အမေရိကန်လေယာဉ်တင်သင်္ဘော USS Harry S. Truman ပင်လယ်နီအတွင်းကနေ ထွက်ခွာ

 626

Pika (NP News) - ဖေဖော်ဝါရီ ၈

အမေရိကန်ရဲ့ USS Harry S. Trumanလေယာဉ်တင်သင်္ဘောဟာ ယခုသီတင်းပတ်အတွင်း ပင်လယ်နီကနေ ထွက်ခွာခဲ့ပြီး Souda ပင်လယ်အော်အတွင်းမှာ ဆိုက်ကပ်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ပြောကြားခဲ့ပါတယ်။ USS Harry S. Truman လေယာဉ်တင်သင်္ဘောဟာ အမေရိကန်အလယ်ပိုင်းကွပ်ကဲမှုဌာနချုပ် (CENTCOM) ဧရိယာမှာ တိုက်ခိုက်ရေးစစ်ဆင်ရေးတွေကို နှစ်လကြာပြုလုပ်ခဲ့ပြီးနောက် ယခုလိုထွက်ခွာခဲ့တာလည်းဖြစ်ပါ တယ်။ ပင်လယ်နီအတွင်း သွားလာနေတဲ့ကုန်တင်သင်္ဘောတွေကို ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ USS Harry S. Truman လေယာဉ်တင် သင်္ဘောဟာ ပင်လယ်နီအတွင်းကို ရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

USS Harry S. Truman လေယာဉ်တင်သင်္ဘောရဲ့ကွပ်ကဲရေးမှူး ဒေ့ဗ်စနိုးဒင်က “ဒီအဖွဲ့ရဲ့ဝန်ဆောင်မှုတွေနဲ့ မပင်မပန်း လုပ်ဆောင်ပေးနိုင်ခဲ့တာတွေအတွက် ကျွန်တော်တကယ်ပဲ ဂုဏ်ယူမိပါတယ်။ သူတို့ရဲ့ ကြိုးပမ်း အားထုတ်မှုတွေက ကျွန်တော်တို့ရဲ့သင်္ဘောကို စွမ်းဆောင်ရည်အမြင့်ဆုံးမှာ လည်ပတ်စေပြီး တိုက်ခိုက်ရေးစစ်ဆင် ရေးတွေကို ပံ့ပိုးပေးဖို့အတွက် လေယာဉ်တွေကို အဆင်သင့်ဖြစ်နေစေပါတယ်” လို့ ပြောခဲ့ပါတယ်။

အစ္စရေး-ဟားမက် စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က ကုန်တင်သင်္ဘော တွေကို တိုက်ခိုက်နေမှုကို တားဆီးဖို့အတွက် USS Harry S. Truman လေယာဉ်တင်သင်္ဘောဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ(၁၄)ရက်မှာ ပင်လယ်နီအတွင်းကို စတင်ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ အမေရိကန်စစ်တပ်နဲ့ ဆိုမာလီယာအစိုးရတို့ဟာ ISIS-Somalia အကြမ်းဖက်အဖွဲ့ကို လေကြောင်းကနေ တိုက်ခိုက် မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္ေလယာဥ္တင္သေဘၤာ USS Harry S. Truman ပင္လယ္နီအတြင္းကေန ထြက္ခြာ
Pika (NP News) - ေဖေဖာ္ဝါရီ ၈

အေမရိကန္ရဲ႕ USS Harry S. Trumanေလယာဥ္တင္သေဘၤာဟာ ယခုသီတင္းပတ္အတြင္း ပင္လယ္နီကေန ထြက္ခြာခဲ့ၿပီး Souda ပင္လယ္ေအာ္အတြင္းမွာ ဆိုက္ကပ္ခဲ့တယ္လို႔ အေမရိကန္ေရတပ္က ေျပာၾကားခဲ့ပါတယ္။ USS Harry S. Truman ေလယာဥ္တင္သေဘၤာဟာ အေမရိကန္အလယ္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္ (CENTCOM) ဧရိယာမွာ တိုက္ခိုက္ေရးစစ္ဆင္ေရးေတြကို ႏွစ္လၾကာျပဳလုပ္ခဲ့ၿပီးေနာက္ ယခုလိုထြက္ခြာခဲ့တာလည္းျဖစ္ပါ တယ္။ ပင္လယ္နီအတြင္း သြားလာေနတဲ့ကုန္တင္သေဘၤာေတြကို ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြကေန ကာကြယ္ဖို႔ အစီအစဥ္ တစ္စိတ္တစ္ပိုင္းအေနနဲ႔ USS Harry S. Truman ေလယာဥ္တင္ သေဘၤာဟာ ပင္လယ္နီအတြင္းကို ေရာက္ရွိေနခဲ့တာလည္းျဖစ္ပါတယ္။

USS Harry S. Truman ေလယာဥ္တင္သေဘၤာရဲ႕ကြပ္ကဲေရးမႉး ေဒ့ဗ္စႏိုးဒင္က “ဒီအဖြဲ႕ရဲ႕ဝန္ေဆာင္မႈေတြနဲ႔ မပင္မပန္း လုပ္ေဆာင္ေပးႏိုင္ခဲ့တာေတြအတြက္ ကြၽန္ေတာ္တကယ္ပဲ ဂုဏ္ယူမိပါတယ္။ သူတို႔ရဲ႕ ႀကိဳးပမ္း အားထုတ္မႈေတြက ကြၽန္ေတာ္တို႔ရဲ႕သေဘၤာကို စြမ္းေဆာင္ရည္အျမင့္ဆုံးမွာ လည္ပတ္ေစၿပီး တိုက္ခိုက္ေရးစစ္ဆင္ ေရးေတြကို ပံ့ပိုးေပးဖို႔အတြက္ ေလယာဥ္ေတြကို အဆင္သင့္ျဖစ္ေနေစပါတယ္” လို႔ ေျပာခဲ့ပါတယ္။

အစၥေရး-ဟားမက္ စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ပိုင္း ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕က ကုန္တင္သေဘၤာ ေတြကို တိုက္ခိုက္ေနမႈကို တားဆီးဖို႔အတြက္ USS Harry S. Truman ေလယာဥ္တင္သေဘၤာဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ(၁၄)ရက္မွာ ပင္လယ္နီအတြင္းကို စတင္ဝင္ေရာက္ခဲ့တာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္မွာ အေမရိကန္စစ္တပ္နဲ႔ ဆိုမာလီယာအစိုးရတို႔ဟာ ISIS-Somalia အၾကမ္းဖက္အဖြဲ႕ကို ေလေၾကာင္းကေန တိုက္ခိုက္ မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.