ဂျပန်နိုင်ငံ၊ ဖူဂျီတောင်မှာ လူတစ်ဦးကို တစ်ပတ်အတွင်း နှစ်ကြိမ် ကယ်ဆယ်ခဲ့ရ

708

ရောင်နီ (NP News) - ဧပြီ ၂၉
ဂျပန်နိုင်ငံ၊ ဖူဂျီတောင်မှာ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို သီတင်းတစ်ပတ်အတွင်း ၂ ကြိမ်တိုင်တိုင် ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါအမျိုးသားဟာ ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ တရုတ်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး စနေနေ့(ဧပြီ ၂၆ ရက်) က ပင်လယ်ရေမျက်နှာပြင် အထက် ၃,၀၀၀ မီတာကျော် မြင့်တဲ့လမ်းမှာ ဖျားနာပြီး လဲနေတာကို တောင်တက်သမားတစ်ဦးက တွေ့ရှိပြီး ရဲတပ်ဖွဲ့က ဆေးရုံပို့ကာ ကယ်ဆယ်ခဲ့ရပါတယ်။ အဲဒီနောက် အဆိုပါအမျိုးသားဟာ ဖူဂျီတောင်ပေါ်မှာ ပြီးခဲ့တဲ့လေးရက်က ကယ်ဆယ်ခဲ့ရသူနဲ့ အတူတူပဲဆိုတာ တာဝန်ရှိသူတွေက တွေ့ရှိခဲ့ပါတယ်။
အင်္ဂါနေ့(ဧပြီ ၂၂ ရက်) က ရဟတ်ယာဉ်နဲ့ ပထမအကြိမ် ကယ်ဆယ်ခဲ့ရတဲ့ အမျိုးသားဟာ သူ့ရဲ့ လက်ကိုင်ဖုန်းကို ပထမဆုံး ကယ်ဆယ်ရေးမှာ မေ့ကျန်ခဲ့တာကြောင့် ပြန်ယူရင်းနဲ့ အခုလို ထပ်မံကယ်ဆယ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီရည်ရွယ်ချက် တကယ်ပဲလားဆိုတာတော့ ဖုန်း ရှာတွေ့ခြင်း ရှိ၊ မရှိ မသိရသေးတာကြောင့် ရဲတပ်ဖွဲ့က ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။
မီးတောင်ရှင်တစ်ခုဖြစ်တဲ့ ဖူဂျီမီးတောင်ဟာ ဂျပန်နိုင်ငံရဲ့အမြင့်ဆုံးတောင်ထွတ်ဖြစ်ပြီး တစ်နှစ်တာပတ်လုံး ဆီးနှင်းတွေနဲ့ ဖုံးလွှမ်းနေပါတယ်။ ဖူဂျီတောင်ဟာ လှပတဲ့နေဝင်ချိန်ရှုခင်းတွေကြောင့် တောင်တက်သူတွေနဲ့ စည်ကားနေလေ့ရှိပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံ၊ ဖူဂ်ီေတာင္မွာ လူတစ္ဦးကို တစ္ပတ္အတြင္း ႏွစ္ႀကိမ္ ကယ္ဆယ္ခဲ့ရ
ေရာင္နီ (NP News) - ဧၿပီ ၂၉
ဂ်ပန္ႏိုင္ငံ၊ ဖူဂ်ီေတာင္မွာ အသက္ ၂၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးကို သီတင္းတစ္ပတ္အတြင္း ၂ ႀကိမ္တိုင္တိုင္ ကယ္ဆယ္ခဲ့ရတယ္လို႔ သိရပါတယ္။
အဆိုပါအမ်ိဳးသားဟာ ဂ်ပန္ႏိုင္ငံမွာ ေနထိုင္တဲ့ တ႐ုတ္တကၠသိုလ္ေက်ာင္းသားတစ္ဦးျဖစ္ၿပီး စေနေန႔(ဧၿပီ ၂၆ ရက္) က ပင္လယ္ေရမ်က္ႏွာျပင္ အထက္ ၃,၀၀၀ မီတာေက်ာ္ ျမင့္တဲ့လမ္းမွာ ဖ်ားနာၿပီး လဲေနတာကို ေတာင္တက္သမားတစ္ဦးက ေတြ႕ရွိၿပီး ရဲတပ္ဖြဲ႕က ေဆး႐ုံပို႔ကာ ကယ္ဆယ္ခဲ့ရပါတယ္။ အဲဒီေနာက္ အဆိုပါအမ်ိဳးသားဟာ ဖူဂ်ီေတာင္ေပၚမွာ ၿပီးခဲ့တဲ့ေလးရက္က ကယ္ဆယ္ခဲ့ရသူနဲ႔ အတူတူပဲဆိုတာ တာဝန္ရွိသူေတြက ေတြ႕ရွိခဲ့ပါတယ္။
အဂၤါေန႔(ဧၿပီ ၂၂ ရက္) က ရဟတ္ယာဥ္နဲ႔ ပထမအႀကိမ္ ကယ္ဆယ္ခဲ့ရတဲ့ အမ်ိဳးသားဟာ သူ႔ရဲ႕ လက္ကိုင္ဖုန္းကို ပထမဆုံး ကယ္ဆယ္ေရးမွာ ေမ့က်န္ခဲ့တာေၾကာင့္ ျပန္ယူရင္းနဲ႔ အခုလို ထပ္မံကယ္ဆယ္ခံရတာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဒီရည္႐ြယ္ခ်က္ တကယ္ပဲလားဆိုတာေတာ့ ဖုန္း ရွာေတြ႕ျခင္း ရွိ၊ မရွိ မသိရေသးတာေၾကာင့္ ရဲတပ္ဖြဲ႕က ခ်က္ခ်င္း အတည္မျပဳႏိုင္ေသးပါဘူး။
မီးေတာင္ရွင္တစ္ခုျဖစ္တဲ့ ဖူဂ်ီမီးေတာင္ဟာ ဂ်ပန္ႏိုင္ငံရဲ႕အျမင့္ဆုံးေတာင္ထြတ္ျဖစ္ၿပီး တစ္ႏွစ္တာပတ္လုံး ဆီးႏွင္းေတြနဲ႔ ဖုံးလႊမ္းေနပါတယ္။ ဖူဂ်ီေတာင္ဟာ လွပတဲ့ေနဝင္ခ်ိန္ရႈခင္းေတြေၾကာင့္ ေတာင္တက္သူေတြနဲ႔ စည္ကားေနေလ့ရွိပါတယ္။