ပွဲစားအားကိုးဖြင့် တရုတ်သို့ တရားမဝင်သွားရောက်သူမြန်မာများ အလုပ်ရရန်ပင် အခက်အခဲဖြစ်နေ

 472

ယွန်း (NP News) - ဇန်နဝါရီ ၉

ပွဲစားများအားကိုးဖြင့် လမ်းကြောင်းမျိုးစုံ သုံးကာ တရုတ်နိုင်ငံရှိစက်ရုံများတွင် အလုပ်လုပ်ရန် မြန်မာလုပ်သား များသွားလာမှုရှိနေပြီး အခက်ကြုံသူ ပမာဏလည်းမြင့်တက်နေကြောင်း မူဆယ်မြို့ခံများက NP News ကို ပြောသည်။
ပြည်တွင်း၌ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ လုပ်ခလစာနည်းပါးခြင်းတို့ကြောင့် ပွဲစားများအားကိုးဖြင့် မူဆယ်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံရှိ စက်ရုံများ၌အလုပ်လုပ်ရန်လာရောက်သည့် မြန်မာလုပ်သားအရေအတွက်မှာ မြင့်တက်လျက်ရှိ ကြောင်း သိရသည်။
သို့သော် တရားဝင်ဗီဇာဖြင့်မဟုတ်ဘဲ တရုတ်ပြည်တွင် (၇)ရက်ခန့်သာနေထိုင်ခွင့်ရှိသော တစ်ပတ်ကတ်များ ဖြင့်သာ သွားရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။
“မြန်မာအစိုးရကလည်း နယ်စပ်မှာစာအုပ် လုပ်မပေးဘူး။ စာအုပ်ရှိတယ်ဆိုရင်တော့ အလုပ်သမားတွေ အတွက်ခံနိုင်ရည်ရှိတာပေါ့။ အခုက တစ်ပတ် ကတ်နဲ့လာကြတယ်။ တရုတ်ပြည်မှာ (၇)ရက်ပဲ နေလို့ရတယ်။ အခုဆိုရင် မြန်မာတွေ အရမ်းဒုက္ခရောက်တယ်” ဟု မူဆယ်မြို့ခံသတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
ထိုသို့သွားရောက်သော်လည်း အလုပ်မရဘဲ မူဆယ်တွင်သောင်တင်နေသူများလည်းရှိနေပြီး အလိမ်ခံရသူ ပမာဏလည်း မနည်းလှ‌ကြောင်း သိရသည်။
“မန္တလေးကနေ ဒီကိုလာမယ်ဆို ကားက မန္တလေး-မူဆယ်လမ်းမကြီးပေါ်က လာလို့မရဘူး။ လမ်းတွေက ကွေ့ပတ်ပြီး တောင်ကြီးဘက်ကနေ အမျိုးမျိုးပတ်သွားရတာ။ တစ်ခါတလေဆိုရင် သုံးရက်ကြာတယ်၊ ငါးရက်ကြာတယ်၊ တစ်ပတ်ကြာတယ်။ တိုက်ပွဲဖြစ်တဲ့အခါတွေဆို (၁၅)ရက်၊ (၁၈) ရက်ကြာတယ်။ လမ်းမှာအိပ်ကြရတာတွေလည်းရှိ တယ်။ အလုပ်မရဘဲနဲ့ မူဆယ်မှာ သောင်တင်နေတာတွေလည်း အများကြီးရှိတယ်။ အလိမ်ခံရတာတွေ လည်းရှိတယ်။ ပွဲစားတွေနဲ့လာတာများတယ်။ ကိုယ်လာချင်တဲ့မြို့ကနေ မန္တလေးကနေလာတယ်။ မန္တလေးကနေ မူဆယ်ကိုသွားတဲ့ ကားတွေရှိတယ်။ အဲဒီကနေ ပွဲစားနဲ့ ဘယ်နှယောက်ဆိုတာကို ရွှေပေါက်ကံတို့ဘာတို့ဆို နေ့တိုင်းအဆင်း အတက်ရှိ တယ်။ ကားတွေကတော့အများကြီးပဲ။ အလုပ်လုပ်ဖို့ လာကြတာပေါ့။ တစ်ပတ်ကတ်နဲ့လည်း စက်ရုံက အာမခံ တယ်ဆိုပြီး လာကြတယ်” ဟု အထက်ပါ ဒေသခံသတင်းရင်းမြစ်က ဆက်လက်ပြောသည်။
