ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးမည်ဆိုပါက နျူကလီးယားသဘောတူညီချက်ဖြစ်လာနိုင်ဟု အီရန်အစိုးရ ပြော

 46

Pika (NP News) - မေ ၁၇
ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးမည်ဆိုပါက ၎င်း၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် သဘောတူညီချက်များကို အီရန်က လက်ခံနိုင်ဖွယ်ရှိကြောင်း အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီ၏ အကြံပေးတစ်ဦးက ပြောကြားခဲ့သည်။ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးမည်ဆိုပါက နျူကလီးယားလက်နက် တီထွင်ဖန်တီးမှု မလုပ်ဆောင်ရန်၊ သန့်စင်ထားသော ယူရေနီယမ် သိုလှောင်မှုများကို စွန့်လွှတ်ရန် နှင့် နျူကလီးယားစက်ရုံများကို စစ်ဆေးခွင့်များအား အီရန်ဘက်က သဘောတူညီနိုင်ကြောင်း Ali Shamkhani က ထုတ်ဖော်ပြောဆိုခဲ့သည်။
Ali Shamkhani သည် NBC သတင်းဌာန နှင့် အင်တာဗျူးတစ်ခုအတွင်း ယခုကဲ့သို့ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ပိတ်ဆို့အရေးယူမှုများကို ချက်ချင်းဖြေလျှော့ပေးမည်ဆိုပါက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရနှင့်သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးရန် အီရန်ဘက်က ဆန္ဒရှိသလားဆိုသည့် မေးခွန်းများကို Ali Shamkhani က တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
Ali Shamkhani က “ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးခဲ့မယ်ဆိုရင် နျူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေကို အီရန်ဘက်က လက်ခံနိုင်ပါတယ်” ဟု ပြောခဲ့သည်။ အမေရိကန် နှင့် အီရန်ကြား လေးကြိမ်မြောက် နျူကလီးယားလက်နက်ဆိုင်ရာဆွေးနွေးပွဲကို ပြီးခဲ့သည့် မေလ(၁၁)ရက်တွင် လုပ်ဆောင်ခဲ့ပြီး နောက် Ali Shamkhani ၏ မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်နှင့် အီရန်ကြား လုပ်ဆောင်လျက်ရှိသော နျူကလီးယားဆိုင်ရာဆွေးနွေးပွဲများသည် ခက်ခဲသော်လည်း အသုံးဝင်နေဆဲဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် အီရန်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

Zawgyi Version:
ပိတ္ဆို႔အေရးယူမႈေတြ ေျဖေလွ်ာ့ေပးမည္ဆိုပါက န်ဴကလီးယားသေဘာတူညီခ်က္ျဖစ္လာႏိုင္ဟု အီရန္အစိုးရ ေျပာ
Pika (NP News) - ေမ ၁၇
ပိတ္ဆို႔အေရးယူမႈမ်ားကို ေျဖေလွ်ာ့ေပးမည္ဆိုပါက ၎၏ န်ဴကလီးယားအစီအစဥ္ႏွင့္ပတ္သက္သည့္ သေဘာတူညီခ်က္မ်ားကို အီရန္က လက္ခံႏိုင္ဖြယ္ရွိေၾကာင္း အီရန္ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီ၏ အႀကံေပးတစ္ဦးက ေျပာၾကားခဲ့သည္။ အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈမ်ားကို ေျဖေလွ်ာ့ေပးမည္ဆိုပါက န်ဴကလီးယားလက္နက္ တီထြင္ဖန္တီးမႈ မလုပ္ေဆာင္ရန္၊ သန႔္စင္ထားေသာ ယူေရနီယမ္ သိုေလွာင္မႈမ်ားကို စြန႔္လႊတ္ရန္ ႏွင့္ န်ဴကလီးယားစက္႐ုံမ်ားကို စစ္ေဆးခြင့္မ်ားအား အီရန္ဘက္က သေဘာတူညီႏိုင္ေၾကာင္း Ali Shamkhani က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
Ali Shamkhani သည္ NBC သတင္းဌာန ႏွင့္ အင္တာဗ်ဴးတစ္ခုအတြင္း ယခုကဲ့သို႔ထုတ္ျပန္ေျပာဆိုခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ ပိတ္ဆို႔အေရးယူမႈမ်ားကို ခ်က္ခ်င္းေျဖေလွ်ာ့ေပးမည္ဆိုပါက အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အစိုးရႏွင့္သေဘာတူညီခ်က္တစ္ခုကို လက္မွတ္ေရးထိုးရန္ အီရန္ဘက္က ဆႏၵရွိသလားဆိုသည့္ ေမးခြန္းမ်ားကို Ali Shamkhani က တုံ႔ျပန္ေျဖၾကားခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
Ali Shamkhani က “ပိတ္ဆို႔အေရးယူမႈေတြ ေျဖေလွ်ာ့ေပးခဲ့မယ္ဆိုရင္ န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္တဲ့ သေဘာတူညီခ်က္ေတြကို အီရန္ဘက္က လက္ခံႏိုင္ပါတယ္” ဟု ေျပာခဲ့သည္။ အေမရိကန္ ႏွင့္ အီရန္ၾကား ေလးႀကိမ္ေျမာက္ န်ဴကလီးယားလက္နက္ဆိုင္ရာေဆြးေႏြးပြဲကို ၿပီးခဲ့သည့္ ေမလ(၁၁)ရက္တြင္ လုပ္ေဆာင္ခဲ့ၿပီး ေနာက္ Ali Shamkhani ၏ မွတ္ခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔ျပင္ အေမရိကန္ႏွင့္ အီရန္ၾကား လုပ္ေဆာင္လ်က္ရွိေသာ န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲမ်ားသည္ ခက္ခဲေသာ္လည္း အသုံးဝင္ေနဆဲျဖစ္ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အီရန္အစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။

Related news

© 2021. All rights reserved.