သီပေါမြို့နယ်က MNDAAနှင့် စစ်ရေးတင်းမာနေသော နေရာများသို့ SSPPကအင်အားဖြည့်တင်း

1068

သန့်ဇင်(NP News)-မေ ၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်က MNDAAနှင့် စစ်ရေးတင်းမာနေသော နေရာများသို့ SSPPကအင်အားဖြည့်တင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
MNDAAနှင့် SSPPလက်နက်ကိုင်အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီ ၂၈ရက်မှစတင်ကာ စစ်ရေးတင်းမာလာခဲ့ခြင်းဖြစ်ကာ ယမန်နေ့ မေလ ၁ ရက်ကလည်း သီပေါမြို့နယ်အတွင်းသို့ SSPPမှ တပ်ရင်း(၂)ရင်း အင်အားဖြည့်တင်းနေပြီး ယနေ့ (မေလ ၃ရက်)နံနက်ပိုင်းတွင် ပစ်ခတ် သံများကြားရကြောင်း သိရသည်။
“SSPPတပ်ရင်း(၂)ရင်းတက်သွားတဲ့ကိစ္စက အခုမနက်အသံကြားတယ်။ ချနေတဲ့အသံတွေလေ။ ကျောက်မဲ-သီပေါကြားထဲပေါ့။ သီပေါ ဂွင်လေ။ လက်ရှိမှာတော့ SSPPက MNDAAနဲ့ စစ်ရေးအရတော့ တင်းမာမှုတွေဖြစ်နေတယ်။ ဒါကလက်ရှိအခြေအနေပေါ့။ သီပေါမှာ တော့ အဲဒီလိုမျိုးတွေရှိတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက NP Newsကိုပြောသည်။
ထို့ပြင် လက်ရှိစစ်ရေးတင်းမာနေသည့် ဒေသများတွင် MNDAAနှင့် SSPPခေါင်းဆောင်ပိုင်းအချို့စစ်ရေးတင်းမာမှုနှင့် ပတ်သက်၍ နှစ်ဖက်အကြား ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
သို့သော် သီပေါမြို့နယ်အတွင်း SSPP/SSA တပ်စခန်းများ တည်ရှိရာ နားနန်းကျေးရွာ၊ နားတော်ကျေးရွာ၊ ခိုနန်းဖ၊ တင်းဟိုင်းကျေးရွာ၊ ဆင်ကျော့ ၊ နားတောင့်၊ နားမခေါ်၊ ဖာစေ (သီပေါ) စသည့် နေရာများ၌ MNDAAဘက်မှလည်း အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာသည့် အခြေအနေများ ရှိနေကြောင်းလည်း SSPP Info သတင်းထုတ်ပြန်ချက်အရ သိရသည်။
“အခုတက်သွားတဲ့အနေအထားက ကိုးကန့်တွေဘက်ကိုဦးတည်သွားတယ်လို့ ယူဆရတာပေါ့။ ရွာခံတွေပြောတာပေါ့။ တနေ့ကတည်းက တက်သွားတာ။ နည်းနည်းလေးလှုပ်ရှားမှုရှိတယ်ပေါ့။ အင်အားကတော့ တပ်ရင်း(၂)ရင်းစာလောက်လို့ ပြောလို့ရတာပေါ့။ သူတို့က Faw ကားနဲ့သွားတယ်။ စစ်ရေးတင်းမှာတဲ့နေရာတွေကို SSPPပိုမိုရောက်ရှိနေတာပေါ့။ အခု ကာလမှာ MNDAAကလည်းမဲနေတာ။ သိန္နီမှာ လည်း ရှမ်းနီနဲ့ပြဿနာတက်နေတာ။ MNDAAကလည်း မဲတက်တဲ့အကျင့်ရှိနေတဘ်။ ထွက်နေတဲ့ သတင်းတွေမှာလည်း MNDAAနဲ့ SSPPကခေါင်းဆောင်ပိုင်းတွေ တွေဆုံဆွေးနွေးမယ်လို့ ပြောသံထွက်နေတယ်”ဟု ၎င်းက ဆက်ပြောသည်။
