စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကိုယ်စားပြု ခရိုင်အသီးသီးတွင် လစ်လပ်နေသော ရာထူးနေရာ (၃၀၀)ကျော် ခေါ်ယူနေ

2775

စော (NP News) - ဇန်နဝါရီ ၁၉
နေပြည်တော် အပါအဝင် တိုင်းနှင့်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြုခရိုင်အသီးသီးတွင် လစ်လပ်နေသော ရာထူးနေရာ (၃၂၀)ကို ခေါ်ယူနေကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက ယနေ့ (ဇန်နဝါရီ ၁၉ ရက်) တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
အဆိုပါဌာနက ဒုတိယဦးစီးမှူး (စိုက်ပျိုးရေး) ရာထူးအတွက် (၂၇)ဦး၊ ဒုတိယဦးစီးမှူး (ဆည်မြောင်း)ရာထူးအတွက် (၁)ဦး၊ ဒုတိယဦးစီးမှူး (ရေအရင်းအမြစ်)ရာထူးအတွက် (၇)ဦး၊ ဒုတိယဦးစီးမှူး (စက်မှုလယ်ယာ) ရာထူးအတွက် (၁၇)ဦး နှင့် ဒုတိယဦးစီးမှူး (မွေးကု) ရာထူးအတွက် (၃၃)ဦးတို့ကို ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒု- လက်ထောက်ဦးစီးမှူး (စိုက်ပျိုးရေး) ရာထူးအတွက် (၆၅)ဦး၊ဒု- လက်ထောက်ဦးစီးမှူး (ဆည်မြောင်း) ရာထူးအတွက် (၄)နေရာ၊ ဒု- လက်ထောက်ဦးစီးမှူး (ရေအရင်းအမြစ်) ရာထူးအတွက် (၁၄)ဦး၊ ဒု- လက်ထောက်ဦးစီးမှူး (စက်မှုလယ်ယာ) ရာထူးအတွက် (၄၆)ဦး၊ ဒု- လက်ထောက်ဦးစီးမှူး (မွေးကု) ရာထူးအတွက် (၆၄)ဦးနှင့် ဒု- လက်ထောက်ဦးစီးမှူး (ငါးလုပ်ငန်း) ရာထူးအတွက် (၄၂)ဦး တို့ကိုလည်း ခန့်အပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လျှောက်ထားသူများအနေဖြင့် အသက် (၁၈)နှစ်မှ (၃၀)နှစ်အတွင်းဖြစ်ရန် လိုအပ်ပြီး ဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည့်အပြင် လျှောက်လွှာကို မိမိတို့တာဝန်ထမ်းဆောင်သည့် ဌာနအကြီးအကဲထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် ခွင့်ပြုချက်ရယူကာ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို ဖေဖော်ဝါရီလ ၁၈ရက် ညနေ (၄)နာရီခွဲနောက်ဆုံးထား၍ မိမိတို့လျှောက်ထားသော စာဖြေဌာနများဖြစ်သည့် နေပြည်တော်၊ တိုင်းနှင့်ပြည်နယ် မြေစာရင်းဦးစီးဌာနများသို့လိပ်မူကာ သက်ဆိုင်ရာ နေပြည် တော်၊ တိုင်းနှင့်ပြည်နယ်ရုံးများသို့ဖြစ်စေ ယင်းတို့၏လက်အောက်ရှိ ခရိုင်၊ မြို့နယ်ရုံးများသို့ ဖြစ်စေ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားသူများအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေ ထွေဗဟုသုတဘာသာရပ်များကို ရေးဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၁ ရက်များတွင် မိမိတို့လျှောက်လွှာတင်သည့် နေပြည်တော်၊ တိုင်းနှင့်ပြည်နယ် မြေစာရင်းဦးစီးဌာနရုံးများတွင် ရုံးချိန်အတွင်း ထုတ်ယူနိုင်ကြောင်း သိရသည်။
