တောင်ကိုရီးယားမင်းသမီး ဂျောင်ဆိုမင် Running Man မှာ ဧည့်သည်အဖြစ် ပြန်ပါဝင်မည်

256
ရောင်နီ (NP News) - ဇန်နဝါရီ ၁
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် Running Man ရှိုးမှာ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ မင်းသမီးဂျောင်ဆိုမင်ဟာ လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ထုတ်လွှင့်မယ့် Running Man အပိုင်းသစ်မှာ ဧည့်သည်အဖြစ် ပါဝင်လာမယ်လို့ တနင်္လာနေ့ (ဒီဇင်ဘာ ၃ဝ ရက်) က SBS က ကြေညာခဲ့ပါတယ်။
အဆိုပါ အပိုင်းသစ်ကို တနင်္လာနေ့(ဒီဇင်ဘာ ၃ဝ ရက်) မှာ ရိုက်ကူးပြီးပြီဖြစ်ကာ ဒါဟာ ၂၀၂၃ ခုနှစ်က Running Man က ထွက်ခွာသွားခဲ့တဲ့ ဂျောင်ဆိုမင်ရဲ့ပထမဆုံးဧည့်သည်အဖြစ် ပြန်ပါဝင်မယ့် အပိုင်းဖြစ်ပါတယ်။ ဂျောင်ဆိုမင်ဟာ ၂၀၁၇ ခုနှစ်က Running Man ရဲ့အဖွဲ့ဝင် ဂယ်ရီထွက်သွားပြီးနောက် လူရွှင်တော် ရောင်စီချန်း နဲ့အတူ အစားထိုးအနေနဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူမရဲ့ရှေ့က ထွက်ခွာသွားတဲ့ Running Man အဖွဲ့ဝင် ဟောင်း လီဂွမ်ဆူကတော့ Running Man ကို ဧည့်သည်အဖြစ်တောင် ပြန်ဝင်ရောက်လာခြင်း မရှိတော့ပါဘူး။
ဂျောင်ဆိုမင်ဟာ Sorry Not Sorry ဆိုတဲ့ ဒရမ်မာအသစ်ထွက်ဖို့ရှိနေပြီး တွဲဖက်သရုပ်ဆောင် ချိုဒန်နီရယ်နဲ့ ပါဝင် သရုပ်ဆောင်မယ်လို့ သိရပါတယ်။
Zawgyi Version;
ေတာင္ကိုရီးယားမင္းသမီး ေဂ်ာင္ဆိုမင္ Running Man မွာ ဧည့္သည္အျဖစ္ ျပန္ပါဝင္မည္
ေရာင္နီ (NP News) - ဇန္နဝါရီ ၁
ေတာင္ကိုရီးယားႏိုင္ငံရဲ႕ နာမည္ေက်ာ္ Running Man ရႈိးမွာ အဖြဲ႕ဝင္ေဟာင္းျဖစ္တဲ့ မင္းသမီးေဂ်ာင္ဆိုမင္ဟာ လာမယ့္ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလမွာ ထုတ္လႊင့္မယ့္ Running Man အပိုင္းသစ္မွာ ဧည့္သည္အျဖစ္ ပါဝင္လာမယ္လို႔ တနလၤာေန႔ (ဒီဇင္ဘာ ၃ဝ ရက္) က SBS က ေၾကညာခဲ့ပါတယ္။
အဆိုပါ အပိုင္းသစ္ကို တနလၤာေန႔(ဒီဇင္ဘာ ၃ဝ ရက္) မွာ ႐ိုက္ကူးၿပီးၿပီျဖစ္ကာ ဒါဟာ ၂၀၂၃ ခုႏွစ္က Running Man က ထြက္ခြာသြားခဲ့တဲ့ ေဂ်ာင္ဆိုမင္ရဲ႕ပထမဆုံးဧည့္သည္အျဖစ္ ျပန္ပါဝင္မယ့္ အပိုင္းျဖစ္ပါတယ္။ ေဂ်ာင္ဆိုမင္ဟာ ၂၀၁၇ ခုႏွစ္က Running Man ရဲ႕အဖြဲ႕ဝင္ ဂယ္ရီထြက္သြားၿပီးေနာက္ လူ႐ႊင္ေတာ္ ေရာင္စီခ်န္း နဲ႔အတူ အစားထိုးအေနနဲ႔ ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ေရွ႕က ထြက္ခြာသြားတဲ့ Running Man အဖြဲ႕ဝင္ ေဟာင္း လီဂြမ္ဆူကေတာ့ Running Man ကို ဧည့္သည္အျဖစ္ေတာင္ ျပန္ဝင္ေရာက္လာျခင္း မရွိေတာ့ပါဘူး။
ေဂ်ာင္ဆိုမင္ဟာ Sorry Not Sorry ဆိုတဲ့ ဒရမ္မာအသစ္ထြက္ဖို႔ရွိေနၿပီး တြဲဖက္သ႐ုပ္ေဆာင္ ခ်ိဳဒန္နီရယ္နဲ႔ ပါဝင္ သ႐ုပ္ေဆာင္မယ္လို႔ သိရပါတယ္။