တရုတ်၏ရေအောက်သုံး ဒရုန်းတစ်စင်းကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရှာဖွေတွေ့ရှိ

 1552

Pika (NP News) - ဇန်နဝါရီ ၃

တရုတ်နိုင်ငံမှရေအောက်သုံးဒရုန်းတစ်စင်းကို ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ရေပြင်တွင် တွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဇန်နဝါရီလ (၂)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါရေအောက်သုံးဒရုန်းကိုတွေ့ရှိမှုနှင့်အတူ အလားအလာရှိသော အမျိုးသားလုံခြုံရေးဆိုင် ရာ ဂယက်ရိုက်မှုများရှိခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က သတိပေးပြောဆိုခဲ့သည်။ Masbate ပြည်နယ် San Pascual မြူနီစီပယ်ကမ်းလွန် (၉)ကီလိုမီတာအကွာတွင် ငါးဖမ်းသမား(၃)ဦးက အဆိုပါဒရုန်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ ဖိလစ်ပိုင်နှင့်တရုတ်တို့သည် တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှုများနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားလျက်ရှိကာ နှစ်နိုင်ငံကြားထိပ်တိုက်တွေ့ဆုံမှုများ မကြာခဏဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်ကြောင်း တရုတ်ဘက်က အခိုင်အမာပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နှင့် ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားကြသည်။ "HY-119" ဟု အမှတ်အသားပြုထားသည့် အဝါရောင်ရေအောက်သုံးဒရုန်းတစ်စင်းကို သက်ဆိုင်ရာအာဏာပိုင်များထံ လွှဲပြောင်းပေးခြင်းမပြုလုပ်မီ ပင်လယ်ပြင်တွင် မျောပါနေသည်ကို ငါးဖမ်းသမားများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာရဲဌာန ညွှန်ကြားရေးမှူး Andre Dizon ကပြောကြားခဲ့သည်။

အဆိုပါဒရုန်းသည် အရှည်(၂)မီတာခန့်ရှိပြီး ဆူးတောင်များနှင့်အတူ တော်ပီဒိုပုံသဏ္ဍာန်ရှိကြောင်းသိရသည်။ Andre Dizon က"ကျွန်တော်တို့ရဲ့ လေ့လာခွဲခြမ်းစိတ်ဖြာမှုတွေအရ HY-119 ဒရုန်းဟာ တရုတ်ရေအောက်လမ်းကြောင်းနဲ့ ဆက်သွယ်ရေးစနစ်တွေနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ဖိလစ်ပိုင်ရေတပ်နှင့် ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်သံရုံးတို့က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။

zawgyi version
တ႐ုတ္၏ေရေအာက္သုံးဒ႐ုန္းတစ္စင္းကို ဖိလစ္ပိုင္ရဲတပ္ဖြဲ႕ရွာေဖြေတြ႕ရွိ
Pika (NP News) - ဇန္နဝါရီ ၃

တ႐ုတ္ႏိုင္ငံမွေရေအာက္သုံးဒ႐ုန္းတစ္စင္းကို ဖိလစ္ပိုင္ႏိုင္ငံ အလယ္ပိုင္း ေရျပင္တြင္ ေတြ႕ရွိခဲ့ေၾကာင္း ဖိလစ္ပိုင္ရဲတပ္ဖြဲ႕က ဇန္နဝါရီလ (၂)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

အဆိုပါေရေအာက္သုံးဒ႐ုန္းကိုေတြ႕ရွိမႈႏွင့္အတူ အလားအလာရွိေသာ အမ်ိဳးသားလုံၿခဳံေရးဆိုင္ ရာ ဂယက္႐ိုက္မႈမ်ားရွိခဲ့ေၾကာင္း ဖိလစ္ပိုင္ရဲတပ္ဖြဲ႕က သတိေပးေျပာဆိုခဲ့သည္။ Masbate ျပည္နယ္ San Pascual ျမဴနီစီပယ္ကမ္းလြန္ (၉)ကီလိုမီတာအကြာတြင္ ငါးဖမ္းသမား(၃)ဦးက အဆိုပါဒ႐ုန္းကို ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။ ဖိလစ္ပိုင္ႏွင့္တ႐ုတ္တို႔သည္ ေတာင္တ႐ုတ္ပင္လယ္အတြင္း နယ္ေျမပိုင္ဆိုင္မႈမ်ားႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္ပြားလ်က္ရွိကာ ႏွစ္ႏိုင္ငံၾကားထိပ္တိုက္ေတြ႕ဆုံမႈမ်ား မၾကာခဏျဖစ္ပြားခဲ့ေၾကာင္းလည္းသိရသည္။

ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က အခိုင္အမာေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား ႏွင့္ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ပိုင္ဆိုင္ေၾကာင္း အခိုင္အမာေျပာဆိုထားၾကသည္။ "HY-119" ဟု အမွတ္အသားျပဳထားသည့္ အဝါေရာင္ေရေအာက္သုံးဒ႐ုန္းတစ္စင္းကို သက္ဆိုင္ရာအာဏာပိုင္မ်ားထံ လႊဲေျပာင္းေပးျခင္းမျပဳလုပ္မီ ပင္လယ္ျပင္တြင္ ေမ်ာပါေနသည္ကို ငါးဖမ္းသမားမ်ားက ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ေဒသဆိုင္ရာရဲဌာန ၫႊန္ၾကားေရးမႉး Andre Dizon ကေျပာၾကားခဲ့သည္။

အဆိုပါဒ႐ုန္းသည္ အရွည္(၂)မီတာခန႔္ရွိၿပီး ဆူးေတာင္မ်ားႏွင့္အတူ ေတာ္ပီဒိုပုံသ႑ာန္ရွိေၾကာင္းသိရသည္။ Andre Dizon က"ကြၽန္ေတာ္တို႔ရဲ႕ ေလ့လာခြဲျခမ္းစိတ္ျဖာမႈေတြအရ HY-119 ဒ႐ုန္းဟာ တ႐ုတ္ေရေအာက္လမ္းေၾကာင္းနဲ႔ ဆက္သြယ္ေရးစနစ္ေတြနဲ႔ ဆက္စပ္ေနတာကို ေတြ႕ရွိခဲ့ပါတယ္"ဟု ေျပာဆိုခဲ့သည္။ အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ေတာင္းဆိုမႈမ်ားကို ဖိလစ္ပိုင္ေရတပ္ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံရွိ တ႐ုတ္သံ႐ုံးတို႔က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.