အီလွန်မတ်၏ Space X' က လွှတ်တင်သော Starship ဂြိုဟ်တု ပျက်ကျ

 739

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၈

ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်ပိုင်ဆိုင်သော Space X' ကလွှတ်တင်လိုက်သော Starship ဂြိုဟ်တုသည် လွှတ်တင်ပြီးနောက် မကြာမီ ပျက်ကျသွားခဲ့ကြောင်း သိရသည်။ Space X' ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ဂြိုဟ်တုကို တက်ဆက်ပြည်နယ်တွင် ဇန်နဝါရီလ(၁၆)ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တင်ပြီးနောက် မိနစ်ပိုင်းအကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ဂြိုဟ်တုသည် နည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်များရှိနေသည့်အတွက် ဂြိုဟ်တု၏အပေါ်ပိုင်းက ကောင်းစွာ အလုပ်မလုပ်ခဲ့ကြောင်း သိရသည်။
ဂြိုဟ်တုနှင့်ပတ်သက်သော တွန်းအားပိုင်းကို တာဝန်ယူသော Super Heavy ကုမ္ပဏီက စီစဉ်ထားသည့် အတိုင်း launchpad ပိုင်းကိုဆက် လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။ ကမ္ဘာကျော်ဘီလျံနာတစ်ဦးဖြစ် သော အမေဇုန်ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူ ဂျက်ဖ်ဘီဇောက Blue Origin New Glenn အမည်ရှိ ဂြိုဟ်တုကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အီလွန်မတ်ကလည်း Starship ဂြိုဟ်တုကို ခုနစ်ကြိမ် မြောက်လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာကျော်နည်းပညာ ဘီလျံနာသူဌေးကြီးနှစ်ဦးသည် အာကာသဂြိုဟ်တုယာဉ်များ ဈေးကွက်ကို လွှမ်းမိုးမှုရယူ နိုင်ရန် အပြိုင်ကြိုးပမ်းနေကြောင်း သိရသည်။ Space X' က ‘‘မမျှော်လင့်တဲ့အဖြစ်ပျက်တွေ တွေ့ကြုံခဲ့ရတယ်။ ကျွန်တောတို့အဖွဲ့ဟာ ဂြိုဟ်တုပျက်ကျခဲ့ရတာနဲ့ပတ်သက်ပြီး အချက်အလက်တွေရယူပြီး ပြန်သုံးသပ်တာတွေ လုပ်ဆောင်မယ်။ လေ့လာမှုတွေလုပ်ဆောင်ပြီးနောက် အောင်မြင်အောင်လုပ်ဆောင်မယ်။ ဒီနေ့ လွှတ်တင်တဲ့ ဂြိုဟ်တု ပျက်ကျမှုကနေ ယုံကြည်စိတ်ချရမှုတွေပိုမိုဖြစ်လာ အောင်လုပ်ဆောင်မယ်” ဟု ပြောသည်။ Space X' ၏ Starship ဂြိုဟ်တုလွှတ်တင်မှုကို လူပေါင်း(၇)သန်းကျော် စောင့်ကြည့်ခဲ့ကြောင်း သိရသည်။
အီလွန်မတ်က ‘ကနဦးလေ့လာမှုအရ ဂြိုဟ်တုအင်ဂျင်နဲ့ပတ်သက်ပြီး အောက်ဆီဂျင်/လောင်စာဆီ ယိုစိမ့်မှု ရှိနေခဲ့တယ်။ လေဝင်လေထွက် စွမ်းရည်ထက် ပိုလျှံတဲ့ဖိအားတွေရှိခဲ့တယ်’ ဟု ပြောသည်။

Zawgyi Version;
အီလြန္မတ္၏ Space X' က လႊတ္တင္ေသာ Starship ၿဂိဳဟ္တု ပ်က္က်
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၈

