အမေရိကန်သမ္မတနဲ့တွေ့ဆုံပြီးနောက် အပစ်အခတ်ရပ်စဲရေးတိုးတက်မှုရှိလာဖို့ မျှော်လင့်ထားတယ်လို့ ယူကရိန်းသမ္မတ ဆို

 402

ဂျန်ဇက် (NP News) - ဧပြီ ၂၇

ယူကရိန်းသမ္မတဇီလန်စကီး က ပူးတွဲရလဒ်တွေ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ဗာတီကန်မှာ သူနဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့တွေ့ဆုံမှုဟာ "သမိုင်းဝင်ဖြစ်လာမယ့် အလားအလာ" ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဧပြီ ၂၆ ရက်က ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ဈာပနအခမ်းအနားမတိုင်မီ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ် ဟာ St. Peter's Basilica ဘုရားကျောင်းမှာ ခေတ္တတွေ့ဆုံခဲ့ပါတယ်။
ဖေဖော်ဝါရီလတုန်းက အိမ်ဖြူတော်မှာ အချေအတင်ဆွေးနွေးခဲ့ပြီးနောက်ပိုင်း သမ္မတနှစ်ဦး ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံတာဖြစ်ပါတယ်။ ဧပြီလ ၂၆ ရက်က တွေ့ဆုံဆွေးနွေးမှုဟာ ၁၅ မိနစ်ကြာမြင့်ခဲ့တယ်လို့ ယူကရိန်းသမ္မတရုံးက ပြောပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီး က သူတို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာအားလုံးအတွက် ရလဒ်တွေ ရရှိဖို့ မျှော်လင့်ထားတယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီး က "ခြွင်းချက်မရှိ၊ အပြီးပိုင် အပစ်အခတ်ရပ်စဲရေး" နဲ့ "နောက်ထပ်စစ်ပွဲ မဖြစ်ပွားအောင် တားဆီးပေးမယ့် ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး" နဲ့ပတ်သက်ပြီး ဖော်ပြခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ "အလွန်အမင်း အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်" လို့ အိမ်ဖြူတော်ကဧပြီ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ ရုရှားအစိုးရက တစ်ဖက်သတ် သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားဒေသမှာ ရုရှားထိန်းချုပ်တာနဲ့ပတ်သက်ပြီး အမေရိကန်က အသိအမှတ်ပြုတဲ့အချက် ပါဝင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရက အဆိုပြုခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြနေပါတယ်။ ဒါကို လက်ခံဖို့ ယူကရိန်းနဲ့ ရုရှားနှစ်နိုင်ငံစလုံးကို အမေရိကန်အစိုးရက တိုက်တွန်းနေတယ်လို့ သိရပါတယ်။ အစည်းအဝေးအပြီးမှာ အဲဒီငြိမ်းချမ်းရေးအစီအစဉ်ကို ဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ မသိရပါဘူး။ အစည်းအဝေးအပြီး လူမှုကွန်ရက်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ယူကရိန်းသမ္မတဇီလန်စကီးက အကြောင်း ဖော်ပြခြင်းမရှိပါဘူး။ အရပ်သားတွေရှိတဲ့ ဧရိယာတွေ၊ မြို့ကြီးမြို့ငယ်တွေကို ရုရှားသမ္မတပူတင်က ဒုံးကျည်နဲ့ တိုက်ခိုက်စရာ အကြောင်းမရှိဘူးလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဒေါ်နယ်ထရမ့်က ရုရှားသမ္မတဟာ လက်ရှိအချိန်မှာ စစ်ပွဲကို ရပ်တန့်လိုပုံမရဘူးလို့လည်း ပြောပါတယ်။ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်နိုင်ခြေရှိတယ်လို့ ဒေါ်နယ်ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္သမၼတနဲ႔ေတြ႕ဆုံၿပီးေနာက္ အပစ္အခတ္ရပ္စဲေရးတိုးတက္မႈရွိလာဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ယူကရိန္းသမၼတ ဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၇