အဆိုပါ တစ်ပတ်ကတ်ဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့ထဲသို့ ပြီးခဲ့သည့်နှစ်တွင် ဝင်ခွင့်ပေးခဲ့ရာ တစ်နေ့လျှင် မြန်မာ လုပ်သားဦးရေ (၃၀ဝဝ)နီးပါးအထိ ဝင်ရောက်မှုရှိခဲ့ကြောင်းသိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံရှိ စက်ရုံများအနေ ဖြင့် လုပ်ခလစာကို တရုတ်ယွမ်(၁၇၀ဝ)သတ်မှတ်ထားသော်လည်း အလုပ်လုပ်ရန်လာရောက်သည့်အရေအတွက်မှာ များပြားလွန်းသည့်အတွက် တစ်လလျှင် မြန်မာလုပ်သားဦးရေ (၁၀)ဦး သာ အများဆုံး ခေါ်ယူနိုင်ကြောင်း သိရသည်။
“စက်ရုံထဲမှာ အလုပ်လုပ်ဖို့လာကြတယ်။ တစ်ပတ် ကတ်လုပ်ပေးလိုက်တော့ တစ်ပတ်ကတ်နဲ့လာကြတယ်။ မူဆယ် ရောက်ပြီဆိုရင် လူ(၅၀)(၆၀)ကို ဂိုဒေါင်တွေမှာ ထားထားတာရှိတယ်။ ဒီဘက်ကနေပြီး တစ်ပတ်ကတ်တွေကို ခေါ်ချင် တယ်ဆိုရင် အလုပ်သမားရုံးကနေပြီးတော့ ခေါ်စာနဲ့ခေါ်ရတာ။ ဒီလူကိုသူ တို့စက်ရုံက အာမခံတယ်။ ခေါ်ပါတယ်ဆိုမှ တစ်ပတ် ကတ်နဲ့ဝင်ပြီးသွားရတာ။ အလုပ်လုပ်ဖို့လာတဲ့သူတွေများကြတယ်။ မန္တလေးမှာဆို မူဆယ်ကို တက်တဲ့ကား တွေက သူ့ပွဲစားနဲ့သူရှိတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version;
ပြဲစားအားကိုးျဖင့္ တ႐ုတ္သို႔ တရားမဝင္သြားေရာက္သူျမန္မာမ်ား အလုပ္ရရန္ပင္ အခက္အခဲျဖစ္ေန
ယြန္း (NP News) - ဇန္နဝါရီ ၉

ပြဲစားမ်ားအားကိုးျဖင့္ လမ္းေၾကာင္းမ်ိဳးစုံ သုံးကာ တ႐ုတ္ႏိုင္ငံရွိစက္႐ုံမ်ားတြင္ အလုပ္လုပ္ရန္ ျမန္မာလုပ္သား မ်ားသြားလာမႈရွိေနၿပီး အခက္ႀကဳံသူ ပမာဏလည္းျမင့္တက္ေနေၾကာင္း မူဆယ္ၿမိဳ႕ခံမ်ားက NP News ကို ေျပာသည္။
ျပည္တြင္း၌ ကုန္ေဈးႏႈန္းျမင့္တက္ျခင္း၊ လုပ္ခလစာနည္းပါးျခင္းတို႔ေၾကာင့္ ပြဲစားမ်ားအားကိုးျဖင့္ မူဆယ္ၿမိဳ႕မွ တစ္ဆင့္ တ႐ုတ္ႏိုင္ငံရွိ စက္႐ုံမ်ား၌အလုပ္လုပ္ရန္လာေရာက္သည့္ ျမန္မာလုပ္သားအေရအတြက္မွာ ျမင့္တက္လ်က္ရွိ ေၾကာင္း သိရသည္။
သို႔ေသာ္ တရားဝင္ဗီဇာျဖင့္မဟုတ္ဘဲ တ႐ုတ္ျပည္တြင္ (၇)ရက္ခန႔္သာေနထိုင္ခြင့္ရွိေသာ တစ္ပတ္ကတ္မ်ား ျဖင့္သာ သြားေရာက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