ကမာၻေက်ာ္ဘီလ်ံနာအီလြန္မတ္ပိုင္ဆိုင္ေသာ Space X' ကလႊတ္တင္လိုက္ေသာ Starship ၿဂိဳဟ္တုသည္ လႊတ္တင္ၿပီးေနာက္ မၾကာမီ ပ်က္က်သြားခဲ့ေၾကာင္း သိရသည္။ Space X' ကုမၸဏီ တာဝန္ရွိသူတစ္ဦးက ၿဂိဳဟ္တုကို တက္ဆက္ျပည္နယ္တြင္ ဇန္နဝါရီလ(၁၆)ရက္က လႊတ္တင္ခဲ့ျခင္းျဖစ္ၿပီး လႊတ္တင္ၿပီးေနာက္ မိနစ္ပိုင္းအၾကာတြင္ ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။
ၿဂိဳဟ္တုသည္ နည္းပညာပိုင္းဆိုင္ရာခ်ိဳ႕ယြင္းခ်က္မ်ားရွိေနသည့္အတြက္ ၿဂိဳဟ္တု၏အေပၚပိုင္းက ေကာင္းစြာ အလုပ္မလုပ္ခဲ့ေၾကာင္း သိရသည္။
ၿဂိဳဟ္တုႏွင့္ပတ္သက္ေသာ တြန္းအားပိုင္းကို တာဝန္ယူေသာ Super Heavy ကုမၸဏီက စီစဥ္ထားသည့္ အတိုင္း launchpad ပိုင္းကိုဆက္ လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ေျပာသည္။ ကမာၻေက်ာ္ဘီလ်ံနာတစ္ဦးျဖစ္ ေသာ အေမဇုန္ကုမၸဏီ၏ ပိုင္ရွင္ျဖစ္သူ ဂ်က္ဖ္ဘီေဇာက Blue Origin New Glenn အမည္ရွိ ၿဂိဳဟ္တုကို ပထမဆုံးအႀကိမ္ ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္ႏိုင္ခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာတြင္ အီလြန္မတ္ကလည္း Starship ၿဂိဳဟ္တုကို ခုနစ္ႀကိမ္ ေျမာက္လႊတ္တင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကမာၻေက်ာ္နည္းပညာ ဘီလ်ံနာသူေဌးႀကီးႏွစ္ဦးသည္ အာကာသၿဂိဳဟ္တုယာဥ္မ်ား ေဈးကြက္ကို လႊမ္းမိုးမႈရယူ ႏိုင္ရန္ အၿပိဳင္ႀကိဳးပမ္းေနေၾကာင္း သိရသည္။ Space X' က ‘‘မေမွ်ာ္လင့္တဲ့အျဖစ္ပ်က္ေတြ ေတြ႕ႀကဳံခဲ့ရတယ္။ ကြၽန္ေတာတို႔အဖြဲ႕ဟာ ၿဂိဳဟ္တုပ်က္က်ခဲ့ရတာနဲ႔ပတ္သက္ၿပီး အခ်က္အလက္ေတြရယူၿပီး ျပန္သုံးသပ္တာေတြ လုပ္ေဆာင္မယ္။ ေလ့လာမႈေတြလုပ္ေဆာင္ၿပီးေနာက္ ေအာင္ျမင္ေအာင္လုပ္ေဆာင္မယ္။ ဒီေန႔ လႊတ္တင္တဲ့ ၿဂိဳဟ္တု ပ်က္က်မႈကေန ယုံၾကည္စိတ္ခ်ရမႈေတြပိုမိုျဖစ္လာ ေအာင္လုပ္ေဆာင္မယ္” ဟု ေျပာသည္။ Space X' ၏ Starship ၿဂိဳဟ္တုလႊတ္တင္မႈကို လူေပါင္း(၇)သန္းေက်ာ္ ေစာင့္ၾကည့္ခဲ့ေၾကာင္း သိရသည္။
အီလြန္မတ္က ‘ကနဦးေလ့လာမႈအရ ၿဂိဳဟ္တုအင္ဂ်င္နဲ႔ပတ္သက္ၿပီး ေအာက္ဆီဂ်င္/ေလာင္စာဆီ ယိုစိမ့္မႈ ရွိေနခဲ့တယ္။ ေလဝင္ေလထြက္ စြမ္းရည္ထက္ ပိုလွ်ံတဲ့ဖိအားေတြရွိခဲ့တယ္’ ဟု ေျပာသည္။

Related news

© 2021. All rights reserved.