ယူကရိန္းသမၼတဇီလန္စကီး က ပူးတြဲရလဒ္ေတြ ေပၚေပါက္လာခဲ့မယ္ဆိုရင္ ဗာတီကန္မွာ သူနဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ေတြ႕ဆုံမႈဟာ "သမိုင္းဝင္ျဖစ္လာမယ့္ အလားအလာ" ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဧၿပီ ၂၆ ရက္က ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ရဲ႕ဈာပနအခမ္းအနားမတိုင္မီ ယူကရိန္းသမၼတ ဇီလန္စကီးနဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ္ ဟာ St. Peter's Basilica ဘုရားေက်ာင္းမွာ ေခတၱေတြ႕ဆုံခဲ့ပါတယ္။
ေဖေဖာ္ဝါရီလတုန္းက အိမ္ျဖဴေတာ္မွာ အေခ်အတင္ေဆြးေႏြးခဲ့ၿပီးေနာက္ပိုင္း သမၼတႏွစ္ဦး ပထမဆုံးအႀကိမ္ လူခ်င္းေတြ႕ဆုံတာျဖစ္ပါတယ္။ ဧၿပီလ ၂၆ ရက္က ေတြ႕ဆုံေဆြးေႏြးမႈဟာ ၁၅ မိနစ္ၾကာျမင့္ခဲ့တယ္လို႔ ယူကရိန္းသမၼတ႐ုံးက ေျပာပါတယ္။
ယူကရိန္းသမၼတဇီလန္စကီး က သူတို႔ေဆြးေႏြးခဲ့တဲ့အေၾကာင္းအရာအားလုံးအတြက္ ရလဒ္ေတြ ရရွိဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။ ယူကရိန္းသမၼတဇီလန္စကီး က "ႁခြင္းခ်က္မရွိ၊ အၿပီးပိုင္ အပစ္အခတ္ရပ္စဲေရး" နဲ႔ "ေနာက္ထပ္စစ္ပြဲ မျဖစ္ပြားေအာင္ တားဆီးေပးမယ့္ ယုံၾကည္စိတ္ခ်ရၿပီး ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရး" နဲ႔ပတ္သက္ၿပီး ေဖာ္ျပခဲ့ပါတယ္။

ေခါင္းေဆာင္ႏွစ္ဦးဟာ "အလြန္အမင္း အက်ိဳးရွိတဲ့ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္" လို႔ အိမ္ျဖဴေတာ္ကဧၿပီ ၂၆ ရက္မွာ ေျပာခဲ့ပါတယ္။ ၂ဝ၁၄ ခုႏွစ္မွာ ႐ုရွားအစိုးရက တစ္ဖက္သတ္ သိမ္းပိုက္ခဲ့တဲ့ ခ႐ိုင္းမီးယားေဒသမွာ ႐ုရွားထိန္းခ်ဳပ္တာနဲ႔ပတ္သက္ၿပီး အေမရိကန္က အသိအမွတ္ျပဳတဲ့အခ်က္ ပါဝင္တဲ့ ၿငိမ္းခ်မ္းေရးအစီအစဥ္ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္အစိုးရက အဆိုျပဳခဲ့တယ္လို႔ မီဒီယာေတြက ေဖာ္ျပေနပါတယ္။ ဒါကို လက္ခံဖို႔ ယူကရိန္းနဲ႔ ႐ုရွားႏွစ္ႏိုင္ငံစလုံးကို အေမရိကန္အစိုးရက တိုက္တြန္းေနတယ္လို႔ သိရပါတယ္။ အစည္းအေဝးအၿပီးမွာ အဲဒီၿငိမ္းခ်မ္းေရးအစီအစဥ္ကို ေဆြးေႏြးခဲ့ျခင္း ရွိ၊ မရွိ မသိရပါဘူး။ အစည္းအေဝးအၿပီး လူမႈကြန္ရက္မွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ယူကရိန္းသမၼတဇီလန္စကီးက အေၾကာင္း ေဖာ္ျပျခင္းမရွိပါဘူး။ အရပ္သားေတြရွိတဲ့ ဧရိယာေတြ၊ ၿမိဳ႕ႀကီးၿမိဳ႕ငယ္ေတြကို ႐ုရွားသမၼတပူတင္က ဒုံးက်ည္နဲ႔ တိုက္ခိုက္စရာ အေၾကာင္းမရွိဘူးလို႔ ေဒၚနယ္ထရမ့္က ေျပာပါတယ္။
ေဒၚနယ္ထရမ့္က ႐ုရွားသမၼတဟာ လက္ရွိအခ်ိန္မွာ စစ္ပြဲကို ရပ္တန႔္လိုပုံမရဘူးလို႔လည္း ေျပာပါတယ္။ ႐ုရွားအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈအသစ္ေတြ ခ်မွတ္ႏိုင္ေျခရွိတယ္လို႔ ေဒၚနယ္ထရမ့္က အရိပ္အႁမြက္ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.