MNDAAအဖွဲ့နှင့် SSPPလက်နက်ကိုင်အဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီ ၂၈ရက်နှင့် ၂၉ရက်တို့တွင် သီပေါဒေသတွင် စစ်ရေးထိတွေ့မှု(၈) နေရာ၊ နှစ်ဘက် တပ်များ ရုန်းရင်းဆန်ခတ် ထိုးကြိတ်ရိုက်နှက်ဖမ်းဆီးမှု (၂၄) နေရာအထိ ရှိခဲ့ပြီး နှစ်ဘက်အဖွဲ့များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း SSPP ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA၊ TNLAနှင့် SSPPတို့အကြား သုံးပွင့်ဆိုင် နယ်မြေအငြင်းပွားမှုများလည်းဖြစ်ပွားနေပြီး အောက်ခြေပွတ်တိုက်မှုအနေဖြင့် ထိုးကြိတ်သည့်အဆင့်မှ တိုက်ပွဲဖြစ်ပွားသည့်အဆင့်ထိ တင်းမာနေကြကြောင်း သိရသည်။
“ သိန္နီမှာလည်း MNDAAနဲ့ ပြည်သူနဲ့က ပြဿနာတွေတက်ကြတော့ MNDAAကိုမောင်းထုတ် တယ်လေ။ အဲဒီလိုမျိုးလေးတွေ ပြဿနာ တက် တာတွေရှိပါတယ်။ SSPPနဲ့ ကအခုက ကိုးကန့်နဲ့ဖြစ်နေတာဆိုတော့ ကိုးကန့်နဲ့ကတစ်ပိုင်း။ သုံးပွင့်ဆိုင်တွေလည်းဖြစ်နေကြတာပဲ။ ကိုးကန့်နဲ့ ပလောင်နဲ့လည်းဖြစ်တယ်။ ပလောင်နဲ့ SSPPနဲ့ MNDAAတို့ကပတ်လည်ကိုဖြစ်နေတာ။ အဲဒါကတော့ လက်ရှိအနေအထား ပေါ့”ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

Zawgyi Version:
သီေပါၿမိဳ႕နယ္က MNDAAႏွင့္ စစ္ေရးတင္းမာေနေသာ ေနရာမ်ားသို႔ SSPPကအင္အားျဖည့္တင္း
သန႔္ဇင္(NP News)-ေမ ၃
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္က MNDAAႏွင့္ စစ္ေရးတင္းမာေနေသာ ေနရာမ်ားသို႔ SSPPကအင္အားျဖည့္တင္းေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
MNDAAႏွင့္ SSPPလက္နက္ကိုင္အဖြဲ႕တို႔သည္ ၿပီးခဲ့သည့္ ဧၿပီ ၂၈ရက္မွစတင္ကာ စစ္ေရးတင္းမာလာခဲ့ျခင္းျဖစ္ကာ ယမန္ေန႔ ေမလ ၁ ရက္ကလည္း သီေပါၿမိဳ႕နယ္အတြင္းသို႔ SSPPမွ တပ္ရင္း(၂)ရင္း အင္အားျဖည့္တင္းေနၿပီး ယေန႔ (ေမလ ၃ရက္)နံနက္ပိုင္းတြင္ ပစ္ခတ္ သံမ်ားၾကားရေၾကာင္း သိရသည္။
“SSPPတပ္ရင္း(၂)ရင္းတက္သြားတဲ့ကိစၥက အခုမနက္အသံၾကားတယ္။ ခ်ေနတဲ့အသံေတြေလ။ ေက်ာက္မဲ-သီေပါၾကားထဲေပါ့။ သီေပါ ဂြင္ေလ။ လက္ရွိမွာေတာ့ SSPPက MNDAAနဲ႔ စစ္ေရးအရေတာ့ တင္းမာမႈေတြျဖစ္ေနတယ္။ ဒါကလက္ရွိအေျခအေနေပါ့။ သီေပါမွာ ေတာ့ အဲဒီလိုမ်ိဳးေတြရွိတယ္”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP Newsကိုေျပာသည္။