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနကိုယ္စားျပဳ ခ႐ိုင္အသီးသီးတြင္ လစ္လပ္ေနေသာ ရာထူးေနရာ (၃၀၀)ေက်ာ္ ေခၚယူေန
ေစာ (NP News) - ဇန္နဝါရီ ၁၉
ေနျပည္ေတာ္ အပါအဝင္ တိုင္းႏွင့္ျပည္နယ္အတြင္းရွိ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ကိုယ္စားျပဳခ႐ိုင္အသီးသီးတြင္ လစ္လပ္ေနေသာ ရာထူးေနရာ (၃၂၀)ကို ေခၚယူေနေၾကာင္း သိရသည္။
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ ေၾကးတိုင္ႏွင့္ ေျမစာရင္းဦးစီးဌာနက ယေန႔ (ဇန္နဝါရီ ၁၉ ရက္) တြင္ အထက္ပါကဲ့သို႔ေၾကညာထားျခင္းျဖစ္သည္။
အဆိုပါဌာနက ဒုတိယဦးစီးမႉး (စိုက္ပ်ိဳးေရး) ရာထူးအတြက္ (၂၇)ဦး၊ ဒုတိယဦးစီးမႉး (ဆည္ေျမာင္း)ရာထူးအတြက္ (၁)ဦး၊ ဒုတိယဦးစီးမႉး (ေရအရင္းအျမစ္)ရာထူးအတြက္ (၇)ဦး၊ ဒုတိယဦးစီးမႉး (စက္မႈလယ္ယာ) ရာထူးအတြက္ (၁၇)ဦး ႏွင့္ ဒုတိယဦးစီးမႉး (ေမြးကု) ရာထူးအတြက္ (၃၃)ဦးတို႔ကို ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဒု- လက္ေထာက္ဦးစီးမႉး (စိုက္ပ်ိဳးေရး) ရာထူးအတြက္ (၆၅)ဦး၊ဒု- လက္ေထာက္ဦးစီးမႉး (ဆည္ေျမာင္း) ရာထူးအတြက္ (၄)ေနရာ၊ ဒု- လက္ေထာက္ဦးစီးမႉး (ေရအရင္းအျမစ္) ရာထူးအတြက္ (၁၄)ဦး၊ ဒု- လက္ေထာက္ဦးစီးမႉး (စက္မႈလယ္ယာ) ရာထူးအတြက္ (၄၆)ဦး၊ ဒု- လက္ေထာက္ဦးစီးမႉး (ေမြးကု) ရာထူးအတြက္ (၆၄)ဦးႏွင့္ ဒု- လက္ေထာက္ဦးစီးမႉး (ငါးလုပ္ငန္း) ရာထူးအတြက္ (၄၂)ဦး တို႔ကိုလည္း ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ေလွ်ာက္ထားသူမ်ားအေနျဖင့္ အသက္ (၁၈)ႏွစ္မွ (၃၀)ႏွစ္အတြင္းျဖစ္ရန္ လိုအပ္ၿပီး ဝန္ထမ္းျဖစ္ပါက အသက္ (၃၅)ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ရမည့္အျပင္ ေလွ်ာက္လႊာကို မိမိတို႔တာဝန္ထမ္းေဆာင္သည့္ ဌာနအႀကီးအကဲေထာက္ခံခ်က္ျဖင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမွတစ္ဆင့္ ခြင့္ျပဳခ်က္ရယူကာ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္လႊာမ်ားကို ေဖေဖာ္ဝါရီလ ၁၈ရက္ ညေန (၄)နာရီခြဲေနာက္ဆုံးထား၍ မိမိတို႔ေလွ်ာက္ထားေသာ စာေျဖဌာနမ်ားျဖစ္သည့္ ေနျပည္ေတာ္၊ တိုင္းႏွင့္ျပည္နယ္ ေျမစာရင္းဦးစီးဌာနမ်ားသို႔လိပ္မူကာ သက္ဆိုင္ရာ ေနျပည္ ေတာ္၊ တိုင္းႏွင့္ျပည္နယ္႐ုံးမ်ားသို႔ျဖစ္ေစ ယင္းတို႔၏လက္ေအာက္ရွိ ခ႐ိုင္၊ ၿမိဳ႕နယ္႐ုံးမ်ားသို႔ ျဖစ္ေစ ေပးပို႔ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူမ်ားအေနျဖင့္ ျမန္မာစာ၊ အဂၤလိပ္စာႏွင့္ အေထြ ေထြဗဟုသုတဘာသာရပ္မ်ားကို ေရးေျဖစာေမးပြဲေျဖဆိုရမည္ျဖစ္ၿပီး ေျဖဆိုခြင့္ကတ္ျပားမ်ားကို ေဖေဖာ္ဝါရီ ၂၀ ရက္မွ ၂၁ ရက္မ်ားတြင္ မိမိတို႔ေလွ်ာက္လႊာတင္သည့္ ေနျပည္ေတာ္၊ တိုင္းႏွင့္ျပည္နယ္ ေျမစာရင္းဦးစီးဌာန႐ုံးမ်ားတြင္ ႐ုံးခ်ိန္အတြင္း ထုတ္ယူႏိုင္ေၾကာင္း သိရသည္။