ရန်ကုန်တွင် အမျိုးသားတစ်ဦး နောက်စေ့တည့်တည့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ
 4052
NP News - ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၆ ရက်) ညနေ ၄နာရီ ၄၅မိနစ်အချိန်ခန့်က ကြည့်မြင်တိုင်မြိုနယ်၊ စျေး ကလေးရပ်ကွက်၊ ကမ်းနားလမ်း နှင့် ဗားကရာလမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းအရ လုံခြုံရေးအဖွဲ့ကသွားရောက်စစ်ဆေးရာ ကမ်းနားလမ်းပေါ် ဗားကရာမီးပွိုင့်နှင့်ပေ(၁၀၀)အကွာ အလုံမြို့နယ်ဘက်သွားသည့်အခြမ်းတွင် ကျောပိုးအိတ်နှင့်ဘေးလွယ်အိတ်အသေးလွယ်ထားသည့်အသက်(၅၀)နှစ်ခန့် အမျိုးသားကြီးတစ်ဦးသည် နောက်စေ့တည့်တည့် ကျည်ထိမှန်ဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
သေဆုံးသူ အမျိုးသား၏ဘေးလွယ်အိတ်အတွင်း ဦးအောင်ရှိန်အမည်ပါ AYA ဘဏ်စာအုပ်ကို တွေ့ရသဖြင့်သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းလျက်ရှိကြောင်သိရသည်။ လက်ရှိတွင် သေဆုံးသူအမျိုးသားအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးထားပြီး ကျူးလွန်သူအား ဥပဒေနှင့်အညီအပြစ်ပေး အရးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
zawgyi version
ရန်ကုန်တွင် အမျိုးသားတစ်ဦး သနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ
NP News - ဇန်နဝါရီ ၇
သတင်းအရ လုံခြုံရေးအဖွဲ့ကသွားရောက်စစ်ဆေးရာ ကမ်းနားလမ်းပေါ် ဗားကရာမီးပွိုင့်နှင့်ပေ(၁၀၀)အကွာ အလုံမြို့နယ်ဘက်သွားသည့်အခြမ်းတွင် ကျောပိုးအိတ်နှင့်ဘေးလွယ်အိတ်အသေးလွယ်ထားသည့်အသက်(၅၀)နှစ်ခန့် အမျိုးသားကြီးတစ်ဦးသည် နောက်စေ့ဘက် ကျည်ထိမှန်ဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
Related news
© 2021. All rights reserved.