ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်ရေတပ်သင်္ဘောနှစ်စင်း ဖြတ်ကျော်ဝင်ရောက်

 1735

Pika (NP News) - ဖေဖော်ဝါရီ

အမေရိကန်ရေတပ် သင်္ဘောနှစ်စင်းဟာ ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့မှုနဲ့အတူ တရုတ်ဘက်ကနေ တင်းမာတဲ့တုံ့ပြန်မှုတွေ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြတ်ကျော်ဝင်ရောက်မှုဟာ ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြတ်ကျော်ဝင်ရောက်မှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်ရေတပ်သင်္ဘောနှစ်စင်း ဖြတ်ကျော်ဝင်ရောက်မှုဟာ လုံခြုံရေးအန္တရာယ်တွေကို တိုးမြင့်စေတယ်လို့ တရုတ်ဘက်က သတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ မဟာမိတ်နိုင်ငံတွေရဲ့ သင်္ဘောတွေနဲ့အတူ တစ်ခါတစ်လေ လိုက်ပါလေ့ရှိတဲ့ အမေရိကန်ရေတပ်ဟာ ထိုင်ဝမ်ရေလက်ကြားကို တစ်လမှာ တစ်ကြိမ်လောက်ဖြတ်သန်းလေ့ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ထိုင်ဝမ်ရေလက်ကြားကို ၎င်းပိုင်ဆိုင်တယ်လို့ တရုတ်ဘက် အခိုင်အမာပြောဆိုထားတာလည်းဖြစ်ပါတယ်။ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ အမေရိကန်ရေတပ်သင်္ဘောတွေဟာ Arleigh Burke- class ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Ralph Johnson နဲ့ Pathfinder-class စစ်တမ်းသင်္ဘော USNS Bowditch တို့ဖြစ်တယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အမေရိကန်ရေတပ်အရာရှိတစ်ဦးက "အမေရိကန် ရေတပ်သင်္ဘောနှစ်စင်းဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ စင်္ကြံကို ဖြတ်ကျော်ဝင်ရောက်ခဲ့တာပါ။ အဲဒီစင်္ကြံအတွင်းမှာ နိုင်ငံတိုင်းဟာ လွတ်လပ်စွာ သွားလာပိုင်ခွင့်ရှိပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ အမေရိကန်ရေတပ်သင်္ဘောတွေ ဖြတ်ကျော်ဝင်ရောက်မှုနဲ့အတူ စောင့်ကြည့်မှုတွေ လုပ်ဆောင်ဖို့အတွက် တရုတ်တပ်ဖွဲ့တွေကို စေလွှတ်ခဲ့တယ်လို့ တရုတ်အစိုးရက သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။

zawgyi version
ထိုင္ဝမ္ေရလက္ၾကားကို အေမရိကန္ေရတပ္သေဘၤာႏွစ္စင္း ျဖတ္ေက်ာ္ဝင္ေရာက္
Pika (NP News) - ေဖေဖာ္ဝါရီ

အေမရိကန္ေရတပ္ သေဘၤာႏွစ္စင္းဟာ ယခုသီတင္းပတ္အတြင္း ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့မႈနဲ႔အတူ တ႐ုတ္ဘက္ကေန တင္းမာတဲ့တုံ႔ျပန္မႈေတြ ထြက္ေပၚလာခဲ့တယ္လို႔ သိရပါတယ္။ အဲဒီျဖတ္ေက်ာ္ဝင္ေရာက္မႈဟာ ေဒၚနယ္ထရမ့္က သမၼတအျဖစ္ စတင္တာဝန္ယူၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ျဖတ္ေက်ာ္ဝင္ေရာက္မႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။

ထိုင္ဝမ္ေရလက္ၾကားကို အေမရိကန္ေရတပ္သေဘၤာႏွစ္စင္း ျဖတ္ေက်ာ္ဝင္ေရာက္မႈဟာ လုံၿခဳံေရးအႏၲရာယ္ေတြကို တိုးျမင့္ေစတယ္လို႔ တ႐ုတ္ဘက္က သတင္းထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ မဟာမိတ္ႏိုင္ငံေတြရဲ႕ သေဘၤာေတြနဲ႔အတူ တစ္ခါတစ္ေလ လိုက္ပါေလ့ရွိတဲ့ အေမရိကန္ေရတပ္ဟာ ထိုင္ဝမ္ေရလက္ၾကားကို တစ္လမွာ တစ္ႀကိမ္ေလာက္ျဖတ္သန္းေလ့ရွိတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ထိုင္ဝမ္ေရလက္ၾကားကို ၎ပိုင္ဆိုင္တယ္လို႔ တ႐ုတ္ဘက္ အခိုင္အမာေျပာဆိုထားတာလည္းျဖစ္ပါတယ္။ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့တဲ့ အေမရိကန္ေရတပ္သေဘၤာေတြဟာ Arleigh Burke- class ပဲ့ထိန္းဒုံးက်ည္ဖ်က္သေဘၤာ USS Ralph Johnson နဲ႔ Pathfinder-class စစ္တမ္းသေဘၤာ USNS Bowditch တို႔ျဖစ္တယ္လို႔ အေမရိကန္ေရတပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ေရတပ္အရာရွိတစ္ဦးက "အေမရိကန္ ေရတပ္သေဘၤာႏွစ္စင္းဟာ ထိုင္ဝမ္ေရလက္ၾကားရဲ႕ စႀကႍကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့တာပါ။ အဲဒီစႀကႍအတြင္းမွာ ႏိုင္ငံတိုင္းဟာ လြတ္လပ္စြာ သြားလာပိုင္ခြင့္ရွိပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ အေမရိကန္ေရတပ္သေဘၤာေတြ ျဖတ္ေက်ာ္ဝင္ေရာက္မႈနဲ႔အတူ ေစာင့္ၾကည့္မႈေတြ လုပ္ေဆာင္ဖို႔အတြက္ တ႐ုတ္တပ္ဖြဲ႕ေတြကို ေစလႊတ္ခဲ့တယ္လို႔ တ႐ုတ္အစိုးရက သတင္းထုတ္ျပန္ေျပာဆိုထားပါတယ္။

Related news

© 2021. All rights reserved.