“ျမန္မာအစိုးရကလည္း နယ္စပ္မွာစာအုပ္ လုပ္မေပးဘူး။ စာအုပ္ရွိတယ္ဆိုရင္ေတာ့ အလုပ္သမားေတြ အတြက္ခံႏိုင္ရည္ရွိတာေပါ့။ အခုက တစ္ပတ္ ကတ္နဲ႔လာၾကတယ္။ တ႐ုတ္ျပည္မွာ (၇)ရက္ပဲ ေနလို႔ရတယ္။ အခုဆိုရင္ ျမန္မာေတြ အရမ္းဒုကၡေရာက္တယ္” ဟု မူဆယ္ၿမိဳ႕ခံသတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔သြားေရာက္ေသာ္လည္း အလုပ္မရဘဲ မူဆယ္တြင္ေသာင္တင္ေနသူမ်ားလည္းရွိေနၿပီး အလိမ္ခံရသူ ပမာဏလည္း မနည္းလွ‌ေၾကာင္း သိရသည္။
“မႏၲေလးကေန ဒီကိုလာမယ္ဆို ကားက မႏၲေလး-မူဆယ္လမ္းမႀကီးေပၚက လာလို႔မရဘူး။ လမ္းေတြက ေကြ႕ပတ္ၿပီး ေတာင္ႀကီးဘက္ကေန အမ်ိဳးမ်ိဳးပတ္သြားရတာ။ တစ္ခါတေလဆိုရင္ သုံးရက္ၾကာတယ္၊ ငါးရက္ၾကာတယ္၊ တစ္ပတ္ၾကာတယ္။ တိုက္ပြဲျဖစ္တဲ့အခါေတြဆို (၁၅)ရက္၊ (၁၈) ရက္ၾကာတယ္။ လမ္းမွာအိပ္ၾကရတာေတြလည္းရွိ တယ္။ အလုပ္မရဘဲနဲ႔ မူဆယ္မွာ ေသာင္တင္ေနတာေတြလည္း အမ်ားႀကီးရွိတယ္။ အလိမ္ခံရတာေတြ လည္းရွိတယ္။ ပြဲစားေတြနဲ႔လာတာမ်ားတယ္။ ကိုယ္လာခ်င္တဲ့ၿမိဳ႕ကေန မႏၲေလးကေနလာတယ္။ မႏၲေလးကေန မူဆယ္ကိုသြားတဲ့ ကားေတြရွိတယ္။ အဲဒီကေန ပြဲစားနဲ႔ ဘယ္ႏွေယာက္ဆိုတာကို ေ႐ႊေပါက္ကံတို႔ဘာတို႔ဆို ေန႔တိုင္းအဆင္း အတက္ရွိ တယ္။ ကားေတြကေတာ့အမ်ားႀကီးပဲ။ အလုပ္လုပ္ဖို႔ လာၾကတာေပါ့။ တစ္ပတ္ကတ္နဲ႔လည္း စက္႐ုံက အာမခံ တယ္ဆိုၿပီး လာၾကတယ္” ဟု အထက္ပါ ေဒသခံသတင္းရင္းျမစ္က ဆက္လက္ေျပာသည္။
အဆိုပါ တစ္ပတ္ကတ္ျဖင့္ တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕ထဲသို႔ ၿပီးခဲ့သည့္ႏွစ္တြင္ ဝင္ခြင့္ေပးခဲ့ရာ တစ္ေန႔လွ်င္ ျမန္မာ လုပ္သားဦးေရ (၃၀ဝဝ)နီးပါးအထိ ဝင္ေရာက္မႈရွိခဲ့ေၾကာင္းသိရသည္။
လက္ရွိတြင္ တ႐ုတ္ႏိုင္ငံရွိ စက္႐ုံမ်ားအေန ျဖင့္ လုပ္ခလစာကို တ႐ုတ္ယြမ္(၁၇၀ဝ)သတ္မွတ္ထားေသာ္လည္း အလုပ္လုပ္ရန္လာေရာက္သည့္အေရအတြက္မွာ မ်ားျပားလြန္းသည့္အတြက္ တစ္လလွ်င္ ျမန္မာလုပ္သားဦးေရ (၁၀)ဦး သာ အမ်ားဆုံး ေခၚယူႏိုင္ေၾကာင္း သိရသည္။
“စက္႐ုံထဲမွာ အလုပ္လုပ္ဖို႔လာၾကတယ္။ တစ္ပတ္ ကတ္လုပ္ေပးလိုက္ေတာ့ တစ္ပတ္ကတ္နဲ႔လာၾကတယ္။ မူဆယ္ ေရာက္ၿပီဆိုရင္ လူ(၅၀)(၆၀)ကို ဂိုေဒါင္ေတြမွာ ထားထားတာရွိတယ္။ ဒီဘက္ကေနၿပီး တစ္ပတ္ကတ္ေတြကို ေခၚခ်င္ တယ္ဆိုရင္ အလုပ္သမား႐ုံးကေနၿပီးေတာ့ ေခၚစာနဲ႔ေခၚရတာ။ ဒီလူကိုသူ တို႔စက္႐ုံက အာမခံတယ္။ ေခၚပါတယ္ဆိုမွ တစ္ပတ္ ကတ္နဲ႔ဝင္ၿပီးသြားရတာ။ အလုပ္လုပ္ဖို႔လာတဲ့သူေတြမ်ားၾကတယ္။ မႏၲေလးမွာဆို မူဆယ္ကို တက္တဲ့ကား ေတြက သူ႔ပြဲစားနဲ႔သူရွိတယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.