မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးတွင် မိုင်းဖုန်းဆရာတော်က အန္တရာယ်ကင်းပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ခဲ့

 1183

စော (NP News) - ဧပြီ ၂၃

နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးတွင် မိုင်းဖုန်းဆရာတော်က အန္တရာယ်ကင်းပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရအမှူးပြုသော ဆရာတော်သံဃာတော်များသည် ယမန်နေ့ (ဧပြီလ ၂၂ ရက်) ညပိုင်းက မာရဝိဇယဘုရားကြီးသို့ ကြွရောက်တော်မူပြီး ပန်း၊ ရေချမ်း၊ လျှပ်စစ်မီးများ ဆက်ကပ်ပူဇော်ကာ ဘုရားကြီးအား ဖူးမြော်ကြည်ညို၍ အန္တရာယ်ကင်းပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်တော်မူခဲ့ကြောင်း သိရသည်။

ထို့နောက် မန္တလေးငလျင်ဘေးဒဏ်ခံစားရသူ ခုနှစ်ရက်သားသမီးများအား မေတ္တာပို့သပေးခြင်းနှင့် ငလျင်ဘေးကြောင့် သေဆုံသွားခဲ့သူများအား မေတ္တာပို့သ အမျှပေးဝေခြင်းများ ဆောင်ရွက်ကြကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဥာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟုန်း၊ ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်မှစ၍ ခွင့်ပြုပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မိုင်းဖုန်းဆရာတော်သည် ပြီးခဲ့သည့် ဧပြီ ၂၀ရက်၊ ညနေပိုင်းက မန္တလေးမြို့ကို ရောက်ရှိခဲ့ကာ စွယ်တော်ဘုရားအနီးရှိ မိုင်းဖုန်းကျောင်းတွင် ယာယီသီတင်းသုံးတော်မူခဲ့ပြီး ဧပြီ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင် မဟာမုနိဘုရားကြီးကို ကြွရောက်ဖူးမြော်ခဲ့အပြင် ဘုရားကြီး ပြုပြင်မွမ်းမံဖို့အတွက် ငွေကျပ် သိန်း ၅၀၀ ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

Zawgyi Version:
မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ႀကီးတြင္ မိုင္းဖုန္းဆရာေတာ္က အႏၲရာယ္ကင္းပရိတ္ပဌာန္းမ်ား ႐ြတ္ဖတ္ပူေဇာ္ခဲ့
ေစာ (NP News) - ဧၿပီ ၂၃

ေနျပည္ေတာ္ရွိ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ႀကီးတြင္ မိုင္းဖုန္းဆရာေတာ္က အႏၲရာယ္ကင္းပရိတ္ပဌာန္းမ်ား ႐ြတ္ဖတ္ပူေဇာ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္‌ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

မိုင္းဖုန္းဆရာေတာ္ အရွင္ဉာဏသံဝရအမႉးျပဳေသာ ဆရာေတာ္သံဃာေတာ္မ်ားသည္ ယမန္ေန႔ (ဧၿပီလ ၂၂ ရက္) ညပိုင္းက မာရဝိဇယဘုရားႀကီးသို႔ ႂကြေရာက္ေတာ္မူၿပီး ပန္း၊ ေရခ်မ္း၊ လွ်ပ္စစ္မီးမ်ား ဆက္ကပ္ပူေဇာ္ကာ ဘုရားႀကီးအား ဖူးေျမာ္ၾကည္ညိဳ၍ အႏၲရာယ္ကင္းပရိတ္ပဌာန္းမ်ား ႐ြတ္ဖတ္ပူေဇာ္ျခင္းမ်ား ေဆာင္႐ြက္ေတာ္မူခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ မႏၲေလးငလ်င္ေဘးဒဏ္ခံစားရသူ ခုႏွစ္ရက္သားသမီးမ်ားအား ေမတၱာပို႔သေပးျခင္းႏွင့္ ငလ်င္ေဘးေၾကာင့္ ေသဆုံသြားခဲ့သူမ်ားအား ေမတၱာပို႔သ အမွ်ေပးေဝျခင္းမ်ား ေဆာင္႐ြက္ၾကေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ဗုဒၶဥယ်ာဥ္ဝတၳဳကံေတာ္တြင္ တည္ထားပူေဇာ္ထားသည့္ ကမာၻေပၚရွိ ထိုင္ေတာ္မူေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္မ်ားအနက္ ဥာဏ္ေတာ္အျမင့္ဆုံးျဖစ္ေတာ္မူေသာ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ရဟုန္း၊ ရွင္လူအမ်ားျပည္သူမ်ား ဖူးေျမာ္ၾကည္ညိဳႏိုင္ေရးအတြက္ ၂၀၂၃ ခုႏွစ္၊ ဩဂုတ္လ ၈ ရက္မွစ၍ ခြင့္ျပဳေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

မိုင္းဖုန္းဆရာေတာ္သည္ ၿပီးခဲ့သည့္ ဧၿပီ ၂၀ရက္၊ ညေနပိုင္းက မႏၲေလးၿမိဳ႕ကို ေရာက္ရွိခဲ့ကာ စြယ္ေတာ္ဘုရားအနီးရွိ မိုင္းဖုန္းေက်ာင္းတြင္ ယာယီသီတင္းသုံးေတာ္မူခဲ့ၿပီး ဧၿပီ ၂၁ ရက္၊ မြန္းလြဲပိုင္းတြင္ မဟာမုနိဘုရားႀကီးကို ႂကြေရာက္ဖူးေျမာ္ခဲ့အျပင္ ဘုရားႀကီး ျပဳျပင္မြမ္းမံဖို႔အတြက္ ေငြက်ပ္ သိန္း ၅၀၀ ကိုလည္း လႉဒါန္းခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.