ထို႔ျပင္ လက္ရွိစစ္ေရးတင္းမာေနသည့္ ေဒသမ်ားတြင္ MNDAAႏွင့္ SSPPေခါင္းေဆာင္ပိုင္းအခ်ိဳ႕စစ္ေရးတင္းမာမႈႏွင့္ ပတ္သက္၍ ႏွစ္ဖက္အၾကား ဗဟိုအဆင့္ ေတြ႕ဆုံေျဖရွင္းသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
သို႔ေသာ္ သီေပါၿမိဳ႕နယ္အတြင္း SSPP/SSA တပ္စခန္းမ်ား တည္ရွိရာ နားနန္းေက်း႐ြာ၊ နားေတာ္ေက်း႐ြာ၊ ခိုနန္းဖ၊ တင္းဟိုင္းေက်း႐ြာ၊ ဆင္ေက်ာ့ ၊ နားေတာင့္၊ နားမေခၚ၊ ဖာေစ (သီေပါ) စသည့္ ေနရာမ်ား၌ MNDAAဘက္မွလည္း အင္အားျဖည့္တင္းမႈမ်ား ျပဳလုပ္ေနၿပီး ႏွစ္ဖက္တပ္ဖြဲ႕ စစ္ေရးတင္းမာသည့္ အေျခအေနမ်ား ရွိေနေၾကာင္းလည္း SSPP Info သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
“အခုတက္သြားတဲ့အေနအထားက ကိုးကန႔္ေတြဘက္ကိုဦးတည္သြားတယ္လို႔ ယူဆရတာေပါ့။ ႐ြာခံေတြေျပာတာေပါ့။ တေန႔ကတည္းက တက္သြားတာ။ နည္းနည္းေလးလႈပ္ရွားမႈရွိတယ္ေပါ့။ အင္အားကေတာ့ တပ္ရင္း(၂)ရင္းစာေလာက္လို႔ ေျပာလို႔ရတာေပါ့။ သူတို႔က Faw ကားနဲ႔သြားတယ္။ စစ္ေရးတင္းမွာတဲ့ေနရာေတြကို SSPPပိုမိုေရာက္ရွိေနတာေပါ့။ အခု ကာလမွာ MNDAAကလည္းမဲေနတာ။ သိႏၷီမွာ လည္း ရွမ္းနီနဲ႔ျပႆနာတက္ေနတာ။ MNDAAကလည္း မဲတက္တဲ့အက်င့္ရွိေနတဘ္။ ထြက္ေနတဲ့ သတင္းေတြမွာလည္း MNDAAနဲ႔ SSPPကေခါင္းေဆာင္ပိုင္းေတြ ေတြဆုံေဆြးေႏြးမယ္လို႔ ေျပာသံထြက္ေနတယ္”ဟု ၎က ဆက္ေျပာသည္။
MNDAAအဖြဲ႕ႏွင့္ SSPPလက္နက္ကိုင္အဖြဲ႕တို႔သည္ ၿပီးခဲ့သည့္ ဧၿပီ ၂၈ရက္ႏွင့္ ၂၉ရက္တို႔တြင္ သီေပါေဒသတြင္ စစ္ေရးထိေတြ႕မႈ(၈) ေနရာ၊ ႏွစ္ဘက္ တပ္မ်ား ႐ုန္းရင္းဆန္ခတ္ ထိုးႀကိတ္႐ိုက္ႏွက္ဖမ္းဆီးမႈ (၂၄) ေနရာအထိ ရွိခဲ့ၿပီး ႏွစ္ဘက္အဖြဲ႕မ်ား ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း SSPP ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ MNDAA၊ TNLAႏွင့္ SSPPတို႔အၾကား သုံးပြင့္ဆိုင္ နယ္ေျမအျငင္းပြားမႈမ်ားလည္းျဖစ္ပြားေနၿပီး ေအာက္ေျခပြတ္တိုက္မႈအေနျဖင့္ ထိုးႀကိတ္သည့္အဆင့္မွ တိုက္ပြဲျဖစ္ပြားသည့္အဆင့္ထိ တင္းမာေနၾကေၾကာင္း သိရသည္။
“ သိႏၷီမွာလည္း MNDAAနဲ႔ ျပည္သူနဲ႔က ျပႆနာေတြတက္ၾကေတာ့ MNDAAကိုေမာင္းထုတ္ တယ္ေလ။ အဲဒီလိုမ်ိဳးေလးေတြ ျပႆနာ တက္ တာေတြရွိပါတယ္။ SSPPနဲ႔ ကအခုက ကိုးကန႔္နဲ႔ျဖစ္ေနတာဆိုေတာ့ ကိုးကန႔္နဲ႔ကတစ္ပိုင္း။ သုံးပြင့္ဆိုင္ေတြလည္းျဖစ္ေနၾကတာပဲ။ ကိုးကန႔္နဲ႔ ပေလာင္နဲ႔လည္းျဖစ္တယ္။ ပေလာင္နဲ႔ SSPPနဲ႔ MNDAAတို႔ကပတ္လည္ကိုျဖစ္ေနတာ။ အဲဒါကေတာ့ လက္ရွိအေနအထား ေပါ့”ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။