ကြက်အရှင်အစိမ်းစားပြသည့်ကန္နားစီးကို ထောင်ဒဏ်ချမှတ်ဟုဆို

 1277

သန့်ဇင်(NP News)-မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့တွင်ပြုလုပ်သော နတ်ကန္နားပွဲတစ်ခုတွင် ကြက်အရှင်အစိမ်းစားပြသည့် ကန္နားစီးနှင့် ပွဲစီစဉ်သူတို့ အလုပ်နှင့်ထောင်ဒဏ်များချမှတ်လိုက်ကြောင်း သိရသည်။

၎င်းတို့ကို ဖျာပုံမြို့နယ်တရားရုံးက ပြီးခဲ့သည့် မေလ ၁၃ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖျာပုံက အာဏာပိုင်တွေက ထောင်ချတာပါ။ ကာယကံရှင်တွေပြောတာပဲ။ ဒါပေမယ့် အစ်ကိုတို့ကတော့ တိုက်ရိုက်မသွားတော့ အတိအကျတော့ မသိဘူး။ တစ်ခါတည်းအမိန့်တစ်ခါတည်းချတယ်လို့ပြောတယ်”ဟု ဒေဝါပညာရှင်တစ်ဦးက ပြောသည်။

ကြက်ကအရှင်အား သွေးစိမ်းရှင်ရှင်စားပြခဲ့သူမှာ ဖျာပုံမြို့တွင်နေထိုင်သည့် အောင်ကိုမင်းဆိုသူဖြစ်ပြီး ပြည်ကန်တော်သခင်မနတ်ပွဲ တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင်လည်း စားပြနေသည့် ရုပ်သံဖိုင်များထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဖျာပုံမြို့နယ်တရားရုံးက ကန္နစီးဦးအောင်ကိုမင်းအပါအဝင် ပွဲစီစဉ်သူများဖြစ်သည့် ဦးလှမြင့်နှင့် ဒေါ်ဌေးတို့ကို အလုပ်နှင့် ထောင်ဒဏ် ( ၃ )လ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

ကျက်သရေအဖြာ ဖြာနှင့်ပြည့်စုံသော ဒေဝတာနတ်မင်းအပေါင်းတို့၏ ရှေ့၌ယခုကဲ့သို့ ပူဇော်ပသခြင်းသည် အင်မတန်မှ စက်ဆုတ်ရွံ ရှာဖွယ် အတိဖြစ်ကြောင်းနှင့် နတ်မင်းအ ပင်းအား ပူဇော်ပသရိုသေကြသည့်(၇)ရက်သားသမီးများမှလဲ အထင်အမြင်လွဲမှားစေသည့် စက်ဆုတ် ရွံ ရှာဖွယ်အသွင်သဏ္ဍာန်ကို ဖော်ဆောင်နေကြောင်း မြန်မာနိုင်ငံ ဒေဝါပညာရှင်များ စည်းကမ်း ထိန်းသိမ်းရေးကော်မတီ (ဗဟို)က ထုတ်ပြန်ထားခဲ့ဖူးသည်။

Zawgyi Version:
ၾကက္အရွင္အစိမ္းစားျပသည့္ကႏၷားစီးကို ေထာင္ဒဏ္ခ်မွတ္ဟုဆို
သန႔္ဇင္(NP News)-ေမ ၁၅
ဧရာဝတီတိုင္းေဒသႀကီး ဖ်ာပုံၿမိဳ႕တြင္ျပဳလုပ္ေသာ နတ္ကႏၷားပြဲတစ္ခုတြင္ ၾကက္အရွင္အစိမ္းစားျပသည့္ ကႏၷားစီးႏွင့္ ပြဲစီစဥ္သူတို႔ အလုပ္ႏွင့္ေထာင္ဒဏ္မ်ားခ်မွတ္လိုက္ေၾကာင္း သိရသည္။

၎တို႔ကို ဖ်ာပုံၿမိဳ႕နယ္တရား႐ုံးက ၿပီးခဲ့သည့္ ေမလ ၁၃ရက္တြင္ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဖ်ာပုံက အာဏာပိုင္ေတြက ေထာင္ခ်တာပါ။ ကာယကံရွင္ေတြေျပာတာပဲ။ ဒါေပမယ့္ အစ္ကိုတို႔ကေတာ့ တိုက္႐ိုက္မသြားေတာ့ အတိအက်ေတာ့ မသိဘူး။ တစ္ခါတည္းအမိန္႔တစ္ခါတည္းခ်တယ္လို႔ေျပာတယ္”ဟု ေဒဝါပညာရွင္တစ္ဦးက ေျပာသည္။

ၾကက္ကအရွင္အား ေသြးစိမ္းရွင္ရွင္စားျပခဲ့သူမွာ ဖ်ာပုံၿမိဳ႕တြင္ေနထိုင္သည့္ ေအာင္ကိုမင္းဆိုသူျဖစ္ၿပီး ျပည္ကန္ေတာ္သခင္မနတ္ပြဲ တြင္ျပဳလုပ္ခဲ့ျခင္းျဖစ္ကာ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္လည္း စားျပေနသည့္ ႐ုပ္သံဖိုင္မ်ားထြက္ေပၚလာခဲ့ျခင္း ျဖစ္သည္။

ထို႔ေၾကာင့္ ဖ်ာပုံၿမိဳ႕နယ္တရား႐ုံးက ကႏၷစီးဦးေအာင္ကိုမင္းအပါအဝင္ ပြဲစီစဥ္သူမ်ားျဖစ္သည့္ ဦးလွျမင့္ႏွင့္ ေဒၚေဌးတို႔ကို အလုပ္ႏွင့္ ေထာင္ဒဏ္ ( ၃ )လ အသီးသီးခ်မွတ္ခဲ့ေၾကာင္း သိရသည္။

က်က္သေရအျဖာ ျဖာႏွင့္ျပည့္စုံေသာ ေဒဝတာနတ္မင္းအေပါင္းတို႔၏ ေရွ႕၌ယခုကဲ့သို႔ ပူေဇာ္ပသျခင္းသည္ အင္မတန္မွ စက္ဆုတ္႐ြံ ရွာဖြယ္ အတိျဖစ္ေၾကာင္းႏွင့္ နတ္မင္းအ ပင္းအား ပူေဇာ္ပသ႐ိုေသၾကသည့္(၇)ရက္သားသမီးမ်ားမွလဲ အထင္အျမင္လြဲမွားေစသည့္ စက္ဆုတ္ ႐ြံ ရွာဖြယ္အသြင္သ႑ာန္ကို ေဖာ္ေဆာင္ေနေၾကာင္း ျမန္မာႏိုင္ငံ ေဒဝါပညာရွင္မ်ား စည္းကမ္း ထိန္းသိမ္းေရးေကာ္မတီ (ဗဟို)က ထုတ္ျပန္ထားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.