နျူကလီးယားတိုက်ခိုက်မှုပုံစံ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကြီးကြပ်

 61

Pika (NP News) - မေ ၁ဝ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တောင်ကိုရီးယားနဲ့အမေရိကန်တို့ကို နျူကလီးယားတန်ပြန် တိုက်ခိုက်မှု ပုံစံတူ စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရက တာတိုပစ်ပဲ့ထိန်းဒုံးကျည် အမျိုးအစားများစွာကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့တဲ့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်အမျိုးအစားများစွာ စမ်းသပ်ပစ်လွှတ်မှုဟာ ရုရှားကို နျူကလီးယားလက်နက် တင်ပို့ရောင်းချမှုနဲ့ဆက်စပ်မှု ရှိနိုင်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။
ကင်ဂျုံအန်းကြီးကြပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း (၆၀၀)မီလီမီတာ ဒုံးကျည်စနစ်နဲ့ မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တစ်စင်းတို့ ပါဝင်တယ်လို့ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။ KCNA က “မြောက်ကိုရီးယားဟာ ဒီစစ်ရေးလေ့ကျင့်မှုရဲ့ပန်းတိုင်ကို အောင်မြင်ခဲ့ပြီး ဘယ်လိုနျူကလီးယားအကျပ်အတည်းကိုမဆို လျင်မြန်စွာ တုံ့ပြန်နိုင်တဲ့အမိန့်ပေးနိုင်မှုနဲ့ ယုံကြည်စိတ်ချရမှုတို့ကို အတည်ပြုနိုင်ခဲ့ပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

Zawgyi Version:
န်ဴကလီးယားတိုက္ခိုက္မႈပုံစံ စစ္ေရးေလ့က်င့္မႈကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္း ႀကီးၾကပ္
Pika (NP News) - ေမ ၁ဝ

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းဟာ ေတာင္ကိုရီးယားနဲ႔အေမရိကန္တို႔ကို န်ဴကလီးယားတန္ျပန္ တိုက္ခိုက္မႈ ပုံစံတူ စစ္ေရးေလ့က်င့္မႈကို ႀကီးၾကပ္ခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။ ေျမာက္ကိုရီးယားအစိုးရက တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ အမ်ိဳးအစားမ်ားစြာကို ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယား စစ္တပ္က ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုသတင္းေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေျမာက္ကိုရီးယားက လုပ္ေဆာင္ခဲ့တဲ့ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္အမ်ိဳးအစားမ်ားစြာ စမ္းသပ္ပစ္လႊတ္မႈဟာ ႐ုရွားကို န်ဴကလီးယားလက္နက္ တင္ပို႔ေရာင္းခ်မႈနဲ႔ဆက္စပ္မႈ ရွိႏိုင္တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာၾကားခဲ့ပါတယ္။
ကင္ဂ်ဳံအန္းႀကီးၾကပ္ခဲ့တဲ့ စစ္ေရးေလ့က်င့္မႈအတြင္း (၆၀၀)မီလီမီတာ ဒုံးက်ည္စနစ္နဲ႔ မဟာဗ်ဴဟာေျမာက္ ပဲ့ထိန္းဒုံးက်ည္တစ္စင္းတို႔ ပါဝင္တယ္လို႔ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။ KCNA က “ေျမာက္ကိုရီးယားဟာ ဒီစစ္ေရးေလ့က်င့္မႈရဲ႕ပန္းတိုင္ကို ေအာင္ျမင္ခဲ့ၿပီး ဘယ္လိုန်ဴကလီးယားအက်ပ္အတည္းကိုမဆို လ်င္ျမန္စြာ တုံ႔ျပန္ႏိုင္တဲ့အမိန႔္ေပးႏိုင္မႈနဲ႔ ယုံၾကည္စိတ္ခ်ရမႈတို႔ကို အတည္ျပဳႏိုင္ခဲ့ပါတယ္” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.