၏စာရင္းႏွင့္ ယာဥ္စာရင္းကို ေကာက္ယူမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။ “လားရႈိးက လူေတြလည္းအရမ္းမ်ား လာတယ္။ ကားေတြလည္း တအားမ်ားလာတယ္ ဒါေပမဲ့ ေဈးသည္ေတြခ်ည္းပဲ။ ေဈးဝယ္မရွိဘူး” ဟု လားရႈိးၿမိဳ႕ခံတစ္ဦးက ေျပာၾကားသည္။ လားရႈိးတြင္ ထိုသို႔ေရာင္းလိုအားသာ မ်ားေနျခင္းမွာ ေငြသုံးႏိုင္သူမ်ားက ၿမိဳ႕ကို ျပန္မလာ ျခင္းေၾကာင့္ျဖစ္ေၾကာင္း အျခားလားရႈိးၿမိဳ႕ခံတစ္ဦးက ဆိုသည္။

“အေရာင္းအဝယ္က အရင္လိုကလည္း မျဖစ္ဘူးေလ။ အဓိက ေငြသုံးႏိုင္တဲ့သူေတြက ျပန္မလာေသးဘူးေလ။ အဲဒီလိုမ်ိဳးေၾကာင့္လို႔ ေျပာတယ္။ အခုက ဝယ္လိုအားထက္ ေရာင္းလိုအားကမ်ားေနတာ”ဟု လားရႈိးၿမိဳ႕မွ ယာယီတိမ္းေရွာင္ခဲ့သူတစ္ဦးက ေျပာသည္။ လက္ရွိ လားရႈိးၿမိဳ႕တြင္ MNDAA လက္နက္ကိုင္ပမာဏနည္းပါးေနၿပီး ၎တို႔ ခန႔္အပ္ထားသည့္ ရဲမ်ားႏွင့္ အရပ္ဘက္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားသာရွိေနေၾကာင္းလည္း ၎က ဆိုသည္။

Related news

© 2021. All rights reserved.