အမေရိကန်ရဲ့အခွန်စည်းကြပ်မှုတွေကို ရှောင်ရှားဖို့အတွက် သဘောတူညီချက်တစ်ခုကို တောင်ကိုရီးယားအစိုးရ အဆိုပြု

254

Pika (NP News) - ဧပြီ ၂၆
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ပြင်းထန်တဲ့အခွန်စည်းကြပ်မှုတွေကို ရှောင်ရှားဖို့အတွက် သဘောတူညီချက် တစ်ခုကို တောင်ကိုရီးယားက အမေရိကန်ကိုအဆိုပြုခဲ့တယ်လို့ တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးက ပြောကြား ခဲ့ပါတယ်။ အဲဒီအဆိုပြုချက်နဲ့အတူ လာမယ့်သီတင်းပတ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားကြား နားလည်မှုရှိတဲ့ ကုန်သွယ်မှုတစ်ခုကို ယူဆောင်လာနိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ထုတ်ဖော် ပြောခဲ့တယ်လို့လည်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့အဓိကတင်ပို့ကုန်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး Samsung Electronics နဲ့ မော်တော်ယာဉ်ထုတ်လုပ်တဲ့ Hyundai လိုမျိုး ကုမ္ပဏီကြီးတွေဟာ အမေရိကန်အစိုးရရဲ့အခွန်စည်းကြပ်မှုတွေနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ထိခိုက်မှုတွေကို ခံရနိုင်ခြေရှိတဲ့ကုမ္ပဏီတွေဖြစ်တယ်လို့လည်း သိရပါတယ်။
တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီး Choi Sang-mok နဲ့ ကုန်သွယ်ရေးဝန်ကြီး Ahn Duk-geun တို့ဟာ လက်ရှိ အချိန်မှာ အမေရိကန်နိုင်ငံကိုရောက်ရှိနေပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent၊ ကုန်သွယ်ရေး ကိုယ်စားလှယ် Jamieson Greer တို့နဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ကာ အမေရိကန်ရဲ့အခွန်စည်းကြပ်မှုမူဝါဒတွေ အပေါ် အမြင်ချင်းဖလှယ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
Choi Sang-mok က “အမေရိကန်ရဲ့ပြင်းထန်တဲ့အခွန်စည်းကြပ်မှုတွေဟာ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအပေါ် အပျက်သဘောဆောင်တဲ့သက်ရောက်မှုတွေရှိစေတယ်ဆိုတာကို ကျွန်တော်တို့ရှင်းပြခဲ့ပါ တယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ရဲ႕အခြန္စည္းၾကပ္မႈေတြကို ေရွာင္ရွားဖို႔အတြက္ သေဘာတူညီခ်က္တစ္ခုကို ေတာင္ကိုရီးယားအစိုးရ အဆိုျပဳ
Pika (NP News) - ဧၿပီ ၂၆
အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ျပင္းထန္တဲ့အခြန္စည္းၾကပ္မႈေတြကို ေရွာင္ရွားဖို႔အတြက္ သေဘာတူညီခ်က္ တစ္ခုကို ေတာင္ကိုရီးယားက အေမရိကန္ကိုအဆိုျပဳခဲ့တယ္လို႔ ေတာင္ကိုရီးယားဘ႑ာေရးဝန္ႀကီးက ေျပာၾကား ခဲ့ပါတယ္။ အဲဒီအဆိုျပဳခ်က္နဲ႔အတူ လာမယ့္သီတင္းပတ္မွာ အေမရိကန္နဲ႔ ေတာင္ကိုရီးယားၾကား နားလည္မႈရွိတဲ့ ကုန္သြယ္မႈတစ္ခုကို ယူေဆာင္လာႏိုင္တယ္လို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး Scott Bessent က ထုတ္ေဖာ္ ေျပာခဲ့တယ္လို႔လည္း သိရပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံဟာ အေမရိကန္ႏိုင္ငံရဲ႕အဓိကတင္ပို႔ကုန္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး Samsung Electronics နဲ႔ ေမာ္ေတာ္ယာဥ္ထုတ္လုပ္တဲ့ Hyundai လိုမ်ိဳး ကုမၸဏီႀကီးေတြဟာ အေမရိကန္အစိုးရရဲ႕အခြန္စည္းၾကပ္မႈေတြနဲ႔ ပတ္သက္ၿပီး ႀကီးမားတဲ့ထိခိုက္မႈေတြကို ခံရႏိုင္ေျခရွိတဲ့ကုမၸဏီေတြျဖစ္တယ္လို႔လည္း သိရပါတယ္။
ေတာင္ကိုရီးယားဘ႑ာေရးဝန္ႀကီး Choi Sang-mok နဲ႔ ကုန္သြယ္ေရးဝန္ႀကီး Ahn Duk-geun တို႔ဟာ လက္ရွိ အခ်ိန္မွာ အေမရိကန္ႏိုင္ငံကိုေရာက္ရွိေနၿပီး အေမရိကန္ဘ႑ာေရးဝန္ႀကီး Scott Bessent၊ ကုန္သြယ္ေရး ကိုယ္စားလွယ္ Jamieson Greer တို႔နဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့ကာ အေမရိကန္ရဲ႕အခြန္စည္းၾကပ္မႈမူဝါဒေတြ အေပၚ အျမင္ခ်င္းဖလွယ္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
Choi Sang-mok က “အေမရိကန္ရဲ႕ျပင္းထန္တဲ့အခြန္စည္းၾကပ္မႈေတြဟာ ႏွစ္ႏိုင္ငံၾကား စီးပြားေရးပူးေပါင္း ေဆာင္႐ြက္မႈအေပၚ အပ်က္သေဘာေဆာင္တဲ့သက္ေရာက္မႈေတြရွိေစတယ္ဆိုတာကို ကြၽန္ေတာ္တို႔ရွင္းျပခဲ့ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။